[X] Choose Font Here

Tuesday, October 30, 2012

ဝိနယသုသိက္ခိတ မင်္ဂလာ

၂၀၁၂ အောက်တိုဘာလ ၃၀ ရက် အင်္ဂါနေ့၊
၁၃ရ၄ သီတင်းကျွတ်လပြည့်  (ဥပုသ်နေ့)






ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော

မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့


(၈) ၀ိနယသုသိက္ခိတ မင်္ဂလာ
ဝတ်စားတန်ဆာ ယဉ်ကျေးစွာ မှန်စွာဝတ်ရမှာ

          အ၀တ်တန်ဆာ ယဉ်ယဉ်ကျေးကျေး ၀တ်ဆင်တာ ၀ိနယသုသိက္ခိတ မင်္ဂလာပဲ။

          ရိုးရိုးသားသား ၀တ်ဆင်ရင် ခေတ်မမီဘူးလို့ ပြောကြတယ်။ ယခုခေတ်ကို မမီပေမဲ့ ရှေးသူတော်ကောင်းတွေရဲ့ ခေတ်ကိုတော့ မီတာပါပဲ။ လူတစ်ယောက်ရဲ့ ၀တ်စားဆင်ယင်လာတာကိုကြည့်ပြီး မြင်ရတဲ့သူတွေမှာ ကိလေသာ တိုးပွားနေတာကို ခေတ်မီတယ်လို့ ပြောမှာလား ။

         ရိုးရိုးသားသား ၀တ်ဆင်ရင် လူကြီးလူကောင်းတွေက ချီးမွမ်းမယ် ၊  ချီးမွမ်းခံရတာကို  ခေတ်မမီဘူးပြောမှာလား။

          ဆန်းဆန်းပြားပြားဝတ်ဆင်ရင် ကဲ့ရဲ့ခံရပေမဲ့ ရိုးရိုးသားသား ၀တ်ဆင်ရင် ချီးမွမ်းခံရမှာ အသေအချာပဲ။

          ခေတ်အဆက်ဆက်ရှိပေမဲ့ ရှေးသူတော် ခေတ်သာ အမြတ်ဆုံးပါ ။ မြင်ရသူလဲ ကုသိုလ်ဖြစ် ၊ ကြားရသူလဲ ကုသိုလ်ဖြစ်တာ ရှေးသူတော်ခေတ်ပဲ။

          အ၀တ်တန်ဆာက စိတ်မရှိပေမဲ့ ၀တ်ဆင်လာသူရဲ့ စိတ်နေသဘောထားကို ဖော်ထုတ်ပေးစမြဲပါပဲ။ အ၀တ်တန်ဆာ ယဉ်ကျေးရင် ၀တ်ဆင်သူရဲ့ စိတ်ထားလဲ ယဉ်ကျေးမှာပဲ။ အ၀တ်တန်ဆာတင်မဟုတ်ဘူး ။ အပြောအဆို ချိုသာယဉ်ကျေး ရင် ဒီပုဂ္ဂိုလ်ရဲ့ စိတ်ထားယဉ်ကျေးမှာပဲ၊ သုစရိုက်မှူတွေ ပြုလုပ်ဆောင်ရွက်နေရင် ဒီပုဂ္ဂိုလ်ရဲ့ စိတ်နေစိတ်ထားလဲ ရိုင်းစိုင်းမှာ မဟုတ်ဘူး။

          အပြောအဆို အလုပ်အကိုင်တွေကလည်း ယဉ်ကျေးမှူကို ဖော်ထုတ်ပေးတာရှိတယ်။

          ဗုဒ္ဓဘာသာဝင်တိုင်း ချီးမွမ်းမခံရချင်နေ ၊ ကဲ့ရဲ့ မခံရအောင် အ၀တ်တန်ဆာ ယဉ်ကျေးစွာ ၀တ်ဆင်ပြီး မင်္ဂလာယူကြပါ ။

No comments:

Post a Comment