[X] Choose Font Here

Friday, June 1, 2012

တွေ့ဆုံကြုံကွဲ လောက ထဲ က မိတ်ဆွေ သူငယ်ချင်း များ

မိတ်ဆွေ ဟောင်း  မှ မိတ်ဆွေ ကောင်း သို့
မိတ်ဆွေ  သစ်     မှ မိတ်ဆွေ  စစ်      သို့ .........း)

ဒီအပတ်ထဲမှာ (2012 မေ နောက်ဆုံးအပတ်) ကျမ ရဲ့ သူငယ်ချင်း အင်ဒို မလေးတယောက် သူ့ပြည်သူ့ရွာ ကို အပြီး ပြန်သွားခဲ့ပါတယ်။

သူ ပြန်တော့မယ် လို့ ဆုံးဖြတ်ချက် ချ အပြီး သူ့အလုပ်မှာ ထွက်စာ တင်ပြီးတော့ ကျမအိမ် ကို လာခဲ့ပါတယ် ။ ပြီးတော့ သူ ဘာကြောင့် ဒီလို ဆုံးဖြတ်လိုက်တယ် ၊ ဘာ ဆက်လုပ်ဘို့ စိတ်ကူးရှိတယ် ဆိုတာ ကို ပြောပြခဲ့ပါတယ် ။ အဲဒီလို သေချာဆုံးဖြတ်ပြီးတဲ့ အကြောင်းကို ပြောပြခဲ့ပေမဲ့ သူ့ဆုံးဖြတ်ချက် မှန်မမှန် ရယ်လို့ တော့ ဇဝေဇ၀ါ ဖြစ်နေတာ နဲ့ အကြောင်းစုံ ကို ရေရေ ရာရာ သိမယ် လို့ သူထင်တဲ့ ကျမ ကို လာပြောပြခဲ့ဟန် တူပါတယ်။

သူပြောပြတဲ့ အကြောင်းတွေ ကို သေချာ နားထောင်ပြီး  ကျမ ရဲ့ ထင်မြင်ချက်တွေ ကို ပြောပြခဲ့ပေမဲ့ အထင် ဆိုတာ မှန်နိုင်ခဲလို့ ကျမ အမြင် ဟာ သူ့အတွက် တစုံတရာ ပိုနာကျင်မှာ ကို တော့ စိုးရိမ် မိပါတယ် ။

ကိုယ်တိုင်းပြည် မဟုတ်တဲ့ နေရာ မှာ ကိုယ့်လူမျိုး မဟုတ် တဲ့ သူတို့ နဲ့ ခင်မင် ခဲ့ရတဲ့ အကြောင်းတော့ အမှတ်တယ ရေးထားချင်ပါတယ်။


ကျမ စကာင်္ပူ မှာ ပထမ ဆုံး လုပ်ခဲ့ တဲ့ အလုပ်ဖြစ်ပြီး အဲဒီမှာ ၂ နှစ်ခွဲ ကြာခဲ့ပါတယ် ။
အဲဒီ အလုပ် မှာတုန်းက working environment မှာ ဘယ်လောက်တောင် ပျော်ခဲ့လဲဆိုရင် ကျမ ရဲ့ ပိတ်ရက် စနေ တနင်္ဂနွေ တွေ မှာတောင် မှ ရုံး သွားတက်တဲ့ အထိပါဘဲ ။

QS အလုပ်က ရုံးချိန် နဲ့ တင် အချိန်မလုံလောက်တာ မို့ ကျမ တို့ေ ဆွးနွေး ချင်တာ ရှိရင် ပိတ်ရက် တွေ  တယောက် နဲ့ တယောက် အေးအေးဆေးဆေး စကားပြော ဆွေးနွေး တိုင်ပင် ကြတာမျိုးပါ ။

