Wednesday, October 28, 2015
တောင်ပို့ပုံပြင် - ဆရာတော်အရှင်ဇနကာဘိဝံသ (ဖားအောက်တောရကျောင်း- စင်္ကာပူ)
တောင်ပို့ပုံပြင်
          တရားဟောဖို့ သုတ္တန်တခုကို ရွေးချယ်ပါတယ်။ အဲ့ဒီသုတ္တန်ကတော့ ၀မ္မိကသုတ်လို့ ခေါ်ပါတယ်။
မြန်မာလို မှတ်လို့ လွယ်ကူဖို့အတွက် တောင်ပို့ပုံပြင်လို့ ဒီလို နာမည်ပေးထားပါတယ် ။
အဲတော့ တရားတော်ကို မဟောမီ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ရွတ်ဆိုပွားများသောအားဖြင့် ဦးပဉ္ဇင်းက
လင်္ကာလေးတပုဒ် ရှေ့က တိုင်ပေးမယ်။
ဒကာ ဒကာမတွေက နောက်ကလိုက်ပြီးတော့ဆိုပေါ့။ လင်္ကာကတော့မြတ်စွာဘုရားရှင်ရဲ့ သဗ္ဗညုတဉာဏ်ရဲ့
ဂုဏ်တွေကို သီကုံး ထားတဲ့ လင်္ကာလေးတပုဒ်ပဲ ဖြစ်ပါတယ်။
လိုက်ဆိုရအောင် ။
သိရာမှန်က မကျန်ရအောင် လုံးဝစုံလင်အကုန်မြင် သဗ္ဗေဉာဏ်တော်အစွမ်းတည်း ။
သိသည့်တရား အများအပြား ၌ ဟောထားစဖွယ် နည်းအသွယ်သွယ်ကို ချယ်လှယ်စုံလင် အကုန်မြင်
သဗ္ဗေဉာဏ်တော်အစွမ်းတည်း ။
ကျွတ်ထိုက်ကြပေ များဝေနေ၏ ဣနြေ္ဒ စရိုက် သူ့အကြိုက်ကို နှိုက်ချွတ်စုံလင် အကုန်မြင်
သဗ္ဗေဉာဏ်တော်အစွမ်းတည်း ။
ဉာဏ်တော်စွမ်းပကား ဤ သုံးပါးကြောင့် အများဝေနေ ကျွတ်လွတ်စေဖို့ မနေမနားသက်တော်အားဖြင့်
ကြီးမားလေဘိ ရှစ်ဆယ်ပြည့် ပရိနိဗ္ဗာန် စံသည့်တိုင်အောင် သယ်ယူဆောင် ဘုန်းခေါင် ငါတို့ဘုရားတည်း ။ 
သာဓု သာဓု သာဓု ။ 
အဲဒီတော့ သုတ္တန်နာမည်က ၀မ္မိကသုတ္တန်လို့ ခေါ်ပါတယ် ။ ၀မ္မိကသုတ္တ ဒီလိုခေါ်လဲရပါတယ်။
သုတ္တဆိုတာ ဘာလည်းလို့မေးရင်တော့ မြတ်စွာဘုရားရှင်ရဲ့ တရားတွေကို မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်
စံပြီးသည်နောက် ရဟန်းတော်တွေက ခြင်းတောင်း သုံးခုထဲမှာ ထည့်တယ်။
တခုသောခြင်းတောင်းက ၀ိနယ ၊ နောက်တခုက သုတ္တန်တ၊ တနည်းအားဖြင့် ပြောောတ့ သုတ္တ  လို့
ဒီလိုခေါ်တယ် ။
နောက်တခုကတော့ အဘိဓမ္မာလို့ ဒီလို ခြင်းတောင်း သုံးခုရှိပါတယ် ။
ဝိနည်းဆိုတဲ့ ခြင်းတောင်းထဲမှာ စည်းကမ်းတွေအများကြီး ထည့်ထားတယ် ။
တနည်းအားဖြင့် ပြောတော့ အာဏာတွေအများကြီး ထည့်ထားတယ်၊ အထူးသဖြင့် ရဟန်းတွေအတွက်ပေါ့ ။
ဘာလုပ်ရမယ်၊ ဘာမလုပ်ရဘူး ။ ဒါောကာင့်မို့လို့ ၀ိနည်း ပိဋ္ဋကတ် ကိုကြည့်မယ်ဆိုလို့ရှိရင် ၀ိနည်းဆိုတဲ့
ခြင်းတောင်းကို ကြည့်မယ်ဆိုရင်တော့ စည်းကမ်းတွေ အများကြီး တွေ့ရမှာပဲ ဖြစ်ပါတယ် ။
ဒါကြောင့်မို့လို့ ၀ိနည်းတရားတော်ကို အာဏာဒေသနာလို့ ဒီလိုခေါ်ပါတယ်။
အာဏာများတဲ့ ဟောချက်တွေလို့ ဒီလို အဓိပ္ပါယ်ရပါတယ် ။
နောက်တခုက သုတ္တန်တ၊ သုတ္တဆိုတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ 
သုတ္တဆိုတဲ့ ခြင်းတောင်းထဲမှာတော့ ဆရာတော်တွေက ဝေါဟာ ရတွေအများကြီး ထည့်ထားတယ်။
ဝေါဟာရတွေနဲ့ သုံးနှုန်းဟောကြားထားတဲ့ မြတ်စွာဘုရားရှင်ရဲ့ တရားတော် တွေကို ထည့်ထားတယ်။
ဒါကြောင့်မို့လို့ သုတ္တန်ဒေသနာတွေကို ဝေါဟာရဒေသနာ။
ဝေါဟာရတွေကို ကျွမ်းကျင်တော်မူတဲ့ ဘုရားရှင်က ဝေါဟာတွေကို သုံးနှုန်းပြီးတော့ ဟောထားတဲ့
တရားတွေကို အဲဒီသုတ္တဆိုတဲ့ ခြင်းတောင်းထဲမှာ တွေ့ရမှာပဲ ဖြစ်ပါတယ်။
ဒါကို ပိုနားလည် စေဖို့ရာအတွက် နောက်တခုသွားဖို့ လိုအပ်ပါတယ်။
နောက်တခုကတော့ အဘိဓမ္မာဆိုတဲ့ ခြင်းတောင်းပဲ ဖြစ်ပါတယ်။ ဒီ အဘိဓမ္မာ ဆိုတဲ့ ခြင်းတောင်းထဲမှာတော့
မြတ်စွာဘုရားရှင်ရဲ့ ပရမတ္ထ ဒေသနာလို့ ခေါ်တဲ့ မြင့်မြတ်မှန်ကန်တဲ့ မပြောင်းလဲတဲ့တရားတွေကို
တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဆိုလိုတာက ဒီအတိုင်းပါ ။ အဘိဓမ္မာဆိုတဲ့ ဒေသနာတော်ထဲမှာ
မြတ်စွာဘုရားရှင် က ရုပ်တရား အစုအပုံ နာမ်တရားအစုအပုံ ဒီလိုပဲဟောတာတွေကများပါတယ်။
အကြောင်းတရား အကျိုးတရား လူတွေကို မငဲ့ကွက်ဘူး ။ သူဌေးကြီးကို သူဌေးကြီးလို့ မသုံးဘူး ။
ရုပ်တရား၊ နာမ်တရားလို့ သုံးလိုက်တယ်။ အမျိုးသားကို အမျိုးသားလို့မသုံးဘူး ၊ အမျိုးသမီးကို အမျိုးသမီးလို့
လည်းမသုံးဘူး။ ရုပ်တရားတွေအဖြစ်နဲ့သုံးတယ်။ နာမ်တရားတွေအဖြစ်နဲ့ သုံးတယ်။
ဒါကြောင့်မို့လို့ အဘိဓမ္မာကို ဖတ်မယ်ဆိုရင်တော့ အင်မတန် နားလည်ရခက်ပါတယ် ။
