ဆေးရုံကဆင်းပြီးတော့ ဖေဖေ လဲ ပြန်သွားပြီ ။ မေမေ လဲ နို့တွေ ထွက်နေပါပြီ ။ ၃ ရက်အထိ နို့ မထွက်တော့ သမီးအဖေ မေမေ့ကို စိတ်ဆိုးပြီး မိခင်စိတ် မရှိလို့ မထွက်တာ ဘာ ညာ နဲ့ ပြောနေတယ် ။ မေမေ လဲ ဘွားလေး နီ လာပို့တဲ့ ဆန်ပြုတ်ကို မျက်စိမှိတ် သောက်လိုက်တယ် ။ တကယ်ဆို မေမေ က ထမင်း ပျော့ရင်တောင် မကြိုက်တဲ့သူပါ ။ သမီးလေးအတွက်ဆိုတော့လဲ သောက်ရတာပေါ့ ။ အိုဂျီ ကလဲ သမီးအတွက် အဟာရစုံအောင် အစုံစားခိုင်းတယ် ။ သမီးကလဲ ၀မ်းတဗျစ်ဗျစ် နဲ့ကွယ် ။ ဘွားဘွား က စိတ်တွေပူပြီး မေမေ့ ကိုလဲ အစားမဆင်ခြင်လို့ ရန်တွေလုပ် ကလေး ဆရာဝန်ဆီလဲ သွားတယ် ။ ၃ ခါလောက် သွားပြီးရော ဆရာဝန် လဲ စိတ်ပူ သက်သာအောင်လို့ ၀မ်းစစ်ခိုင်းတယ် ။ ဘာပိုးမှ မရှိပါဘူး ။ မအေ နို့ စို့တဲ့ ကလေးတွေ ၀မ်းပျော့သတဲ့ လေ ။ ဘွားဘွား စိတ်ပူမယ်ဆိုလဲ ပူစရာ အနှီး ၃၇ ထည်တောင် မလောက်ဘူးလေ ။ နွေ ရာသီပေမဲ့ မိုးတွေ ကလဲ ရွာတယ် သမီးရေ ။ သမီးလေး ၁၂ ရက်သားမှာ ပတ်စပို့ လုပ်တာ ဓါတ်ပုံရိုက်ဘို့ သွားရတယ် ။ မျက်လုံးမပွင့်လို့ဆိုပြီး နောက်တခေါက်ထပ်သွား ရတော့ သမီးလေးကို လူတွေ အများကြီး ကြားထဲ ခေါ်ရလို့ စိတ်ပူရသေးတယ် ။ သမီး ၂ လနဲ့ ၁၁ ရက်မှာ မေမေ တို့ မိသားစု စလုံးကို ပြန်လာကြတယ် မေမေ့ ခွင့်ကကုန်တော့မယ်လေ ။ သမီးလေး နေ့လည်ဆို ဘူးဘဲစို့ ရတော့မယ် ။ မအေ နို့ စို့နေကျရင် ဘူးမစို့တတ်ဘူးဆိုပေမဲ့ သမီးကတော့ အဆင်ပြေပါတယ် ။ |
သမီးလေး ၃ လပြည့် ဖားအောက်ဆရာတော်ကြီးကို အာရုဏ် ကြာဇံဟင်းခါးကပ်ပါတယ် ။ သမီးထက် ၂၁ ရက်ကြီးတဲ့ အိမ် နီးနားချင်းကိုလဲ ဖိတ်တာပေါ့ ။သူက ကြီးပေမဲ့ သမီးထက် ညှက်တယ် ။ သမီး အဲလို လက်မ ကို စုပ်နေတာ ကို လဲ ဖေဖေ က သဘောမကျဘူး ။ သူငယ်နာဆေးကျွေးရမတဲ့လေ ။ မေမေ က လက်အိတ် ခြေအိတ် ကို မကြိုက်တော့ သမီးကို လဲ စွပ်မပေးမိဘူး ။ ကြီးလာ လို့ ပြန်ကြည့်ရင် မေမေ က ဂရုမစိုက်လိုက်တာ လို့ မပြောနဲ့နော် ။ |
ဘိုးဘိုး ဘွားဘွား ကို ပျင်းမှာစိုးလို့ စန်တိုဆာ လိုက်ပို့တော့ သမီးကို လဲ ခေါ်ခဲ့ရတာပေါ့ ။ အိမ်မှာ လူအများကြီးမမြင်ရတော့ သမီးက ဟို ဒီ ကြည့်နေတယ် ။ Song of the Sea ကြည့်ပြီး မီးပန်းတွေ လွှတ်တော့ သမီး လန့်မှာစိုးလို့ မေမေ ကတော့ ရင်ဘတ် ကို အတင်းဖိထားတာဘဲ ။ အိမ်မှာဆို ၉ နာရီ အိမ်ပေမဲ့ ည ၁၁ နာရီထိ သမီးမအိပ်ဘူး ။အပြန် ကားပေါ်ကျမှ အိပ်တော့တယ် ။ ည ဆို သမီးကို ဖေဖေ နဲ့ ဖေဖေ ကြားမှာ သိပ်တယ် ။ ည ၉ နာရီ ကနေ မနက် ၆ နာရီထိ အိပ်တယ် ။ နို့ ၂ ခါ ထပြီးတိုက်ရတာ ကလွဲ လို့ ညဘက် ငိုတာ မရှိ လို့ မေမေ လဲ အိပ်ရေး မပျက်ပါဘူး ။ လိမ်မာ လိုက်တာကွယ် ။ |