ကျမ အလုပ်ဝင် ခါစ ကိုယ်တိုင် လဲ စကားပြောမကျွမ်းကျင် ပေမဲ့ ရုံးမှာ လူမျိုးတူ တယောက်မှ မရှိလို့ ဒီလိုဘဲ ကြိုးစားပြီး ကိုယ်ပြောချင် တာ ကို သူတို့ နားလည်အောင် သူတို့ပြောတာ ကို ကိုယ် တတ်နိုင်သမျှ နားလည်အောင် ကြိုးစားရပါတယ် ။

ကံကောင်းတာက ရုံး မှာ အင်ဒို ၊မလေး၊ ဖိလစ်ပင်း ၊ အိန္ဒိယ စသဖြင့် လူမျိုးစုံ မို့ ဘော့စ် က  ရုံးချိန်မှာ အချင်းချင်း အင်္ဂလိပ် လိုကလွဲရင် မပြောရဘူး သတ်မှတ်ထားပါတယ် ။ နားမလည် တဲ့ စကားတွေ အတွက် အချင်းချင်း သံသယ မ၀င် စေချင်လို့ပါတဲ့ ။ ကိုယ်လက်လှမ်းမှီ တဲ့ စကား ဘဲ ဆိုတော့ နားလည်ဘို့တော့ သိပ်မခက်ပါဘူး ။

ဒီအထဲ မှာ ကျမ နဲ့ ပိုရင်းနှီးကြ တာက မန်နေဂျာ (မလေးတရုတ်) ရယ် အင်ဒိုမလေး အမ္ဘာ ရယ္ပါ ။

အင္ဒို မေလး အမ္ဘာ နဲ့ ကျမ က အလုပ်ဝင် တာ ၅ ရက်ဘဲ ကွာတော့ ပိုပြီး ရင်းနှီးပါတယ် ။ ကျမ တို့ ရဲ့ အလေ့အထ တွေ စိတ်ထားတွေ က နီးစပ်တာ လဲပါမယ် ထင်ပါရဲ့ ။ သူ အလုပ်စ၀င်တော့ နေတာ Punggol မှာဆိုတော့ ရုံး နဲ့ ဝေးပါတယ် ။ ရုံးချိန် က များတဲ့ အထဲ အမြဲ ရုံးဆင်းတောင် OT လုပ်ကြရသူတွေ မို့ ကျမ က သူ့ ကို အိမ်ပြောင်းခိုင်းပါတယ် ။

 ခက်တာ က သူတို့ လူမျိုးတွေ က အူဘီ ဘက်မှာ ရှားပြီး မြန်မာတွေ လို အဆောင် ပြန်ငှားတာ မျိုးမရှိတာပါ ။ အဲတော့ ကျမ က သူ့ကို မြန်မာတွေ အိမ် မှာဘဲ နေဘို့ ပြောပါတယ် ။ ကျမ တို့အိမ်မှာတော့ အခန်းလွတ်မရှိတာကြောင့် သူ့ ကိုတခြား နီးစပ်ရာမှာဘဲ ရှာပေးရပါတယ် ။

ဒါပေမဲ့ မြန်မာတွေ ကလဲ အိမ်မှာ လူမျိုးခြား နဲ့ မနေချင်ကြလို့ သူအေးဆေးတာ စရိုက် က မြန်မာ လိုဘဲ ယောကျားလေးတွေ နဲ့ တရုန်းရုန်း မရှိပါဘူး လို့ အာမခံ ပြီးထားရတာပါ ။ နောက်တော့ လဲ အဆင်ပြေ သွားပါတယ် ။ သူလဲ DK မှာ လုပ်တဲ့ ၂ နှစ်လုံး အဲဒီ တအိမ်မှာဘဲ အဆင်ပြေစွာ နေသွားခဲ့ပါတယ် ။

ပြောရရင် သူနေတာက မိန်းကလေးတွေ ချည်း နေတဲ့ အဆောင် မို့ နောက်ပိုင်းမှာ ကျမ ထက် မြန်မာ အစားအစာ ဆို ဒေသ အလိုက် ဘယ်လို ဆိုတာ ပိုသိ ပါတယ် ။ ဖုန်းကတ် ဆိုလဲ ဘယ်ဖုန်းကတ် က မိနစ် ပိုရတာ ၊ စီးတီးဟော ပင်နဆူလာ မှာ ဆိုလဲ ၀င်းမြန်မာ ကို ပိုကြိုက်တာ တို့ ရဲရင့် က အသုပ်ကို သူမကြိုက်တာ တို့ ၊သူ့ အင်ဒိုက သူငယ်ချင်းတွေ လာလည်လို့ ပင်နဆူလာ မှာ ဘဲ လိုက်ကျွေးတယ် တို့ ပြောပါတော့တယ် ။