ဘာကြောင့်လဲဆိုတော့ လူတွေကဝေါဟာရကိုတော့ နားလည်တယ်။ ဒါပေမယ်လို့ ဘုရားရှင်က
ဒီအဘိဓမ္မာဆိုတဲ့ ခြင်းတောင်းထဲမှာ ပရမတ္ထတရားတွေ၊ တနည်းအားဖြင့် ဒီအဘိဓမ္မာစ ကားလုံးတွေသာ
သုံးထားတဲ့အတွက် အင်မတန်နား လည်ရခက်တဲ့ ဒေသနာဖြစ်ပါတယ်။
ဒီဒေသနာမျိုးကိုတော့ အဘိဓမ္မာဆိုတဲ့ ခြင်းတောင်းထဲမှာ တွေ့ရမှာ ဖြစ်ပါတယ်။
သုတ္တန်ကျပြန်တော့ ဘယ်လိုပြန်မလဲ။ သုတ်လို့ပဲ ပြန်ရပါမယ်။ ရှင်းသွားလားဆိုတော့ည်းမရှင်းပါဘူး။
မရှင်းသော်လည်းပဲ ဒီလို ပဲ ပြန်ရပါတယ်။
အကြောင်းကတော့ ဘာလို့လည်းဆိုတော့ သုတ္တ ဆိုသောစကားလုံးက definationတွေ အများကြီးရှိတဲ့
စကားလုံးဖြစ်ပါတယ်။ ဖွင့်ဆိုချက်တွေအများကြီးရှိတဲ့ စကားလုံးဖြစ်တော့ စကားလုံးတခုထဲကို
ရွေးချယ်ပြီးတော့ ဒီစကားလုံးကို ပြန်လို့ရတဲ့အနေအထားမရှိပါဘူး ။
ဒါကြောင့်မို့လို့ ၀ိနည်းကို ၀ိနယဆိုတဲ့ ဒီစကားလုံး ၀ိနည်းလို့ပဲ ပြန်ပါတယ် ။
သုတ္တဆိုတဲ့ ဒီစကားလုံး သုတ္တ၊ သုတ်လို့ပဲ ပြန်ပါတယ်။ အဘိဓမ္မာဆိုတော့ အဘိဓမ္မာလို့ပဲ ပြန်ပါတယ်။
အဲတော့ ရှင်းသလားဆိုရင် သိပ်တော့မရှင်းပါဘူး။ ဒါပေမယ်လို့ စကားလုံးတခုနဲ့လဲ ပြောင်းလဲလို့လဲ
မရနိုင်ပါဘူး ။
အဲဒီတော့ ဖွင့်ဆိုချက်တွေအများကြီးရှိတဲ့အထဲက ဦးပဉ္ဇင်း ဖွင့်ဆိုချက် တခုကို ပြောပြပါမယ် သုတ္တန်ဆိုတဲ့
စကားလုံးက သု ဆိုတဲ့စကားလုံးနဲ့ ဥတ္တဆိုတဲ့ စကားလုံးကို သုံးထားခြင်းပဲ ဖြစ်ပါတယ် ။
သု ဆိုတာ ဘာလဲလို့ မေးရင်တော့ ကောင်းစွာလို့ အဓိပ္ပါယ်ရပါတယ်။
ကောင်းမွန်သော အားဖြင့်၊ ကောင်းစွာ ။ ဥတ္တဆိုတာကတော့ ဟောကြားထားသော ။ သုတ္တဆိုတာ
ကောင်းစွာဟောကြားထားတဲ့ တရားတွေ ဒီလို အဓိပ္ပါယ်ရပါတယ်။ ဒီတော့ ကောင်းစွာ ဟောကြားထား
တယ်ဆိုတော့ ၀ိနည်းတွေ အဘိဓမ္မာတွေက ကောင်းကောင်း မဟောဘူးလားလို့ ဒီလိုတော့မေး စရာ
ရှိပါတယ်။ ဆိုလိုရင်းကတော့ ဒီအတိုင်းဖြစ်ပါတယ်။ ၀ိနည်းမှာ အာဏာတွေများပါတယ်။ ဒါ မလုပ်ရဘူး၊
ဒါ လုပ်ရမယ်။ ကြာကြာကြီးဖတ်ရင် စိတ်နောက်လာတာ၊ ဘာလို့လဲ ဆိုတော့စည်းကမ်းတွေအာဏာတွေများ
လွန်းလို့ နားထောင်လို့မကောင်းဘူး ။ ဒါ့ကြောင့်မို့လို့သတ္တ၀ါတွေနဲ့ အကြိုက်တွေမကိုက်ညီဘူး။
စည်းကမ်းတွေသိပ်များလွန်းတော့ နားထောင်လို့မကောင်းဘူး။ ဒါ့ကြောင့်မို့လို့ သူ့ကို သုတ္တလို့မခေါ်ဘူး ။
နောက်တခု အဘိဓမ္မာ၊ အဘိဓမ္မာကျတော့စိတ်တွေကဘယ်လောက်ရှိတယ်။စေတသိတ်တွေကဘယ်လိုရှိတယ်။
စိတ်နဲ့စေတသိတ်တွေကဘယ်လိုယှဉ်တယ်။အ၀ိဇ္ဇာဆိုသောအကြောင်းကြောင့်သင်္ခါရတွေဖြစ်တယ်
။ဖတ်တယ်နားတော့မလည်ဘူး။
အဲတော့အဘိဓမ္မာကျတော့လဲ့တရားစကားလုံးတွေပဲ။ပညာရပ်နဲ့ဆိုင်တဲ့စကားလုံးတွေဖြစ်တော့လူတွေ
နားမလည်နိုင်ပါဘူး။ဒီတော့သုတ္တဆိုတဲ့စကားလုံးကျတော့ဒီလိုမဟုတ်တော့ဘူး။
သူဌေးကြီးကိုသူဌေးကြီးလို့ပြောတော့ လူတွေနားလည်တယ်။ အမျိုးသမီးကိုအမျိုးသမီး လို့ပြောတော့ လူတွေနားလည်တယ် ။အဲဒီလို နားလည်တဲ့ ဝေါဟာရတွေ သုံးထားတယ် ။ လူတွေရဲ့အလိုအကြိုက်စရိုက်ကို
ငဲ့ပြီးတော့မှဘုရားရှင်ဟောထားတယ် ။ ဒါ့ကြောင့်မို့လို့ သတ္တ၀ါတွေရဲ့ အကြိုက်နဲ့ညီတဲ့အတွက်
သတ္တ၀ါတွေက ဘယ်လိုပြောလဲဆိုတော့ သုတ္တ ၊ သုဥုတ္တကောင်းကောင်း မွန်မွန်ဟောထားတဲ့တရားတွေ လို့ပြောတယ်။ သတ္တ၀ါတွေက သူတို့ကြိုက်တော့ ကောင်းကောင်းမွန်မွန် ဟောထားတာ ဟုတ်လား ။ အဘိဓမ္မာတွေ ၀ိနည်းတွေပြောမယ်ဆိုရင်တော့ ကောင်းတော့ကောင်းတယ် ဟုတ်လား။ ဘုရားစာဆိုတော့ ကောင်းတော့ကောင်းတယ် ဒီလိုပဲပြောရတာပေါ့ မကောင်းဘူး လဲမပြောရဲဘူး ၊ နားလဲမလည်ဘူး ။ အဲတော့ သုတ္တ ဆိုတာကောင်းသောတရားတွေ အဲလိုမှတ်နိုင်ပါတယ်ပေါ့ ၊ တခြားတခြားဖွင့်ဆိုချက်တွေလဲရှိပါတယ်။
အဲတော့ ၀မ္မိကဆိုတာ ဘာလဲလို့မေးရင် ၀မ္မိက ဆိုတာ တောင်ပို့ ။
တောင်ပို့တော့ သိတယ်မဟုတ်လား ခြတွေဆောက်ထားတဲ့ အိမ်လေးတခု ။ မြေမို့မို့လေး ဒါဟာတောင်ပို့လို့ခေါ်ပါတယ် ။ အဲတော့ ဦးပဉ္ဇင်းက ဒါကိုတောင်ပို့ပုံပြင်လို့ဒီလိုနာမည်ပေး ပါတယ်။ တောင်ပို့ပုံပြင် ဒီတော့တချို့ကလဲ ဒီလိုနာမည်ပေး တော့ ဦးပဉ္ဇင်းလေးတပါးကလဲပြောပါတယ် ။ တပည့်လေးပါပဲ ။ တရားတွေကို ပုံပြင်လို့ပြောတော့ ကောင်းပါ့မလားတဲ့ ။ သူပြောတယ် တရားဆိုတာတကယ့်အစစ်အမှန်တွေမ ဟုတ်ဘူးလား တဲ့ ။ ဒီလိုပြောပါတယ်။
