မွေးတုန်းက 3.5 kg ရှိတဲ့သမီးလေး ဒီနေ့  9 kg ရှိနေပြီ ။ တကယ်ဆို 6.1 kg ဘဲ ရှိရမှာလေ။ over weight ပေါ့ ။
အရပ်က ရှည်လို့ တော်သေး ။ အရပ်တော့  တိတိကျကျ တိုင်းမကြည့်သေးဘူး ။သူ့ အဘွားကတိုင်းတာမကြိုက်ဘူးလေ ။
ခုဆို သေချာမှောက်တတ်နေပြီ ။ လက်ဆွဲထုတ်ပေးစရာမလိုတော့ဘူး ။
မွေ့ ယာကြိုက်ပြီး ဖျာပေါ်မှာ မအိပ်ချင်ဘူး ။ မွေ့ ယာမကြိုက် ၊ ထိုင်တာတောင်မှ အိလို့  ပြန်ထဘို့၇ာခက်တယ်ဆိုတဲ့ အဘွားနဲ့ တော့  ဟုတ်နေပြီ ။ :P
ဝမ်းစိမ်းစိမ်းတွေ သွားလို့  အရမ်းစိုးရိမ်နေတဲ့ အိမ်သားတွေအတွက် ဆရာဝန်ရဲ့မှတ်ချက်ကတော့ အစာချေ အင်ဇိုင်းတွေ ထွက်လို့ ပါတဲ့ ။ အစာ ပျော့ပျော့ လေး စကျွေးလို့ ရပြီတဲ့ ။ ၆ လ ထိစောင့် စရာမလို တော့ဘူးတဲ့လေ ။
ခုတောင် သူ့ သမီး ၀နေလို့  မလှမှာစိုးတဲ့ သူ့ အဖေကတော့ ၆ လမှကျွေးချင်တယ်လို့  ဈေးဆစ်နေလေရဲ့ ။
အယင်ညဘက် ၂ကြိမ် မအေနို့ နဲ့ အိုကေနေတဲ့ သမီးဟာ မ၀တော့လို့  အော်တယ်။ မအေနို့ ကလဲ သိပ်မလိုက်တာပါမယ်ထင်ရဲ့ ။
နို့ ဘူးလို လွယ်လွယ်နဲ့ မျိုချ ဗိုက်ဝတဲ့သမီးလေးဟာ အမေနို့ ကို မစို့ ချင်တာ့ဘူး ။ခုမှ လေးလရှိသေး ။ အနည်းဆုံးတနှစ်အထိတော့ တိုက်ချင်သေးတယ် ။နို့ ဘူးအသစ်က နို့သီးခေါင်းတောင် အထွက်နဲလို့ အော်တယ် ။
အယင် ကလေးရှိတဲ့အိမ်ရယ်လို့ အသံ မကြားရတဲ့အိမ်မှာ အသံလေးတွေ စပြီးဝေစည်လာတယ် ။
သောကြာသမီးလေး စကားကလဲ များမှများ ။ ဖအေမျက်နှာများကြည့် ပြီးရင်ဘာတွေ ပြောမှန်းမသိ ပြောနေတာများ ၊ ဖအေကလဲ သမီးအကြောင်းပြ ကလေးနားနေပြီး မေမေ့ ကိုဘာမှ မကူတော့ဘူး ။
( ဟင်းးးးးးးးးနော် ဒီသားအဖတော့ ။ ရိုက်ခံရတော့မယ် ။ <3<3<3 )
သမီးလေး ကိုကို ကမျက်နှာချိုသလောက် သမီးလေးက မျက်နှာတင်းတယ် ။ ဖားအောက် ဆရာတော်ကြီးကတောင် ဒေါသကြီးမဲ့ ပုံကြီးပါလားဟ တဲ့ ။
သူ့ အဖေကတော့ မိန်းကလေးမျက်နှာတင်းတာကောင်းတာပေါ့တဲ့ ။ မြှူလို့ ရီရင်တောင်လှစ်ခနဲဘဲ ။
ဒီပုံကတော့ သူ့အဖေ မြှူနေတုန်း ရိုက်ထားတဲ့ပုံလေးပေါ့ ။
မှတ်မှတ်ရရ 16.07.2011 ညနဲ့ ဒီနေ့မနက် 17.07.2011 မှာ သမီးလေးက မအေနို့ ကိုတိုက်တဲ့ အခါ မျက်လုံးပြူး မျက်ဆံပြူးနဲ့ ကလန်ကျောက်ပြီးငိုပါတယ် ။ စိတ်ညစ် ၀မ်းနဲပြီး နို့ ကလဲ တင်းတာ ညှစ်ပစ်ရတော့ နာတယ် ။
ဘာများဖြစ်လို့ ပါလိမ့်ဆိုပြီးနို့ ကို ပရိတ်ရွတ် ရေနဲ့သပ်ချ ၊ပြီးမှ နို့ က ချဉ်နေတာ ။း(
ညှစ်လိုက် ရေဆေးလိုက် ရေနွေးဖတ်တိုက်လိုက်နဲ့  ဒီနေ့ညတိုက်တော့စို့ ပြီး ခုနမှ အိပ်သွားလေရဲ့ ။
သမီးလေး တသက်လုံး ပူပင်ကြောင့် ကြမရှိ ဒီလိုဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်နိုင်ပါစေ ကွယ် ။
Mee Mee, So cute!!! Wanna Kiss her.. :)
ReplyDeleteကလေးက အချည် မကြိုက်ပဲကိုး။
ReplyDeleteဟီးဟီး
ပြောင်တာနော်
မြူးရေ နမ်းသာနမ်း။ မိုးသံစဉ် လေးနဲ့ ဖုန်းပြောတဲ့အကြောင်းရေးပါဦး ။
ReplyDeleteမယ်စော ၊ ဟုတ်ပ ။ အရသာခံတာထက် ဗိုက်ပြည့်အောင် စားမဲ့သဘောရှိတယ် ။း)
ချစ်စရာလေး...း)
ReplyDeleteကလေးတွေ ချစ်တတ်လို့ ကလေးအကြောင်းရေးတဲ့ ဆိုဒ်တော်တော်များများ ရောက်ဖြစ်တယ်။ အမြဲလာဖတ်ဖြစ်ပါတယ်း)
မေဇင်ရေ ကျေးဇူးနော်။
ReplyDeleteနောင့် လား မေဇင်လား ...
သမီးလေးက ချစ်စရာလေး။ ဂျူဂျူးမွေးတုံးကလဲ 3.5kg ပဲ။ ဂျူဂျူးငယ်ငယ်ကလဲ သူ့အဖေမျက်နှာကို တစိမ့်စိမ့်ကြည့်ပြီး ဘာတွေပြောမှန်းမသိဘူး။ အဖေလုပ်သူတွေကတော့ ကျေနပ်လို့ပေါ့။
ReplyDeleteဟုတ်တယ်နော် မမ ။ သမီးကလေ သူ့အဖေမှသူ့အဖေဘဲ ။
ReplyDelete