 ကျမ အိမ်ကလဲ ရုံးနဲ့နီးပြီး တခါတလေ ရုံးမှာ ပီးမလာတာတွေ ရုံးသွားဘို့လဲ ကျမ အမျိုးသားက မကြည်ဖြူ တဲ့ အခါတွေ မှာ သူတို့ ကျမ အိမ်ကို လာပြီး လုပ်ကြ ကျမချက်တာတွေ စားကြ နဲ့ ပျော်စရာ ပါ ။ ကျမ အမျိုးသားဆို သူတို့ နဲ့ တွေ့ရင် စကားပြောရင် ကျမ အမြဲ ပြုံးပျော် နေတယ် သူ နဲ့ဆို ပြောစရာ စကားသိပ်မရှိဘူးလား နဲ့ အမြဲမေးပါတယ် ။

DK မှာ စာချုပ် ၂ နှစ် ပြည့်သွားတော့ တခြားကို ပြောင်းဘို့ စဉ်းစားရပါတယ် ။ အဆင်မပြေတာ မရှိပေမဲ့ လခ နည်းတာရယ် ဘောနပ်စ် မရှိတာရယ် ကိုယ်ပိုင်အချိန် နည်းလွန်းတာကြောင့် ဒီထက် အဆင်ပြေရာ ကို ရှာရတာပါ ။  ကျမ တို့ သုံးယောက် က ပြောင်းတဲ့ အချိန်လဲ သိပ်မကွာပါဘူး ။ ဘော့စ် က ဆို စိတ်မကောင်းဖြစ်ပြီး ပြန်လာချင်တဲ့ အချိန် ပြန်လာကြ လို့ ပြောပါတယ်။

ကျမ က တနေရာ ကို ပြောင်းလာပြီး  မန်နေဂျာ (မလေးတရုတ်) ရယ် အမ်ဘာ ရယ် က တနေရာ ကို အတူ ပြောင်းသွားခဲ့ပါတယ်။

ဖိလစ်ပင်း မလေး မဒယ် နဲ့ မိသားစု ၊ မယ်သံ ၊ အမ်ဘာ ၊ မန်နေဂျာ မလေးတရုတ် နဲ့ စိနီယာ မလေး တရုတ် တို့ပါ ။

ပြောင်းသွားပြီး ပေမဲ့ ပိတ်ရက်တွေ  မှာ သူတို့ အိမ်လာရင် လာ မလာရင် အပြင်မှာ ဆုံပြီး သွားကြ စားကြ ရုပ်ရှင် ကြည့်ကြပါတယ် ။


မယ်သံ ကိုယ်ဝန် ကြီး နဲ့ ၊ မဒယ် လဲ သူ့သမီးလေး ကို အိမ်မှာ ထားခဲ့ပြီး လာတွေ့တယ် ။
သုံးယောက် သား ပြုံးပျော်နေတာ ။
 ခုနောက်ပိုင်းတော့ သူတို့ အိမ်လာရင်လာ မလာရင် မယ်သံက အပြင်မျာ ချိန်းရင် ပျက်ကွက်တာ များပါတယ် ။ နောက်အလုပ် က သက်သာတာကြောင့် အချိန်အားတွေ မှာလူမှူရေးအဖွဲ့အစည်း ကို ကူညီ တာတွေ ရော ကြောင့်ရောပေါ့ ။ သူတို့ ချိန်းတိုင်း မသွားဖြစ်သလို  အိမ်လာကြမယ် ဆို လဲ အိမ်မှာ မရှိတာ များပါတယ် ။ ပတ်တိုင်းလုပ်ဖြစ်တာကြောင့် DK မှာ ကျန်ခဲ့တဲ့ ဖိလစ်ပင်း မလေး မဒယ် နဲ့ အဆက်မပြတ်သလို အမ်ဘာ နဲ့ တော့ အနည်းဆုံး ၂ ပတ် တကြိမ် ဖုန်းပြော လို့ အဆက်တော့ မပြတ်ခဲ့ပါဘူး။