အဲတော့ ဒီဟာကတော့ တကယ်ပဲပုံပြင်ပါ ။
ဗြဟ္မာကြီးတစ်ဦး သူဖန်တီးထားတဲ့ ပုံပြင်လေးတစ်ခုလို့ ဒီလိုလဲဖွင့်ဆိုပါတယ်။
နောက်တခုကတော့ ဗြဟ္မာကြီးက တချိန်က လူ့ပြည်မှာလဲဖြစ်ခဲ့တယ်။
သူလူ့ပြည်မှာဖြစ်တော့ တကယ်ထင်ရှားဖြစ်ခဲ့တဲ့ အဖြစ်အပျက် လေးတခုလို့ ဒီလိုလည်းပဲ ဆိုလိုပါတယ်။
ဒီတော့ သူကိုယ်တိုင်ပြင်ဆင်ခဲ့တဲ့ပုံလေးတခုဖြစ်ခဲ့ရင် ဦးပဉ္ဇင်းတို့ကပုံပြင်လို့ပြောလို့ရပါတယ် နော် ။ တကယ့်အဖြစ်အပျက်ဖြစ်ခဲ့မယ်ဆိုရင်လဲ ဒါကအင်မတန်ကြာ ခဲ့ပြီ ။ သူ လူ့ဘ၀တုန်းကဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးဆိုတော့ ဒါက ပုံပြင်လို့ပြောနိုင်ပါတယ် ။ ဒီတော့ ၀မ္မိက ဆိုတာ တောင်ပို့ ၊ ဒီသုတ္တန်ကိုဘုရားရှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာနေစဉ်အခါ အရှင်ကုမာရ ကဿ     ပ
ဆိုတာရှိတယ်။ ရှင်ကုမာရ ကဿ     ပ သူက တရားဆန်းဆန်းကြယ်ကြယ်ဟောတဲ့နေရာမှာ ဧတဒဂ်ဘွဲ့ထူး
ရပါတယ် ။ သူ့ဘ၀ဟာလဲအင်မတန်ဆန်း ကြယ်ပါတယ် ။
အခု သူနာရတဲ့ ဒီတရားလေး သူနားထောင်ရတဲ့ ဒီပုံပြင်ဟာလည်းပဲ အင်မတန်ပဲ ဆန်းကြယ်ပါတယ်။ ဒီပုံပြင်လေးရဲ့နောက်ကို လိုက်ပြီး ကျင့်ခြင်းအားဖြင့် သူ ရဟန္တာဖြစ်ခဲ့တယ် ။
ဒီတော့ သူ့ရဲ့ရဟန္တာဖြစ်ပုံကလဲ ထူးဆန်းတယ်လို့ပြောလို့ရပါတယ်။ အဲတော့ ရှင်ကုမာရ ကဿ     ပ က ဇေတ၀န်ကျောင်းရဲ့နောက်ဖေးမှာ အန၀္တန်တောဆိုတာ အဲဒီတောအုပ်ကြီးရှိတယ် ။ အဲဒီ တောအုပ်ကြီးထဲမှာ နေ့ရောညရော သူ ၀ိပဿ      နာ တရားတွေကို ကြိုးစားအားထုတ်တယ် ။
အဲဒီအချိန်မှာ ဗြဟ္မာကြီးတစ်ဦးကလာပြီးတော့ ဒီပုံပြင်လေးကိုပြောပါတယ်။
ဘာလို့ပြောရသလဲဆိုတော့ ဒီဗြဟ္မာကြီးနဲ့ ဒီရဟန်းနဲ့က အရင်ဘုရားရှင်ရဲ့ လက်ထက်မှာ တရားအတူကျင့် ဖော်ကျင့်ဖက်တွေ ။
ဒီဗြဟ္မာကြီးဖြစ်သွားတဲ့ ပုဂ္ဂိုလ်ကတော့ သူတရားရသွားတယ် ။ အနာဂါမ်ဖြစ်သွားတယ်။ ဒါ့ကြောင့် ဗြဟ္မာ့ပြည်ကိုရောက်တယ်။
အခုရဟန်းဖြစ်တဲ့ ရှင်ကုမာရ ကဿ      ပကတော့အဲဒီတုန်းက ဘာတရားမှ မရဘဲနဲ့ဘ၀တစ်ခု
သေဆုံးသွားခဲ့တယ်။နောက်တော့ နတ်ပြည်မှာဖြစ်တယ်။ မြတ်စွာဘုရားရှင် ပွင့်တဲ့အခါကျတော့ လူ့ပြည်ကို ရောက်လာပါတယ်။ ရဟန်းဝတ်ပါတယ်၊ တရားအားထုတ်ပါ တယ် ။ ဒီတော့ ဗြဟ္မာကြီးနဲ့ ဒီရှင်ကုမာရကဿပ နဲ့ က မိတ်ဆွေတွေဖြစ်ပါတယ်။ ဒါ့ကြောင့် မို့ မိတ်ဆွေဆီကို ဓမ္မလက်ဆောင်အဖြစ်နဲ့ ဒီပုံပြင်လေးတပုဒ်ဖန်တီး လာတာပဲဖြစ်ပါတယ်။
 ဒီတော့ ဗြဟ္မာကြီးက အဲဒီရဟန်းထံကို ချည်းကပ်တယ်။
ချည်းကပ်ပြီးတော့ ခေါ်ပါတယ် ဘိက္ခူ ဘိက္ခူ ရဟန်း ရဟန်း ဒီလိုပဲ ခေါ်ပါတယ် ။
သူက ရင်းနှီးတဲ့ မိတ်ဆွေဖြစ်လို့ အရှင်ဘုရား ဘန္တေ ဒီလို စကားလုံးမျိုးတော့မသုံးပါဘူး ။ ရင်းနှီးတဲ့စကားပဲသုံးပါတယ် ။
ဘိက္ခူ ဘိက္ခူ ရဟန်း ရဟန်း ကိုယ်တော် ကိုယ်တော် ဒါမှမဟုတ်အရှင်ဘုရား အဲ ဒီအတိုင်း ၊
ဒီမှာတောင်ပို့ကြီး တစ်လုံးရှိတယ် ။  အဲဒီတောင်ပို့ကြီး က ညဉ့်မှာအခိုး လွှတ်တယ်။
နေ့ကျတော့ တောက်လောင်တယ်။ ဆရာဗြဟ္မဏ နဲ့ တပည့် သုမေဓ၊ ဗြဟ္မဏကို ဒီနေရာကျတော့ မြန်မာ ပြန်ရမှာက ပုဏ္ဏားကြီး လို့ပြန်ပါတယ် ။ အဲဒီ တော့ ပုဏ္ဏားတွေက လောကီရေးရာဆိုင်တဲ့သူ တွေဆိုတော့ ဒီဗြဟ္မဏ ကို ပုဏ္ဏားလို့ ဒီလိုပဲပြန်နိုင်ပါတယ်။ တပည့်သုမေဓ ၊  သုမေဓဆိုတာက သုမေဓနဲ့ ပေါင်းထားတာ ကောင်းသောပညာရှိလို့ အဓိပ္ပါယ်ရပါတယ်။ ပညာရှိတဲ့ပုဂ္ဂိုလ် ။
ဆရာပုဏ္ဏားနဲ့ သုမေဓက ဒီတောင်ပို့ကြီးဆီကိုလာတယ်။ လာတဲ့အခါကျတော့ ဆရာကပြောတယ်
သုမေဓ လက်နက်ကို ယူပြီးတော့ ဒီတောင်ပို့ကြီးကို တူးပါ ။ ဒီလိုပြောတယ်။ သုမေဓ ကတူးတယ် ။