ဗိုက်ထဲမှာ သမီးလေး ဆိုတာ သိတာနဲ့ မေမေ အရုပ်တွေ ၀ယ်စု ထားခဲ့ တယ် ။ သမီးကလဲ အရုပ်တွေ ကြိုက်ပါတယ် ။ မီနီ လေး ကို ကိုင်လိုက် ၀ူးဝဲ လုပ်လိုက်နဲ့ပေါ့ ။ |
မေမေ ၀ယ်ပေးထားတဲ့ ၀တ်စုံလေးပါ ။ သမီးလေး ကို လက်ဆောင်ပေးကြတာ များတော့ မေမေ က သိပ်မ၀ယ်ပေးဖြစ်ဘူး ။ မေမေ က အစား စား တာရယ် အရုပ်ဝယ်တာရယ် မနှမြောသလောက် အ၀တ်အစားဝယ်ရမှာတော့ နှမြောတယ် ။ သမီးလေး လိုချင်ရင် ဖေဖေ့ကို ပူဆာနော် ။ |
သမီးလေး ၅ လ ပုံပေါ့ ။ သမီးက ငယ်သေးတော့ ခွေးရုပ်ကြီးနဲ့ မကစားနိုင်သေးဘူးလေ ။ အဲဒါနဲ့ မေမေလဲ ဘွားဘွား သူငယ်ချင်းရဲ့သား ကို လက်ဆောင်ပေးလိုက်တယ် ။ |
Astana open house ကို သွားကြတာပါ ။ လူကြီးတွေ မောပြီး မလှူပ်ချင်တော့ပေမဲ့ သမီးကတော့ များလှတဲ့ လူတွေ ကို ကြည့်နေတုန်း ။ အိမ်မှာ ဒီလို လူတွေ များကြီးမှ မတွေ့ရဘဲလေ ။ သမီး တို့ ကတော့ အပြင်သွားမယ်ဆို အင်္ကျီ အရင် လဲမပေးရဲဘူး ။ သစ်သစ်လေးမှား လဲထားရင် အပြင် သွားရမလား သိပြီး မသွားရမချင်း အော်နေတော့တာဘဲ ။ ဖေဖေ နဲ ဘွားဘွား ကတော့ ဒီလို အော်တာလဲ သူငယ်နာ လို့ ထင်ကြသတဲ့လေ ။ သမီးလေး လက်မ ကို စုပ်လွန်းတော့ ဘွားဘွား က တိုပိုင်းရိုးကျောင်း က ဆေးခါးကြီးရွက်ခူးလာပြီး လက်ကို သုတ်ထားတယ် ။ သူ့လက် ကို စုပ်ရတာ ခါးတော့ အော် လိုက်တာ ကမ္ဘာတောင် ပျက်တော့မလို့ ..ဟင်းးးး။ |
18.10.2011 မှာမေမေ့ ငယ်တုန်းက သူငယ်ချင်းလာတော့ သူ့ဖုန်းလေးနဲ့ ရိုက်သွားတာပါ ။ သမီးကလဲ သူ့ ပုခုံးလေးကို မှီလိုက် မျက်နှာ ကြည့်ပြီး ၀ူးဝူးဝဲ၀ဲ ပြောလိုက်ဆိုတော့ သူလဲ သမီးနဲ့ ဆော့တာ နောက်နေ့ ကိုယ်လက်နာ လို့ MC ယူရသတဲ့ကွယ်။ အန်တီ အပျို ကြီး တယ် ခက်ပါ့ ။ |
(၁၈.၁၁.၂၀၁၁) က ပုံပါဘဲ ။ လူလည်မလေး ၀မ်းလျားမထိုးဘဲ တန်းပြီးထိုင်ချင်တယ် ။ ခုတော့ သမီးလေး ရန်ကုန်မှာ ။ ထမင်းကို ကြိတ်ကျွေးရင် မကြိုက်တော့ဘူးတဲ့ ။ ဆန်ပြုတ် ၊ ထမင်းပျော့ပျော့ ကို ပဲပြုတ်နဲ့ ဆို တအားစားတာဘဲတဲ့ ။ မေမေ တော့ လွမ်းလှပြီ သမီးရေ ။
အိုး..ချစ်စရာလေးပါလားအစ်မရေ
ReplyDeleteရှစ်လပဲရှိသေးတယ်နော်.