အမ်ဘာ က ဘုရားသခင် အပေါ်မှာ ယုံကြည်ချက် ပြင်းတဲ့ ည ခရစ်စ်ယန် မလေးပါ ။
သူ ငယ် ထဲက အဖေ ဆုံးသွားလို့ သူတို့ မောင်နှမ ၃ ယောက် ကို မုဆိုးမ အမေ ကြီးက  ပြုစု ပေးရတာ ။ စာတော် တဲ့ သူ အထက်တန်းပြီးချိန် မှာ ကျောင်းဆက် တက်ချင်ပြီး အခွင့်အရေး မရှိတာကြောင့် နေ့တိုင်းလိုလို ဘုရားကျောင်းကို သွားပြီး ဆုတောင်းခဲ့ပြီး မထင်မှတ်ဘဲ ကျောင်းဆက်တက်ဘို့ အခွင့်အရေး ရခဲ့တယ် လို့ ပြောပါတယ် ။ ဥပုသ် သီတင်း စောင့်ရမယ် ဆို မပျက်မကွက် ၊ တနင်္ဂနွေ ဘုရားကျောင်း သွားရမယ် ဆိုရင် လဲ ဘယ်လောက်အိမ်ရေးပျက်ပျက် မပျက်ကွက်အောင် သွားတာပါ ။

မယ်သံ နဲ့ ဘယ်လောက် ခင်ပါစေ ၊ ရုံးနောက်ကျ လို့  Time Card  ခိုးရိုက်တာလဲ မလုပ်ပေးပါဘူးး ။ သူ့ ရဲ့ ပြင်းထန် တဲ့ ဘာသာရေး  ယုံကြည်မှူ  ရိုးသား တဲ့ စိတ် ကို ချစ်ခင်ရပါတယ် ။

သူ့ဘ၀ လေး ကလဲ ရုန်းကန် ရတာတွေ ပြည့်နေပါတယ် ။ ဘ၀ မှာ ငယ်စဉ်ထဲက အိမ်ပိုင်မရှိတော့ အိမ်ငှားဘ၀ ခနခန ပြောင်းရလို့ အိမ်လေး တလုံးတော့ လိုချင်ပါတယ် တဲ့ ။
သူ ရဲ့ စုငွေ အိမ်ဝယ်ဘို့ အင်စတောမန် အတွက် ငွေပြည့်တော့ ၀ယ်လိုက်ပြီး သိပ်ပျော် နေရှာတာပါ ။ သူဝမ်းသာ ပြီး လိုက်ကျွေးတဲ့ ညစာ စားပြီး BUS 51 အပေါ်မှာ ဘယ်သူမှ မရှိဘဲ ၂ယောက်ထဲ စကားပြောပြီးပြန်လာရတဲ့ ည ကို သတိရမိပါတယ် ။

ဘ၀ တွေ ဟာ မှန်းထားသလို မဖြစ်ခဲ့ပါဘူး ။ သူဝယ်လိုက်တဲ့ သူ့ဇာတိ မှာ သူ့ အကိုရယ် အမေ ရယ် နှစ်ယောက်ရှိတာမှာ သူ့အကို က ချတ်ခ်ျကျောင်းတက် သီချင်းဆိုနေရင်း ရုတ်တရက် လဲကျ ပြီး ဆုံးသွားပါတယ် ။ သူ့အမေ ကလဲ အဲဒီမှာ တယောက်ထဲ ဘယ်လိုမှ မနေချင်တော့တာကြောင့် အဲဒီ အိမ်လေး ကို ရသလို ရောင်းပြီး သူ့အမေ ကိုခေါ် စင်္ကာ ပူ ကိုပြန်ပြောင်းလာခဲ့ပါတယ် ။ဟိုကနေ  သူတို့ သားအမိ ၂ယောက်နေဘို့ အခန်း ရှာ ပေးပါ ဆိုတော့ မယ်သံက နေ့စေ့ခါနီး ကိုယ်ဝန်ကြီးနဲ့ပါ ။ အဆင်ပြေမဲ့ အိမ်ခန်း ကို ရုံးအပြန် ညဘက်တွေ မှာ သွားကြည့် ရတာကြောင့် အမျိုးသားမှာ စိတ်ပူ ရ ပါတယ်။