 တူးတော့ ဘာတွေ့လဲ လင်ဂီလို့ခေါ်တဲ့ တံခါးကျင်ကိုတွေ့တယ် ။ မင်းတုပ်ကိုတွေ့တယ်။ တံခါးတွေ ကလန့်ထိုးတဲ့ မင်းတုပ်ကိုတွေ့တယ်။ တွေ့တဲ့အခါမှာ ဟာ ဆရာမင်းတုပ်တွေ့ပြီဆိုတော့ မင်းဖယ်ပစ် ဆက်တူး ဒီလိုပဲ ခိုင်းပါတယ်။ ဖယ်ပစ် ဆက်တူး ဆိုတော့ နောက်တခါ ဆက်တူးတော့ ဘာတွေ့သလဲဆိုတော့ ဥတုမာရိက ဆိုတဲ့ ဖားတစ်ကောင်ကိုတွေ့ပါတယ်။ ဆရာကိုပြောတယ် ဒီအတိုင်းပဲ ညွှန်ကြားချက်ပေးတယ် ဖယ်ပစ် ဆက်တူး ။ နောက်တစ်ခု ကတော့ ဒွိတာပဒ လမ်းနှစ်ခွကို တွေ့တယ်။ အဲတောင်ပို့ ကြီးထဲမှာ လမ်းနှစ်ခွကိုတွေ့တယ် ဖယ်ပစ် ဆက်တူးဆိုတော့ တူးတယ်။ ဆပ်ပြာ ရေစစ်ကိုတွေ့တယ်။ ရေစစ် လို့လဲခေါ် တယ် အ၀တ်လျှော်တဲ့သူတွေသုံးပါတယ်။ နောက်တခု ဖယ်ပစ်ဆက်တူးလို့ပြောတယ်။ တူးတယ် လိပ်ကိုတွေ့တယ်။ နောက်တခု သံလျက်နဲ့ စဉ်းတီတုံးကိုတွေ့တယ် ။ နောက်တခု သားတစ်ကိုတွေ့တယ်။ ဆရာ သားတစ်တွေ့တယ်ဆရာ ဆိုတော့ အဲဒါကို ဖယ်ပစ် မင်းဆက်တူး ။ ဆရာ နဂါးကြီးကို တွေ့ပြီဆရာ ဆိုတော့ ဆရာကဘာပြောလဲဆိုတော့ တိဌတုနာဂ နဂါးကိုတော့ ရှိပစေ ။ မာလာဂန္ဒတ်တေသိ မင်းနဂါးကိုတော့ သွားမထိခိုက်နဲ့ ။ နမောဂယောဟိနာဒတ်သ မင်း နဂါးကို ရှိခိုးလိုက် ။ နဂါးကို ရှိခိုးလိုက်ပါ ။
အဓိပ္ပါယ်က တော့ အဲဒီနဂါးမှာ သိမ်းဆည်းထားတဲ့ ဥစ္စာတွေ အများကြီး ရှိပါတယ်။ အခုက နဂါးကြီးကိုတွေ့ပြီဆိုတာ့ ဒါက ဇာတ်လမ်း ကဆုံးသွားပြီ ။ နဂါးကို ရှိခိုးလိုက်ရင် အရိုအသေပေးလိုက်ရင် ဒီနဂါးကြီးက မင်းကို ဥစ္စာတွေပေးလိမ့်မယ် ။ ဒါဆိုရင် မင်း ချမ်းသာပြီပေါ့ ။
အဲဒါဆိုရင် ဒီနေ့တရားနာပရိတ်သတ်လဲ ဒီပုံပြင်လေးသာ သိရင်ချမ်းသာမယ့်သဘောတော့ရှိပါတယ် နော်။ ဒီပုံပြင်ရဲ့ ညွှန်ကြားချက်အတိုင်းလုပ်တတ်မယ်နားလည်ခဲ့ မယ်ဆိုရင်တော့ များစွာသောဥစ္စာတွေကို ပိုင်ဆိုင်နိုင်တဲ့သူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ် နော် ။
အဲတော့ ဗြဟ္မာကြီးက ဆက်ပြောတယ် ။
အရှင်ဘုရား ဒီပုံပြင်ရဲ့ အကြောင်းအရာတွေကို သိချင်တယ်ဆိုရင် ဘုရားရှင်ကိုသွား မေး ။
ဘုရားရှင် နဲ့ ဘုရားရှင်ရဲ့ သာဝကမှတပါး ဒီပုံပြင်ကို ဖြေနိုင်တဲ့သူ တစ်ဦးတစ်ယောက်ကို ငါမမြင်ပါဘူး ။
ကျွန်ုပ် မမြင်ပါဘူးလို့ ဒီလို ဗြဟ္မာကြီးက ဒီလိုပြောပြီးတော့ ဒီနေရာ မှာပဲကွယ်ပျောက်သွားပါတယ် ။
ဒီတော့ ရှင်ကုမာရ ကဿပ နဲ့ မနက်မိုးလင်းတဲ့အခါ ဘုရားရှင်ကိုယ်တော်မြတ်ထံကိုသွား တယ်။ ဘုရားထံကိုသွားပြီးတော့ ဒီပုံပြင်ကိုပြောပြတယ်။
အရှင်ဘုရား တောင်ပို့ကြီးဆိုတာဘာလဲညမှာအခိုးတွေလွှတ်တယ်ဆိုတာဘာလဲ နေ့မှာ တောက်လောင်တယ်
ဆိုတာ ဘာလဲ ။ စသဖြင့်ဒီလိုမေးပါတယ် ။ မေးတဲ့အခါမှာ ဘုရားရှင်က ဒီအကြောင်းအရာတွေဟာ အင်မတန် နက်နဲပါတယ် ။ ပညာရှိတဲ့ ပုဂိုလ်တွေပဲ သိနိုင်တဲ့အကြောင်းအရာ တစ်ခုသာဖြစ်ပါတယ် ။
လွယ်လွယ်နဲ့ သိနိုင်တဲ့အကြောင်း အရာတော့မဟုတ်ပါဘူး လို့ ဆိုပြီးတော့ ဘုရားရှင်ကအဖြေလေးတွေကိုပေးပါတယ် ။
နံပါတ်(၁) အရှင်ကုမာရ ကဿပ ရဲ့ မေးခွန်းတစ်ခုကတော့ အရှင်ဘုရား တောင်ပို့ဆိုတာ ၀မ္မိကဆိုတာဘာလဲ ။ အဲတော့ ဘုရားရှင်က အဖြေပေးပါတယ်။ ၀မ္မိက ဆိုတာ ဒီခန္ဓာကိုယ်ကြီးကိုပြောတာ ။
မိဘတွေက မွေးမြူလိုက်တဲ့ ထမင်းတွေ မုန့်တွေနဲ့ ကြီးပြင်း ရတဲ့ပြုစုစောင့်ရှောက်ရတဲ့ နှိပ်နယ်ပေးရတဲ့ ပျက်စီးခြင်းသဘော ရှိတဲ့ ဖုံးလွှမ်းထားရခြင်းသဘောရှိတဲ့ ဒီခန္ဓာ ကိုယ်ကြီးကို ပြောတာဒီလိုမိန့်တယ် ။ ဒီတော့ တောင်ပို့ဆိုတာ ဘာကြီးလဲ။ ခန္ဓာကိုယ်ကြီးကိုပြောတာ ။  ဒီခန္ဓာကိုယ်ကြီးကို စနစ်တကျ
သိတတ်မယ်ဆိုရင် တော့ ချမ်းသာပြီပေါ့ ။
ဒီတော့ ဘုရားရှင်က ဘာလို့ဒီလိုပြောရ သလဲ ။ ၀မ္မိက ဆိုတာတကယ်တော့ တောင်ပို့ရဲ့ ပါဠိပဲ ။ ဘာလို့ဘုရားရှင်က၀မ္မိကဆိုတာ ခန္ဓာကိုယ်ကို ပြောတာလို့ ပြောနိုင်ရသလဲ ဒီမေးခွန်းရှိပါတယ် ။
ဒီတော့ ဒီမေးခွန်းကို ဖြေဖို့အတွက်ဆိုရင် ဦးပဉ္ဇင်းတို့က ပါဠိကို အခြေခံကျကျ နားလည်ဖို့ လိုပါတယ် ။
ဝမ္မိက ဆိုတာ ဘယ်ကနေ ဆင်းသက်လာသလဲ ။
ဝမ္မိကဆိုတာပါဠိဂရမ်မာသဘောအရ ၀မုဆိုတဲဓါတ်ကနေ လာပါတယ်။ ၀မုတ်ဆိုတာက အန်ခြင်းလို့ အနက်အဓိပ္ပါယ်ရပါတယ် ။အန်တာ။ ပျို့အန်တယ် အန်တယ် ဒါကို ၀မု လို့ခေါ်တယ် ။ ၀မု ကနေမှ ၀မ္မိက လို့ ဒီလိုဖြစ်လာပါတယ် ။ ဒါက စကားလုံးတစ်ခုရဲ့ အရင်းအမြစ်ပါ ။ အဲ ဦးပဉ္ဇင်းတို့ မြန်မာစကားလုံးနဲ့ ကြည့်မယ်ဆိုရင် လက်မ ၊ လက် နဲ့ မ ဒီလိုတွဲထားတာပေါ့ ။ လက်ဆိုတာဘာပြော တာလဲဆိုတာ လူတိုင်းသိတယ်။ လက်မဆိုတာ ဒါပြောတာ ။ အဲတော့ နောက်တခုလေ့လာကြည့်ရအောင် ခြေမ။
မရှိဘူးလား ။ တူညီတာလေးတွေရှိတယ် ။ ခြေမဆိုတာဘာကို ပြောလဲ လူတိုင်းသိတယ်။
ဒါပေမယ့် တူညီချက်လေးတွေ သိဖို့ဆိုရင် စကားလုံးတစ်ခုရဲ့ အခြေအမြစ်ကို နားလည်ဖို့ လိုပါတယ်။
နောက်တခု သစ်ပင်တွေမှာရှိတဲ့ ကိုင်းဖျားကိုင်းနား တွေမဟုတ်ဘဲနဲ့ ပင်စည်ကြီးကို ဘယ်လိုခေါ်လဲ ။
