[X] Choose Font Here

Monday, February 25, 2013

ဒါန မင်္ဂလာ

၂၀၁၃ ဖေဖော်ဝါရီလ၂၅ ရက် ၊ ၁၃ရ၄ တပို့တွဲလပြည့်နေ့  (ဥပုသ်နေ့)




ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော

မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့ 
 
(၁၃)   ဒါန မင်္ဂလာ
အလှူဒါန ပြုလုပ်ကြ နေ့ညသူသူငါ
 
          (သူတကာ တိုက်တွန်းလို့ လှူတာမျိုး မဟုတ်ဘဲနဲ့၊ ထင်ပေါ်ကျော်ကြားလိုတဲ့ စိတ်မပါဘဲနဲ့၊ ဒါန ဆိုတာ ပြုသင့် ပြုထိုက် ပြုကောင်းတဲ့အလုပ်ပဲလို့ ဥာဏ်နဲ့သိမြင်ပြီး) စေတနာဖြူစင်စွာနဲ့ နိဗ္ဗာန်ရည်မှန်း လှူဒါန်းတာ ဒါနမင်္ဂလာပဲ။
         ဒါနဆိုတာ လူမှူရေးလဲတာဝန်ကျေတယ်။ သူတော်ကောင်းလက္ခဏာဆိုတဲ့ သဒ္ဓါတရားကိုလည်း ခိုင်မြဲစေတယ်။ ယခုနောင်ခါ တင့်တင့်တယ်တယ် နေနိုင်ဖို့ရာ ဒါနကောင်းမှူကို ပြုသင့် ပြုထိုက် ပြုကောင်းတဲ့အလုပ်ပဲလို့ ဥာဏ်နဲ့ယုံကြည်ရမယ်။ ဗုဒ္ဓဘာသာဝင်တိုင်း စေတနာထားလှူဒါန်းသင့်ပါတယ်။

          ဒါနကုသိုလ်မပါရင် မိမိရှာတဲ့ စီးပွားဥစ္စာလည်းမတိုးတက် မကြီးပွားနိုင်ဘူး၊ ၀ီရိယထားရင် ထားသလောက်သာ အကျိုးခံစားခွင့် ရမှာပါ။

          စည်းစိမ်ဥစ္စာအပေါ်မှာ တပ်မက်တွယ်တာနေတဲ့ တဏှာဟာ ဓါးသန်လျက်နဲ့တူတာမို့ တစ်နေ့ကျရင် အပါယ်ရောက်အောင် ကိုယ့်ပြန်သတ်နိုင်တယ်။
 
          ဒီတဏှာဟာ ဘ၀တို်င်း သူကချည်း ကိုယ့်ကိုအနိုင်ယူခဲ့တာမို့ ဒီတစ်ခါ ကိုယ့်အလှည့်ပဲလို့ အားတင်းထားရမယ်။ သဒ္ဓါအား စေတနာအား လုံ့လအားနဲ့ ဒီဘ၀မှာ ကိုယ်ကသူ့ကို အနိုင်ယူရမယ်၊ နောင်ဘ၀ သံသရာ ကောင်းစားလိုသူတိုင်း စည်းစိမ်ဥစ္စာအပေါ်မှာ  မတွယ်တာဘဲ သဒ္ဓါစေတနာဖြူစင်စွာ နဲ့ နိဗ္ဗာန်ရည်မှန်း လှူဒါန်းကြရမယ်။
 
          သူတကာ လှူတာကို အလှူခံပြီး ရယူတဲ့ပုဂ္ဂိုလ်မှာ လောဘဖြစ်နိုင်ပေမဲ့ ကိုယ့်လက်ထဲ ရှိတဲ့ ပစ္စည်း ကိုစွန့်လွှတ်လှူဒါန်းတဲ့ ပုဂ္ဂိုလ်မှာ လောဘဖြစ်ခွင့် ရှိမှာမဟုတ်ဘူး။ ရှိနေရင်လည်း အလှူဒါနမမြောက်နိုင်ဘူး။ အလောင်းတော်ကြီးတွေဟာ ဘ၀များစွာ ရယူတဲ့ဘက်မှာ မနေဘဲ ပေးလှူသူအဖြစ်နဲ့သာ သံသရာခရီးလျှောက်ခဲ့ကြတယ်။

         အမျိုးကောင်းသား အမျိုးကောင်းသမီးတိုင်းရယူလို့ ၀မ်းမြောက်တာထက် ပေးလှူလို့ ၀မ်းမြောက်ရတာကို နှစ်သက်မြတ်နိုးပြီး နေ့စဉ် လစဉ် လှူဒါန်းနိုင်ကြပါစေ။  



No comments:

Post a Comment