လူကောင်ထွားတယ်ဆိုရမယ်
ပဲတောင်..ပေးတတ်နေပီနော်း))
လေးစားလျှက်
သမီးလေးကို ဒီမှာပဲ မှတ်နေတာ... ။
ReplyDeleteကလေးလေးတွေက အရွယ်တူရင် တိုးတက်မှုလည်းတူတယ်ထင်ပ... ဒီသမီးလေး လက်၂ ဘက်ထောက်ပြီး ဒိုက်ထိုးသလိုလုပ်တုံးက အိမ်ကသမီးလေးလာ်း လုပ်တယ်.. ခု သူက လေးဘက်ထောက်သွားနေပြီ... Nestle က ဆန်မှုန့်ပဲ စားနေသေးတယ်.. သဘောင်္သီးမှည့်စားတယ်... အသီးဇူးလေးတွေမစားဘူး.. မြန်မာပြည်လို ပဲပြုတ်လတ်လတ်ဆတ်ဆတ်ရရင် သမီးကိုကျွေးချင်လိုက်တာ...
သမီးလေးဟေမာ ၈ လပြည့်မွေးနေ့ကစ.. ရေလိုအေးလို့ ပန်းလိုမွှေးပါစေ
စင်စင်
သမီးလေး ကျန်းမာပျော်ရွှင်ပါစေရှင်
ReplyDeleteအန်တီ ဟန်စုမာ
Happy birthday thameelay!!so cute.
ReplyDeleteချစ်စရာလေးဗျာ
ReplyDeleteချစ်စရာသမီးလေး..
ReplyDeleteပါးဖောင်းဖောင်းလေးညှစ်ဆွဲပစ်လိုက်ချင်မိတယ်။
သမီးလေးမွေးနေ့မှသည် ကျန်းမာချမ်းသာစွာမိသားစုနဲ့ ရာသက်တိုင် ပျော်ရွှင်စွာနေနိုင်ပါစေ..။
မမရေ သမီးလေးက ချစ်စရာလေးနော် ၀၀ကစ်ကစ်ကလေးရော ...
ReplyDeleteသြော် ..မမသမီးလေးမြင်ခါမှ ပိုတောင်သတိရသွားမိပါရဲ့ .
အင်း ကံပါလာရင်တော့ ပြန်ရမယ်ထင်တာပါပဲ
ကုစုကျွန်းကတောင်ပေါ်မှာသွားဆုတောင်းခဲ့တယ် မမရေ သားလေးလိုချင်လို့ပါး)
ကိုယ်ဝန်ရှိတုန်းက အစစအရာရာမှာကြားပေးခဲ့တဲကအတွက်ကျေးဇူးပါနော်
ခုတောင်ခေါင်းထဲမကြာခနမူးမူးပြီး ချမ်းတုန်တက်တက်နေတယ်မမရေ
ခင်တဲ့
မဒိုးကန်
မိစံလေး ..အမြဲလာအားပေးတာ ကျေးကျေး။
ReplyDeleteစင်စင် ရေ သမီးကတော့ အရမ်းအစားပုပ်တယ် ။
ဟန်စုမာရေ ဆုတောင်းပေးတာကျေးဇူးပါနော်။
ဂျွန်ဝမ်းရေ တကယ်ချစ်စရာလေးလား ..ဂျွန်ဝမ်းကလေးတွေလဲ အရမ်းချစ်ဘို့ကောင်းတယ်။
လွင်ပြင်လှိုင်းငယ် ကျေးဇူးပါနော်။
အမ မြသွေးနီ လာလည်တာ ကျေးဇူးပါ အမ။
မဒမ်ရေ လာလည်တာကျေးဇူးညီမ ဒါပေမဲ့ သွေးနုနုမှာ ကွန်ပျူတာ မကြည့်ရဘူးကွဲ့။