ပင်မ ။ နောက်တခု ဓါးတွေမှာ ကြားဖူးမှာပေါ့ ဓါးမ။ မ ဆိုတာဘာပြော တာလဲ အကြီးကြီးကိုပြောတာ။ ဒါဆိုပြီးသွားပြီနော် ။ ဒါဆို ရှင်းလို့ ဆက်သွယ်လို့ရသွားပြီ ။ ခြေမဆိုတာ ခြေ အကြီးကြီးကိုပြောတာ ။ လက်မဆိုတာ လက်အကြီးကြီးကို ပြောတာ ။ ဓါးမဆိုတာ ဓါးအကြီးကြီးကို ပြောတာ။ ပင်မဆိုတာ ပင်စည်ကြီးကို ပြောတာ ။ ဒီလိုဖြစ်သွားတယ် ။
အဲဒီလို စကားလုံးတခုရဲ့ အခြေအမြစ်ကို နားလည်ခဲ့မယ်ဆိုရင်တော့ စကားလုံးတစ်ခုနဲ့တစ်ခု ဆက်စပ်မှူကို နားလည်နိုင်တဲ့ သဘောရှိပါတယ် ။ စကားလုံးတခုရဲ့ အခြေအမြစ်ကို နားမလည်ဘူးဆိုရင်တော့ ၀မ္မိက ဆိုတာ ၀မုကိုပြောတာ ဘာလို့ ဘုရားရှင်က ခန္ဓာကိုယ်ကို ချိန်းနိုင်ရသလဲ ။ ခန္ဓာကိုယ်ကို ၀မ္မိကလို့ပြောနိုင်ရသလဲ ဒီမေးခွန်းဟာ ဖြေရှင်းပြီးသားဖြစ်သွားမှာပဲ ဖြစ်ပါတယ်။
အဲတော့ ၀မ္မိက ဆိုတာ ၀မုကနေလာတာ အန်တယ်လို့ အဓိပ္ပါယ်ရတယ် ။ အန်ခြင်းလို့ အဓိပ္ပါယ်ရတယ်။
ဒီတော့ သူ့ရဲ့ဖွင့်ဆိုချက်တွေက ဒီလို အန်ခြင်းလို့ စကားလုံးသုံးပြီးတော့ ဖွင့်မှာပဲဖြစ်ပါတယ် ။
ဒါဆိုရင် ဦးပဉ္ဇင်းတို့က ဂရမ်မာသဘောအရ လက်ခံရမယ့် သဘောရှိပါတယ် ။
အဓိပ္ပါယ်သဘောအရတော့ ကိုယ့်ဟာနဲ့ကိုယ် စဉ်းစားတတ်ကြပါတယ်။
အဲတော့ အဖွင့်တခုဟာ ၀မ္မိက ကနေ လာတာမို့လို့ ၀မုဆိုတဲ့ ဒီစကားက လာတာဖြစ်လို့ သူ့ကိုဖွင့်ဆိုတဲ့
အခါမှာ အန်ခြင်း ဆိုတဲ့ဒီစကားလုံးကို သုံးမှာပဲ ဖြစ်ပါတယ် ။
အန်တတ်တဲ့အရာ အန်ခြင်းသဘော ရှိတဲ့အရာ။
ဒီတော့တောင်ပို့ကြီးကို ကြည့်လိုက်မယ်ဆိုရင် တောင်ပို့ဟောင်းတခုမှာ အပေါက်တွေအများကြီးရှိပါတယ် ။ အဲဒီ တောင်ပို့ရဲ့ အထဲမှာ သတ္တ၀ါတွေအများကြီး ရှိတယ်။ မြွေတွေရှိတယ် ။ ကြွက်တွေရှိမယ် ။ မြွေပါရှိမယ် စသည်ဖြင့် ဒီသတ္တ၀ါတွေရှိတတ်ပါတယ်။ ဘာလို့တုန်းဆိုတော့ နေရာကောင်းလေးတခုဖြစ်လို့ပါ နော် ။
အဲတော့ ဒီတောင်ပို့ကြီးထဲကနေပြီးတော့ ဒီကြွက်တွေမြွေပါတွေ အကောင်ပလောင်တွေ တွင်းတွေကနေ ထွက်လာတယ်တဲ့ ။ တွင်းတွေကနေ ထွက်တော့ အဲတော့ ဒီတောင်ပို့ကြီးဟာ အန်တာကို ပြောတာ ။
ဒီတောင်ပို့ ကြီးထဲကပဲ အကောင်ပ လောင်တွေ ထွက်လာတယ် ။ တောင်ပို့ကြီးက အန်တတ်တဲ့ သဘောရှိပါတယ် ။ ဒီတော့ ဒီခန္ဓာကိုယ်ကြီးကိုကြည့် တွင်းတွေ ရှိပါတယ်နော် ။ မျက်လုံး တွေရှိတယ်။ နားအပေါက် တွေရှိတယ်။ နှာခေါင်း ပေါက်တွေ ရှိတယ် ။ ဘာတွေ ထွက်လဲ ဘာတွေအန်လဲ ။ မျက်လုံး က မျက်လုံးနဲ့ ဆိုင်တဲ့ အညစ်အကျေးတွေထွက်တယ် ။ နားက နားနဲ့ဆိုင်တဲ့ အညစ်အကျေးတွေထွက်တယ်။
ဟော မသန့်ရှင်းတဲ့ ဟာတွေ ဒီခန္ဓာကိုယ်ကြီးက ဘာလုပ်တတ်လဲ အန်တတ်တယ် ။
ဒီတော့ အန်တတ်တယ် တောင်ပို့ ဆိုတဲ့သဘောတရားသည် စာပေ မီးနင်းအရ ၀မ္မိကဆိုတာအန်တတ်တဲ့အရာတခု ။
တောင်ပို့ကြီး ကလဲ အန်တတ်တယ် ဒီခန္ဓာကြီးကလဲ အန်တတ်တယ်။  ၀မ္မိကဆိုတာ မင်း တောင်ပို့ကြီးကို ပြောတာမဟုတ်ဘူး ။ ဘုရားရှင်က သင်ပြချင်တယ် ။ သင်ပြတဲ့အခါမှာလဲ အင်မတန်ကျွမ်းကျင်ပါတယ်။ ရှင်ကုမာရကဿပ က ဒီပုံပြင်လေးကို သိထားတယ် ။ ဒီပုံပြင်နဲ့ပဲ သူကတရားကို ပေးစွမ်းနိုင်တဲ့ သဘောရှိပါတယ် ။ ဒါက ဘုရားရှင်ရဲ့ ကျွမ်းကျင်မှူပါ ။ သတ္တ၀ါတွေရဲ့ အလိုအကြိုက်ကိုလည်းပဲ သိတယ် ။ အဲဒီတော့ ရှင်ကုမာရကဿပက သူတောင်ပို့ကြီးကို သိချင်တယ်။ တောင်ပို့ကြီးကို သတိထားတယ် ။ ဘုရားရှင် က သူသိထားတဲ့ ဒီတောင်ပို့ နဲ့ လဲ တရားပုံစံပြောင်းပေးပါတယ်။
ဝမ္မိကဆိုတာ အန်ခြင်းသဘောရှိတဲ့ အန်တတ်တဲ့ ဒီခန္ဓာကြီး ကိုပြောတာ လို့ပြောပါတယ် ။
နောက်တခု ၀မ္မိကဆိုတာ အန်အပ်တာ တဲ့ ။ အအန်ခံရတဲ့ အန်အပ်တဲ့ အရာတခု ။ မြန်မာလိုတော့ အအန်ခံရတဲ့အရာတခု တနည်းအားဖြင့် အန်ဖတ်တွေ ။
တောင်ပို့ဆိုတာ ခြတွေရဲ့ အန်ဖတ်တွေနဲ့ ဆောက်လုပ်ထားတာ ။ ခြတွေရဲ့ အန်ဖတ်ဖြစ်တယ် ။
ခြတွေက အအန်ခံထားရတဲ့ အရာဝတ္ထု တစ်ခု ဖြစ်ပါတယ် ။ ဒီတော့ ခန္ဓာကိုယ်ကြီးကရောဆိုောတ့ ခန္ဓာကိုယ်ကြီးကလဲ ဒီအတိုင်းပဲ ။ ဒီခန္ဓာကိုယ်ကြီးကို အရိယာပုဂ္ဂိုလ်တွေက အမှန်အတိုင်းမြင်ကြတယ် ။ မသန့်ရှင်းတဲ့ အရာဝတ္ထု တခုကို မသန့်ရှင်းဘူးလို့ မြင်တဲ့အတွက် ဒီခန္ဓာကိုယ်ကြီး မှာ တွယ်တာတပ်မက်မှူ
