[X] Choose Font Here

Tuesday, March 18, 2014

Happy 3rd Birthday Hay Mar


အချိန်တွေ အကုန်မြန်လိုက်တာ ။ သမီးလေး ဟေမာတောင် သုံးနှစ်ပြည့်သွားပြီ ။
သမီးလေး ဟေမာ အမြဲပျော်ရွှင်ကျန်းမာပါစေ ။
ကောင်းသောလိုအင်ဆန္ဒများ အားလုံးပြီးပြည့်စုံ ပါစေ လို့ ဖေဖေ နဲ့ မေမေ က ဆုတောင်းပေးပါတယ် ။


ဟေမာလေး မွေးခါစ







ဟေမာလေး တစ်နှစ်ပြည့်








ဟေမာလေး နှစ်နှစ်ပြည့်













သုံးနှစ်သမီးလေး ဟေမာ

ဟေမာလေး ရဲ့ တစ်နှစ် နဲ့ တစ်နှစ် တိုးတက်ပြောင်းလဲ လာတာတွေကို ဘေးကနေ ကြည်နူးခံစားရင်း သမီးလေး နဲ့ အတွက် ကိုယ်တိုင်အများကြီး ကြိုးစားရဦးမယ်လို့  ............။




သမီးလေး က ကလေးလေး ပုစိကွေးလေး မဟုတ်တော့ဘူး ။
ဖေဖေ နဲ့ မေမေ ကို သူ က ပြန်ပြီး ဂရုစိုက်တတ်လာပြီ ။

ဖေဖေ ညောင်းနေတယ်ဆိုရင် ခိုင်းစရာမလိုဘူး တက်နင်းပေးတယ် ။
ဖေဖေ ရုံးကပြန်လာရင် အိတ်ကို မနိုင်မနင်းသယ်ပေးချင်တယ် ။
(ပြီးရင်တော့ အိတ်ထဲကဟာတွေကို တစ်ခုချင်းထုတ်ပြီး ဖွတော့တာပေါ့)

ဖေဖေ့ မျက်နှာ ကို သေချာ သူ့လက်လေးနဲ့ ကိုင်ကြည့်ပြီး အဖု တွေ့ရင် ဖေဖေ နာနာလား လို့ စိတ်မကောင်းတဲ့ အသံလေးနဲ့ မေးတတ်သေးတယ် ။

မေမေ မျက်ရည်ကျတာတွေ့ရင် မေမေ ဖေဖေ က ဆူလို့လား ။ ဆူတာ မနာဘူးနော် ။မနာရင် ငိုရဘူးနော် ဆိုပြီး ချော့တတ်သေးတယ် ။

အိမ်ကို ဧည့်သည်လာလို့ ဘဲလ်တီးရင် သူပဲဖွင့်ပေးချင်တာ ၊ အပြင်သွားရင် ဓါတ်လှေခါးကို သူပဲ ခလုတ်နှိပ်ချင်တာ ၊ ဖေဖေ မေမေ အတွက် ဖိနပ်ကို သူထုတ်ပေးတာပဲ စီးစေချင်တာတို့ နဲ့ ရှုတ်ယှက်ခတ်နေပါပြီ ။


10 comments:

  1. ဟေမာ သိပ်ချစ်ဖို့ကောင်းတယ်.. ဒါကမေမေ ဒါကမာမီလို့ ပြောပုံလေး မျက်စိထဲကထွက်ဘူးတကယ်..

    ReplyDelete
  2. ချစ်ဖို့ ကောင်းတဲ့ဟေမာလေး ကျန်းမာပျော်ရွှင်လို့  ဉာဏ်ပညာသတိဝီရိယနဲ့ ပြည့်စုံတဲ့ မိဘအပေါ်သိတတ်လိမ်မာတဲ့သမီးကောင်းလေးဖြစ်ပါစေ မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာ မေမေဖေဖေတို့ နဲ့  တူတူ ပျော်ရွှင်ပါစေ

    ဒေါ်ဂျီးပိုး

    ReplyDelete
  3. သမီးမွေးတာအကျိုးရှိကြောင်းနောက်တော့ပိုပိုသိလာပါလိမ့်မယ်လေ ဟဲဟဲ

    ဟက်ပီးဘတ်ဒေးပါ သမီးလေးဟေမာ
    လိမ်မာယဉ်ကျေးပြီးမိဘကျေးဇူးကိုအထူးသိတတ်သော သမီးလိမ်မာလေးဖြစ်ပါစေ

    တီတီ

    တင်သိန်းအေး

    ReplyDelete
  4. ဟေမာ
    ပျော်ရွှင်ဖွယ်မွေးနေ့ပေါင်း မြောက်များစွာကို ပိုင်ဆိုင်နိုင်ပါစေ။
    ချစ်သော တီတီ

    ReplyDelete
  5. လိမ်မာတဲ့ သမီးလေး ပညာတတ်ကြီးဖြစ်ပါစေ... ကျန်းမာပျော်ရွှင်ပါစေ.. ဖေဖေမေမေရဲ့ အမြဲတမ်း သမီးလိမ်မာလေးဖြစ်ပါစေ။

    ReplyDelete
  6. အေးချမ်းတဲ့မိဘနှစ်ပါးက ပေါက်ဖွားလာတဲ့ ကလေးမို့ သမီးလိမ္မာဖြစ်မှာ အသေအချာ။
    ပျော်ရွှင်ဖွယ် မွေးနေ့မင်္ဂလာအပေါင်းနဲ့ပြည့်ဝပါစေ ဟေမာလေး ...

    မေတ္တာဖြင့်
    တီတင့်

    ReplyDelete
  7. သမီးလေးတောင် ၃ နှစ်ပြည့်သွားပြီနော်...၊ အချိန်တွေကုန်တာ မြန်လိုက်တာ...၊ အဖေ့ကို နင်းပေးနေတဲ့ ပုံလေး သဘောကျတယ်၊း)

    ယဉ်ကျေးလိမ္မာပြီး၊ လူ့ပတ်ဝန်းကျင်အတွက် ကောင်းကျိုးဆောင်တဲ့ သမီးကလေး ဖြစ်ပါစေဗျား...။

    ReplyDelete
  8. ကျန်းမားပျော်ရွှင်ပြီး သိတတ်လိမ္မာတဲ့ သမီးကလေး ဖြစ်ပါစေ..

    ReplyDelete