ဘယ်အရာမှာမဆို သူ့စည်း ကိုယ့်စည်း ရှိပါတယ် ။ တခုခု ကိုပြောမယ်ဆိုရင်  ကိုယ့်စည်း ကိုယ့်တာ ဆိုတာလည်း ဘယ်လောက်လုံသလဲ လို့ ပြန်ကြည့်ရပါဦးမယ် ။ 
 ကျမ စင်္ကာပူမှာနေတာ ဆယ်နှစ် ပြည့်တော့မယ် ။ မြန်မာ ကို အကြိမ်ကြိမ်  ပြန်ခဲ့ပါတယ် ။
အ၀င် သို့ အထွက် ကို တခါမှ ဘယ်သူ့ကိုမှ ဘာမှ မပေးဖူးပါဘူး ။ အခု အစိုးရ လက်ထက်မှာသာမက အရင် အစိုးရ လက်ထက်မှာလဲ မပေးဖူးပါဘူး ။
ဒီလို မပေးရဖို့အတွက်လဲ လိုက်နာရမယ့် စည်းကမ်းများကို နားလည်အောင် အရင် လုပ်ရပါသေးတယ် ။ မသိတာ နားမလည်တာကို မေးရ မြန်းရ ၊ လေဆိပ်ကို အချိန်နည်းနည်းပေးသွားပြီး ဖတ်ရမှတ်ရတာလည်း ရှိပါတယ် ။
ဘာကို လိုက်နာရမယ်မှန်းမသိပါဘဲနဲ့ ဘယ်လို လိုက်နာရ ပါမလဲ ။ ကိုယ်က ဒီစည်းကမ်း ကို လိုက်နာမှတော့ ဘာအတွက် ပေးစရာလိုပါသေးလဲ ။ တောင်းတာက သူတို့အလုပ်ဆို ပေးတာက ကိုယ့်အလုပ်ပါ ။ တကယ်တော့ လာဘ် ဆိုတာ ယူတဲ့သူတင်မဟုတ် ပေးတဲ့ သူမှာပါ အပြစ်ရှိပါတယ် ။

 ၁) စင်္ကာပူ၊ မလေးရှား ၊ ထိုင်း၊ အင်ဒိုနီးရှား ၊ ဟောင်ကောင် တို့ကို  ရောက်ဖူးပါတယ် ။ လာဘ်စားတာ မစားတာက နောက်မှပါ ၊ ဘယ် အင်မီဂရေးရှင်း မှာမှ  ဓါတ်ပုံရိုက်ခွင့်မရှိပါ ။
 မယုံရင် ဓါတ်ပုံရိုက်ကြည့်လိုက်ပါ ။ ဓါတ်ပုံ ရိုက်ခြင်းရဲ့ နောက်ဆက်တွဲ ဘာတွေ ကြုံတွေ့ရမယ်ဆိုတာ သိပါလိမ့်မယ် ။
 ဒီလို immigration officer ကို ရိုက်ဖို့ ဝေးလို့ အဲဒီ ၀န်းအတွင်းတောင် ရိုက်ခွင့်မရှိပါဘူး ။
  ဒီလို ငွေနှစ်သောင်းနဲ့တော့ ဒီအော်ဖစ်ဆာတွေက သူတို့ အလုပ်ကိုထိခိုက်အောင်  ဓါတ်ပုံရိုက်ခွင့်ပြုမှာမဟုတ်ပါဘူး ။ ခိုးရိုက်တာဆိုလဲ ဒါဟာ အပြစ်တစ်ခုကို  ကျူးလွန်ခဲ့တာပဲဆိုတာ သိစေချင်ပါတယ် ။
၂) စင်္ကာပူကို SPass အဆင့်နဲ့  လာမယ့်သူတစ်ယောက်ဟာ  အလုပ်သမားစေလွှတ်တာကို ပိတ်ထားတယ် ဆိုတဲ့ စကားကို  တကယ်လက်ခံယုံကြည်တာလား ၊ ပြီးပြီးရော ဟုတ်ဟုတ် မဟုတ်ဟုတ် ငါ ဒီအပေါက်က  ထွက်ရပြီးရော လို့များ တွေးပြီး ပေးခဲ့လေသလား ၊ ဒီလို အလွယ်ပြီးအောင်  လုပ်တတ်ရင် စင်္ကာပူမှာ ခက်ခဲတဲ့အချိန် ကို ကျော်ဖြတ်ရ တွေ့ရပါဦးမယ် ။ 
 ကံကောင်းပါစေ ။
လာဘ်ပေးသူ ရှိနေသမျှ လာဘ်ယူသူလည်း ရှိနေပါဦးမယ် ။
 လာဘ်ယူသူများ မရှိအောင် လာဘ်ပေးသူများက အရင်ဆုံး စည်းကမ်းနားလည်အောင်လုပ် လိုက်နာ ပြီး ကိုယ့်စိတ်ကိုယ်အရင် သည်းခံရပါမယ် ။.
  ကိုယ့်ကိစ္စတွေ မြန်ချင်ရင် ကိုယ့်ဘာသာ ကြိုတင် ပြင်ဆင်ပါ ။ ကိုယ်တိုင်လည်း  အပြစ်တစ်ခုကို ကျူးလွန်ပြီး သူများ အပြစ်ပြောတဲ့ သူတွေဟာ မရှက်တတ်လို့ပါ ။  
နောက်ဆုံးတော့ လစာ နဲ့ ကုန်ဈေးနှုန်းမမျှရင်လည်း ဒီလို  လာဘ်ဆိုမယူမဖြစ် ယူဖို့ ဖြစ်နေဦးမှာပါပဲ ။ ဒါကတော့ အစိုးရ က  ကိုင်တွယ်ရမယ့် အပိုင်းလည်း ဖြစ်ပါတယ် ။
....................................................................................................
ရေးချင်တာတွေ အများကြီး ရှိပါသေးတယ် ။
 ကိစ္စ တစ်ခုခုတွေ့လို့ လူအများ ၀ိုင်းပြောနေပြီဆိုရင် တခြားတစ်ဘက်ကနေ  ရှူထောင့်တစ်ခုနဲ့ တွေးကြည့်ပြီး ရေးပါဦးမယ်...........................။