ပါယ်သောအားဖြင့် ဒီခန္ဓာကိုယ်ကြီးကို အန်ထားတယ် ။ ဘုရားရှင်က ဒီခန္ဓာကိုယ်ကြီးကို မတပ်မက်နဲ့ ဒီလိုမဟောဘူးလား ။ ဟောတယ် ။ ဘုရားရှင်က ဒီခန္ဓာကိုယ်ကြီးကို မတပ်မက်ဘူး ။ မချစ်ခင်ဘူး ။
တခြား တခြား ဘုရားရှင်ရဲ့ တပည့်သံဃာတွေကလဲ ဒီ ဒီခန္ဓာကိုယ်ကြီးကို မတပ်မက်ဘူး။ မချစ်ခင်ဘူး ။
ဒီအတိုင်း ။ ဘာလို့လဲဆိုတော့ သူတို့က ဒီခန္ဓာကိုယ်ကြီးရဲ့ သဘောတရားအမှန်ကို သိတဲ့အတွက် ဒီခန္ဓာကိုယ်ကြီးအပေါ် တွယ်တာတပ်မက်တဲ့ တဏှာကို ပယ်စွန့်သောအားဖြင့် ဒီခန္ဓာကိုယ်ကြီးကို
အန်ထားတယ် ။ ဒီတော့ တောင်ပို့ဆိုတဲ့ အရာသည် အန်ထားတဲ့ အရာဝတ္ထု တခုဖြစ်သလို ဒီခန္ဓာကိုယ်
ကြီးဟာလဲ အရိယာပုဂ္ဂိုလ်တွေရဲ့ အန်ထားတဲ့ အရာဝတ္ထု တခုဖြစ်ပါတယ်။
ဒါ့ကြောင့်မို့လို့ ၀မ္မိကဆိုတဲ့ ဒီအဓိပ္ပါယ်ဟာ ဓမ္မ ပုံစံအရ ဒီခန္ဓာကိုယ်ကြီး ကိုပြောတာပါ ။  နောက်တခု တောင်ပို့ဆိုတဲ့ ဒီအရာဝတ္ထု ထဲမှာတဲ့ တောင်ပို့နဲ့ တူလို့ တောင်ပို့လို့ ခေါ်တယ်
နောက်တခု ဖွင့်ဆိုချက်က ရိုးစင်းပါတယ် ။ တောင်ပို့နဲ့ တူလို့တောင်ပို့လို့ ခေါ်တယ်။ လူတွေက တူရင်လဲ ခေါ်ကြတယ်လေ ။
ကျော်ဟိန်းနဲ့ တူတဲ့သူကို ကျော်ဟိန်းလို့မခေါ်ဘူးလား ။ ခေါ်တယ် ။ ကျော်ဟိန်းအစစ်ဆို လဲ ကျော်ဟိန်းလို့ ခေါ်တာ ဟုတ်တယ်မဟုတ်လား ။ တူတဲ့သူလဲ တူတဲ့သူမို့ ကျော်ဟိန်း လို့ခေါ်တယ် ။ အဓိပ္ပါယ်ချင်းကွာပါတယ် ။ တယောက်က ကျော်ဟိန်းအစစ် ။ တယောက်က တူသူလို့ အဓိပ္ပါယ်ရပါတယ် ။ ဒီအတိုင်းပဲ ၀မ္မိက ဆိုတဲ့သဘောကတော့ တောင်ပို့ကြီးရဲ့ သဘောအတိုင်း ဖြစ်ပါတယ် ။ ခန္ဓာကိုယ်ကြီးကတော့ တောင်ပို့ကြီးနဲ့ တူလို့သာ ၀မ္မိက လို့ ဒီလိုခေါ်ဆိုခြင်း ပဲဖြစ်ပါတယ်။
ဒီတော့ ဘယ်လိုတူတာလဲ ဆိုတော့သတ္တ၀ါ တွေအတွင်းမှာ နေကြတယ်၊ အိပ်ကြတယ်၊ အိမ်ထောင်သားမွေး လုပ်ကြတယ်၊ မွေးမြူကြတယ်၊ သေကြတယ်၊ ဆေးရုံအဖြစ်သုံးကြတယ်၊ တွိုင်းလက်အဖြစ်လဲ သုံးကြပါတယ်။ ဒီခန္ဓာကိုယ်ကြီးထဲမှာဆိုရင်တဲ့ စာတွေထဲမှာ ဖွင့်ဆိုထားတာက အရည်ကို မှီပြီးတဲ့ပိုးတွေရှိတယ်၊ အသားကိုမှီပြီးတော့နေတဲ့ပိုးတွေရှိတယ်၊ အရိုးကိုမှီပြီးတော့ နေတဲ့ပိုးတွေရှိတယ်၊ အကြောကိုမှီပြီးတော့နေတဲ့ပိုးတွေရှိတယ်၊ ချဉ်ဆီကိုမှီပြီးတော့ နေတဲ့ပိုးတွေရှိတယ်၊ အသီတိမတ္တာနိ ကိမိကုလသဟဿာနိ စာထဲကတော့ ဒီလိုရှိပါတယ် ။
အဲဒီနေရာမှာတော့ ရှစ်ဆယ်တိုင်းရှိတဲ့ပိုး မျိုးတစ်ထောင် ၊ ဆိုတော့ ပိုးမျိုး ရှစ်သောင်းဖြစ်သွားတယ် နော် ။ ပိုးအမျိုးအစားပေါင်း ရှစ်သောင်း ဖြစ်သွားတယ် ။ အသီတိမတ္တာနိ ပိုးအမျိုးအစား အကောင်အရေ မဟုတ်ဘူး
နော် ။ အကောင်အရေ ကတော့ ဘီပိုး စီပိုး နဲ့ တင် လန့်လောက်ပါတယ် နော် ။ အဲဒီလို ပိုးတွေရှိတယ် ၊ ဒီပိုးတွေက ခန္ဓာကိုယ်ထဲမှာပဲ အိမ်ထောင်သားမွေး လုပ်ကြတယ်၊ ခန္ဓာကိုယ်ထဲမှာပဲ သူတို့သေရင် သူတို့အလောင်းကောင်တွေကို ပြစ်တယ်။ ခန္ဓာကိုယ်ကို တွိုင်းလက်အဖြစ်လဲ သုံးတယ် ။ ခန္ဓာကိုယ်ကို ဆေးရုံအဖြစ်လဲ သုံးတယ် ။ ဒါ့ကြောင့်မို့လို့ ဒီခန္ဓာကိုယ်ဟာ တောင်ပို့ကြီးလိုပါပဲ လို့ ၊ တောင်ပို့ကြီးနဲ့ တူလို့ တောင်ပို့ကြီးလို့ ခေါ်ပါတယ်။ ၀မ္မိက လို့ ခေါ်ပါတယ်။
ဒီတော့ ၀မ္မိက ဆိုတာ အန်တတ်တဲ့အရာတခု ၊ အအန်ခံရတဲ့အရာတခု နောက်တခုကတော့ တောင်ပို့နဲ့ တူတဲ့အရာတခု ဒီလို ။ ဒီတော့ ဘုရားရှင်က ရှင်ကုမာရ ကဿပကို အဖြေပေး ပါတယ် ။ ၀မ္မိက ဆိုတာ သင့်ရဲ့ ခန္ဓာကိုယ်ကိုပြောတာ ၊ နောက်တခု ညမှာ အခိုးလွှတ်တယ် ။ ဘာတွေအခိုးတွေလွှတ်တယ် ။
ညကျ တော့ အခိုးတွေ လွှတ်တယ် တဲ့ အဲဒီတောင်ပို့ကြီးက နော် ။ အခိုးတွေလွှတ်တယ်ဆိုတာ ညမှာကြံစည်စဉ်းစားတယ် မနက်ဖြန်ခါ ဘာလုပ်ပါ့မယ် နေ့တုန်းက ငါဘာတွေများ လုပ်ခဲ့ပါသလဲ ဘာတွေများလုပ်ခဲ့တယ် ဘာတွေလွဲသွားတယ် ။
ဒီလို ကြံစည်စဉ်းစားတယ် အဲဒီလိုကြံတာကို ဆိုလိုပါတယ်တဲ့ ။ အခိုးလွှတ်တယ်ဆိုတာ ကြံစည်စဉ်းစားမှုရဲ့ နာမည်တခုဖြစ်ပါတယ် ။နေ့ကျတော့မီးလောင်တယ်။ မီးအလျံတွေထတယ် အဲဒီတောင်ပို့ကြီးက နေ့ကျတော့ မီးတွေတောက်တယ် ။ နော်သိလား မီးတွေ တောက်တယ် ။ ဟုတ်လား ခန္ဓာကိုယ် က ဘာတွေလဲ ။ အဲလောဘ ဒေါသ ။ ဒါတွေကတော့ ဓမ္မပုံနဲ့ ပြောတာပါ ။ ညတုန်းက ကျန်တဲ့ဟာတွေကို အလုပ်အဖြစ်နဲ့အကောင်အ ထည်ဖော်ရတယ်နော် ။ ကာယကံ နဲ့ ဆိုင်တဲ့ အလုပ်တွေ ၊ ၀စီကံ နဲ့ ဆိုင်တဲ့ ၊  မနောကံ ဆိုင်တဲ့အလုပ်တွေ လုပ်ရတယ် ။ နေ့ကျတော့ action အဖြစ် အကောင်အထည်ဖော်ရတယ် ။ ဒါကိုပဲနေ့မှာ မီးတောက်ပါတယ်တဲ့ ။ ဒီ ခန္ဓာကိုယ်ကြီးက နော်။ ဒီခန္ဓာကိုယ်ကြီးက မီးတောက်တယ်တဲ့ ညကျတော့အခိုးတွေ လွှတ်တယ် ။ နေ့ကျတော့ မီးတွေတောက်တယ် နော် ။
