[X] Choose Font Here

Tuesday, March 26, 2013

ဓမ္မစရိယ မင်္ဂလာ

၂၀၁၃ မတ်လ ၂၆ ရက် ၊ ၁၃ရ၄ တပေါင်းလပြည့်နေ့  (ဥပုသ်နေ့)





ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော

မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့ 
 
(၁၃)   ဓမ္မစရိယ မင်္ဂလာ
ကိုယ်နဲ့ဆိုင်ရာ ကျင့်ဝတ်သာ ထိန်းပါနေ့တိုင်းသာ

          သာသနာ့စည်းကမ်း၊ လူ့စည်းကမ်း တန်ဖိုးကို နားလည်ပြီး ရဟန်းလည်း ရဟန်းကျင့်ဝတ်သိက္ခာနဲ့ လူလည်း လူ့ကျင့်ဝတ်သိက္ခာနဲ့ အညီနေထိုင်တာ ဓမ္မစရိယ မင်္ဂလာပါပဲ။

          ထိန်းသိမ်းရမယ့် လူ့ကျင့်ဝတ်သိက္ခာတွေ လူတိုင်းသိကြပါတယ်။ မထိန်းသိမ်းကြလို့သာ မိသားစုအတွင်း ရပ်ကွက်အတွင်း ငြိမ်းချမ်းမှူတွေ ပျောက်ကွယ်နေတာပါ။


          မိသားစုအတွင်း ရပ်ကွက်မြို့နယ်အတွင်း ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းမှူတွေရအောင် လူ့ကျင့်ဝတ်သိက္ခာတွေထိန်းသိမ်းစောင့်ရှောက်နေထိုင်ရမယ်။ လူ့ကျင့်ဝတ်သိက္ခာဆိုတာလည်း အဓိက က ငါးပါးသီလပဲ၊ သီလလုံခြုံဖို့ရာ သတ္တ၀ါတွေအပေါ်မှာ ချစ်ခင်တဲ့မေတ္တာ သနားကြင်နာတဲ့ ဂရုဏာ၊ ၀မ်းမြောက်တဲ့ မုဒိတာ ကျောသားရင်သားမခွဲခြားဘဲ အညီအမျှထားတဲ့ မေတ္တာသဘောဆောင်တဲ့ ဥပေက္ခာ မပါရင် သီလ မလုံခြုံနိုင်ဘူး။

          လူတိုင်း လူတိုင်း ငါးပါးသီလကို ပေါ့ပေါ့လေး တွက်ထားကြတယ်။ နေ့စဉ် အရည်ကျိုသောက် လွန်ကျူးနေကြမယ်ဆိုရင် ကျိုသောက်လို့အရသာ ချိုမြိန်သလောက် အထွက်ကျရင် (သေပြီဆိုရင်) မချိုတော့ဘဲ ခါးသီးတဲ့ အပါယ်အရသာ ခံစားရမယ်ဆိုတာ သတိထားသင့်တယ်။


         အပါယ်လေးဘုံမှာ သတ္တ၀ါတွေများနေရတာဟာ ဒီသီလမထိန်းကြလို့ဆိုတာ မှတ်ယူရမယ်။ သူတော်စင်တိုင်း ငါးပါးသီလကို အလေးဂရုထား ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ။

No comments:

Post a Comment