သူပြောခဲ့တဲ့ အမှတ်ရ စရာ စကားလေး က သေတဲ့ သူက ပြီးသွားတာ ကျန်ခဲ့တဲ့သူက မဆုံးနိုင်တဲ့ ပူပင်သောကတွေ နဲ့ တဲ့ ။
နောက် မယ်သံ ကို သားလေးဆုံးတုန်းက မျက်ရည် ကျ မရဘူးဆိုတာ သူနားလည် ပြီ တဲ့ ..သူ့အကို ဆုံးတာ သူရော သူ့အမေ ရော မျက်ရည် ကျ မရ လို့ပါတဲ့ေ လ။

သူ ပိုက်ဆံ ရှာဘို့ လိုတယ် ရှာရဦး မယ် ဆို ပြီး ခုတော့ အနာဂတ် အတွက် သေချာ မပြင်ဆင်ရသေးဘဲ စိတ်ခံစားမှူ ကို ဦးစားပေး နောက်အလုပ်တခု မရှာဘဲ လက်ရှိ အလုပ် က ထွက်ပြီး ပြန်သွားပြီ ။
အချစ် ဆိုတဲ့ ခံစားမှူကြောင့် ကိုယ့်ရဲ့ အနာဂတ် ကို မရေ ရာ မှူက နေ ပြန်စ မယ် ဆိုတော့ ဂရုဏာ ဒေါသ လဲ ဖြစ်ရပါတယ် ။ ( ကိုယ့်တုန်းကတော့ စိတ်ပျော့တယ် ဆိုပေမဲ့ အလုပ်ပျက်ရအောင် တော့ မဟုတ်ခဲ့ဘူး)

နောက်ဆုံးသွားနှူတ်ဆက် စားကြပြီး အပြန်မှာ Mall ထဲမှာ ဈေးဝယ်တော့ ဟိုမှာ အစားအစာ တခုခု ရောင်းမယ် ဆိုပြီး ထည့်စရာ ပလတ်စတစ် ဘူးကြီးတွေ ၀ယ်တော့ စိတ်မကောင်းဖြစ်ပြီး မျက်ရည် ကျ ရပါသေးတယ် ။ နင်ကတော့ ကိုယ်ပိုင် စီးပွားရေး စလုပ်ဖြစ်သွားပြီ ။ အဆင်ပြေရင် ငါ့ ကို ရှယ်ယာ ခေါ်ပါ ။ အဆင်မပြေလဲ ပြန်လာခဲ့ပါ ..ဘာဖြစ်ဇြစ် အဆက်အသွယ် မပြတ်စေနဲ့ လို့ မှာရပါတယ် ။ ဖေ့စ်ဘွတ် ကျေးဇူး နဲ့ အဆက်ပြတ်မသွားဘူးလို့ တော့ ထင်ပါတယ်လေ။

2 comments:

  1. ဒီလိုပါဘဲ မယ်သန်ရေ...
    ဘ၀တွေက တွေ့ဆုံကြုံကွဲ ဘယ်အရာမှမမြဲ
    ကိုယ်သံယောဇဉ်ရှိသူဆိုတော့ စိတ်မကောင်းဖြစ်စရာ...
    အို..ဖေ့စ်ဘုတ်ကြီး ရှိနေတာပဲနော်..။

    ReplyDelete
  2. i read as 2nd time as you advertise on FB :D

    ReplyDelete