ဆရာ ဗြဟ္မဏ က ဘာပြောတယ် ။ ဆ၇ာ ဗြဟ္မဏဆိုတာ ရဟန္တာဖြစ်တဲ့ အရဟန္တ ရဟန္တာဖြစ်တဲ့ ဘုရားရှင်ကိုပြောတာ ။ ဘာလို့ ဒီလို ချိန်းနေရသလဲဆိုရင် ဗြဟ္မဏဆိုတဲ့ စကားလုံးက မီးနင်း နှစ်ခုရှိပါတယ် ။ အဓိပ္ပါယ် နှစ်ခုရှိတယ် ။ တစ်ခုကတော့ ပုဏ္ဏားလို့ အဓိပ္ပါယ်ရပါတယ် ။
နောက်တစ်ခုကတော့ ရဟန္တာလို့ အဓိပ္ပါယ်ရပါတယ် ။ အနက် နှစ်မျိုးထွက်တဲ့ စကားလုံးတစ်ခုဖြစ်ပါတယ် ။ ဒီတော့ အနက်နှစ်မျိုး ထွက်တဲ့စကားလုံးတစ်ခုဖြစ်တော့ ဘုရားရှင်က ချိန်းလိုက်ပါတယ် ။
တောင်ပို့ကြီးပုံပြင်မှာဒီ ဗြဟ္မဏကို မြန်မာပြန်သင့်တာကတော့ ပုဏ္ဏားလို့ ပြန်သင့်ပြီးတော့ အခု ဓမ္မအဖြစ်ပြောင်းမယ်ဆိုတော့ ဘုရားရှင်က မိန့်ပါတယ် ။ ဆရာဗြဟ္မဏဆိုတာ ရဟန္တာဖြစ်တဲ့ ဆရာပုဏ္ဏားကိုပြောတာ ။ ဘုရားဆိုတာ ရဟန္တာ တပါးပဲ ဟုတ်တယ်မဟုတ်လား ။ အရဟတ္တဖလကိုရောက်မှ ဒါ ဘုရားဖြစ်တာကိုး ။ ဘုရားကတော့ တခြားပါဝါတွေပါရှိတယ် ။ တခြားဉာဏ်တော် တွေပါရှိတယ် ။ သာမာန်ရဟန္တာကတော့ အရဟတ္တဖလဉာဏ်၊ အရဟတ္တမဂ္ဂဉာဏ် ဒါပဲရှိတယ် ။ ဒီတော့ ဗြဟ္မဏဆိုတာ ရဟန္တာကိုလဲ ဟောတယ်၊ ပုဏ္ဏားကိုလဲဟောတယ် ။
ဒီတော့ ဘုရားရှင်က ဒီနေရာမှာ ဓမ္မပုံစံပြောင်းချင်တဲ့အတွက် ၊ သင်သိထားတဲ့ ဗြဟ္မဏဆိုတာ ဘုရားရှင်ကိုပြောတာ ၊ ဒီတော့ သိသွားပြီ နောက်တခု သုမေဓ ။ တပည့် သုမေဓ ဆိုတာဘာလဲ ။
ဒီတော့ သုမေဓဆိုတဲ့ စကားလုံးလေးက သု ၊ မေဓာ ။ သု ဆိုတာ ကောင်းသော ။ မေဓါ ဆိုတာ ပညာ ။ ကောင်းသောပညာလို့ မြန်မာမပြန်ရပါဘူး ။ ကောင်းသော ပညာရှိသောသူ လို့ ။ ဘာ့ကြောင့်တုန်းဆိုတော့ လူနာမည်ဖြစ်သွားလို့ ။ မဟောသဓတို့ လိုပဲ ။ မဟာနဲ့ သြသဓတို့ တွဲသွားရင် မဟောသဓလို့ ဖြစ်ပါတယ် ။ မဟာက မြင့်မြတ်သော သြသဓက ဆေး ။ ဒါပေမယ့် မြင့်မြတ်သောဆေးလို့ မြန်မာမပြန်ရဘူး၊ မြင့်မြတ်သော ဆေးရှိသူလို့ ပြန်ရပါတယ် ။ ဒီမှာလဲ သုမေဓ ကောင်းသောပညာရှိသူ ။ အဲတော့ သုမေဓ ကောင်းသောပညာရှိသူဆိုတာ ဘယ်သူ့ပြောတာလဲ ဒီတော့ ဘုရားရှင်ကမိန့်တယ် ။ ကောင်းသောပညာရှိသူဆိုတာ တရားအားထုတ် ကောင်းစွာကျင့်ကြံတဲ့သူကိုပြောတာ ရဟန်းကိုပြောတာ။ ကျင့်ကြံအားထုတ်တဲ့ ရဟန်းကိုပြောတာ ။
ဒီတော့ ဆရာဗြဟ္မဏဆိုတာ ဘုရားရှင်ကိုပြောတာ။ တပည့်သုမေဓ ဆိုတာကျင့်ကြံအားထုတ်တဲ့ ရဟန်းကိုပြောတာ ။ ဒီတော့ တပည့်ကတောင်ပို့ကြီးကိုတူးတယ် ။ ဆရာက တပည့်ကိုပြောတယ် မင်း လက်နက်ကို ယူပြီးတော့ တူးပါ ။လက်နက်ကို ယူပြီးတော့ တူးပါဆိုတော့ တူးတယ်ဆိုတာဘာကိုပြောတာလဲ ။ တူးတယ်ဆိုတာ ၀ီရိယရဲ့နာမည်ပဲ ။ ဒီတောင်ပို့ကြီးကို တူးချင်တယ်ဆိုရင် ၀ီရိယမရှိပဲဖြစ်ပါ့မလား ။ မဖြစ်ဘူး ။ ခန္ဓာကိုယ်ဆိုတဲ့ ဒီတောင်ပို့ကြီးကို တူးချင်ရင်လည်း အတူတူပဲ။ ပျင်းနေလို့တော့ မရဘူး ။ ၀ီရိယနဲ့ တူးရတယ်။ တူးတယ်ဆိုတာ ၀ီရိယကိုပြောတာ ။ လက်နက်ဆိုတာ ဘာပြောတာလဲ။ လက်နက်ဆိုတာ မြတ်တဲ့ပညာကိုပြောတာ ။ မြင့်မြတ်တဲ့ပညာကိုပြောတာ ။ လောကီပညာ လောကုတ္တရာပညာ ၊
ဒီတောင်ပို့ကြီးကို တူးချင်တယ်၊ ဒီခန္ဓာကိုယ်ကြီးကို တူးချင်တယ်ဆိုရင် လက်နက်ဆိုတဲ့ပညာမပါဘဲ
ဖြစ်ပါ့မလား ။ မဖြစ်နိုင်ဘူး ပညာဆိုတဲ့ လက်နက်ရှိမှဖြစ်တယ် ။ ဒီခန္ဓာကိုယ်ကြီးကို တူးချင်တယ် တူးချင်တိုင်း တူးလို့တော့မရဘူး ။ နော် ပညာရှိဖို့လိုတယ် ။ ဘုရားရှင်ရဲ့ နည်းစံနစ်တွေလိုအပ်ပါတယ်။
ဒီလိုမှသာ ဒီခန္ဓာကိုယ်ကြီးကို တူးချင်တိုင်းတူးလို့ရပါလိမ့်မယ် ။ ဒီတော့ ခန္ဓာကိုယ်ကြီးကို တူးဖို့အတွက် ဘုရားရှင်က နည်းစံနစ်တွေပေးထားတာရှိပါတယ် ။ ဘာတွေလဲ လို့မေးရင် အားလုံးသိကြတဲ့အတိုင်း ဘာတွေလဲလို့မေးရင် မဂ္ဂင် ရှစ်ပါး ပဲ နော်။ ဒီခန္ဒာကိုယ်ကြီးကို တရားရှိဖို့အတွက် နိဗ္ဗာန်ကိုသွားဖို့အတွက် လမ်းဟာ တခုထဲပဲ ။ အဲဒီလမ်းဟာ ဘာလမ်းလဲလို့ မေးရင်တော့ ဘာလဲ ။
မဂ္ဂင်ရှစ်ပါး ၊ မဂ္ဂင်ရှစ်ပါး ကို နည်းနည်းလေး ချုံ့လိုက်မယ်ဆိုရင်တော့ သီလမဂ္ဂင်သုံးပါးရှိတယ် ။
သမာဓိ မဂ္ဂင် ဘယ်နှစ်ပါးရှိလဲ ။ သမ္မာ သမာဓိ နဲ့ သမ္မာသတိ ရယ် သမ္မာဝါယမ ရယ် ။
ဒါကိုတော့ သမာဓိလို့ ခေါ်ပါတယ်။ သမာဓိမဂ္ဂင် သုံးပါး ။ နောက်တခု ပညာမဂ္ဂင်က နှစ်ပါးရှိပါတယ်။
သမ္မာတိဌိ နဲ့ သမ္မာသကပ္ပ ။ ဒီလိုရှိပါတယ် ။ ဒီတော့ ဒီခန္ဓာကိုယ်ကြီးကို တူးချင်တယ်ဆိုရင် ပထမဆုံး
အနေနဲ့ သီလဆောက်တည်ရပါတယ် ။ သီလရှိမှ တူးလို့ရပါတယ် ။ သီလမရှိရင်တော့ တူးလို့မရပါဘူးနော်။ လူတွေနဲ့ ဆိုရင်တော့ ငါးပါးသီလပေါ့ လူတွေအများသိကြတဲ့အတိုင်း ။ နောက်တခု တခြားရှိတာကတော့ ဗုဒ္ဓဘာသာအနေနဲ့ လက်နက်ကုန်ကူးလို့မရဘူး ။ လူကုန်ကူးလို့ သတ္တ၀ါတွေ ကုန်ကူးလို့လဲမရဘူး ။ အသားတွေကို ကုန်ကူးဖို့ရာအတွက် မွေးမြူရေးတွေလဲ မလုပ်ရဘူး။
ဒါ အသားကုန်ကူးတယ်လို့ ခေါ်ဆိုတယ်။
နောက်တခုက အရက်သေစာ တွေလဲကုန်ကူးလို့မရပါဘူး။ နောက်တခုက အဆိပ် ၊ အဆိပ်ပေါ့ ဒါလည်းပဲ ကုန်ကူးလို့မရပါဘူး ။ ဒါတွေကိုရှောင်ရမှာ ဖြစ်ပါတယ် ။ ဒါတွေ သီလ လို့ ခေါ်ပါတယ် ။
နောက်တခု သမာဓိ ၊ သမာဓိ ကို ထူထောင်ဖို့ အတွက် ဘုရားရှင်က နည်းစံနစ်ပေါင်း ကမ္မဌာန်း လေးဆယ် ၊ ဒါတွေဟာ သမာဓိ ထူထောင်ဖို့ပဲဖြစ်ပါတယ် ။ ကမ္မဌာန်း လေးဆယ်ရှိပါတယ် ။
သမာဓိကို အားထုတ်ချင်တယ်ဆိုရင် အဲဒီကမ္မဌာန်းလေးဆယ်ထဲက တခုခုကိုတော့ ရွေးရမှာဖြစ်ပါတယ် ။
အဲတော့ တရားတခုကို ကိုယ်ကလေ့လာပြီ သိချင်ပြီဆိုရင် ဒါက ဘာအတွက်လဲ ၊
သမာဓိ အတွက်ဆိုရင်တော့ ဒီကမ္မဌာန်း လေးဆယ်ထဲက တခုခုဖြစ်သင့်ပါတယ် ။
အဲတော့ အများသိကြတာတော့ အာဏာပါဏ ကမ္မဌာန်း ဖြစ်ပါတယ် ။
အာဏာပါဏ ကမ္မဌာန်းဆိုရင် သူ့ရဲ့ စည်းကမ်းကို သိဖို့လိုတယ် ။ အဲ့ဒါကို ၀ိသုဒ္ဓိမဂ်မှာဖတ်နိုင်ပါတယ်။
အဓိက သိရမှာတော့ အာဏာပါဏ ကမ္မဌာန်း အားထုတ်ရင် နေရာက ဒီနေရာပဲဖြစ်သင့်ပါတယ်။
နှာခေါင်းထိပ်ဖျား ဒါမှမဟုတ် အထက်နှုတ်ခမ်းဖျား ၊ ဒီနေရာပဲ ဖြစ်ပါတယ် ။ အထဲဝင်နေရင် မရပါဘူး ။
ဒီ အပြင် ဟိုနေရာတွေ ဒီနေရာတွေလဲ မှတ်လေ့မရှိပါဘူး ဒါ အာနာပါဏ ကမ္မဌာန်းပဲ ။
အာနာပါဏ ကမ္မဌာန်းရဲ့ စည်းကမ်းပဲ ။ အဲဒီနေရာမှာရှိတဲံ ၀င်လေထွက်လေကို မှတ်ရပါတယ် ။ ၀င်လေထွက်လေကိုမှတ်ရ တယ်။ အဲ နောက်တော့ အလင်းတွေဘာတွေမြင်လာရင် သမာဓိအင်အားကောင်းလာတယ်လို့ သတ်မှတ်ရပါတယ် ။ အလင်းတွေ ဘာတွေ နမိတ်လို့ခေါ်ပါတယ် ။ နမိတ်ဆိုတာ အာရုံရဲ့ နာမည်ပါပဲ ။ အာရုံပါပဲ ။ နမိတ်က အဆင့်ဆင့်ပြောင်းလဲနိုင်တယ်။ ပထမတော့ လေ တွေ့နိုင်တယ်။ များသောအားဖြင့်တွေ့တတ်တာ မီးခိုးရောင် လိုလေးတွေ့တတ်ပါတယ် ။ အေ၇ာင်အမျိုးမျိုးတွေလဲ ကိုယ့်မျက်နှာရှေ့မှာ ခန္ဓာကိုယ်ရဲ့ ၀န်းကျင်မှာ တွေ့တတ်ပါတယ် ။ နောက်တော့အလွန်အင်မတန်တောက်ပတဲ့အရောင် အဖြစ်နဲ့ ပြောင်းလဲသွားပါတယ် ။ အဲဒီနေရာမှာပဲ ။ အဲတော့ အရောင်တွေကို စတွေ့ပြီဆိုရင် နောက်တခု သူ့ရဲ့ သတိပေးချက်က ဘာလဲဆိုရင်
ဒီအရောင်တွေကို မကြည့်ပါနဲ့ တဲ့ ။ အရောင် တွေကို နှလုံးမသွင်းပါနဲ့ ။
ဘာအရောင် လဲ ပုံစံတွေကို နှလုံးမသွင်းပါနဲ့ ။ ဘာပုံစံလဲ အ၀ိုင်းလား အဖြူလား အမည်းလား ။
နောက်တခုက ဒီနမိတ်ကို မကစားပါနဲ့ ။ ဟိုကို လွှတ်လိုက် ဒီကို လွှတ်လိုက်မလုပ်ပါနဲ့ ။
ဟိုကြည့်ဒီကြည့် ဒီနမိတ်နဲ့ ကြည့်တဲ့အလုပ်တွေမလုပ်ပါနဲ့ ။ ဒီလို စည်းကမ်းတွေရှိပါတယ်။ အဲဒီစည်းကမ်းကိုသေချာလိုက်ပါ မှ ကိုယ်ရချင်တဲ့ သမာဓိကို ရမှာပဲ ဖြစ်ပါတယ် ။ အဲတော့ သေသေချာချာသိဖို့ဆိုရင် ဆရာသမားနဲ့ ကပ်ပြီးတော့ လေ့လာရပါတယ် ။
ဒါကတော့ အင်မတန်အရေးကြီးတဲ့ နည်းနည်းမှားတတ်တဲ့ စည်းကမ်းတခုသာပြောခြင်းဖြစ်ပါတယ် ။ ကြာလာရင်တော့ ဒီအာရုံမှာ အကြာကြီးထားနိုင်ပါတယ် ။ တစ်နာရီထားချင်လဲ ထားလို့ရတယ် ။ နှစ်နာရီ ထားချင်လဲ ထားလို့ရတယ် ။ သုံးနာရီ ထားချင်လဲ ထားလို့ရတယ်။ကိုယ့်ရဲ့ ခန္ဓာကိုယ်ကစွမ်းအားရှိရင် စွမ်းအားရှိသလောက်အချိန်အကြာကြီးထားလို့ရတယ် ။ ဒီလိုဆိုရင် အာရုံက တခုထဲပဲဖြစ်တော့ ဒါကို သမာဓိလို့ ခေါ်ပါတယ် ။ သမာဓိ ၊ စိတ်ကိုကောင်းစွာထားတယ်လို့ အဓိပ္ပါယ်ရပါတယ် ။
အာရုံတခုထဲမှာ ကောင်းစွာ ထားထားနိုင်တယ် ။ ဒါကို သ၊ အာဓိ ။ သမာဓိ လို့ခေါ်ပါတယ် ။
ဒါ သမာဓိ ကျင့်စဉ် အာနာပါဏ နဲ့ ဈာန်အဆင့်ဆင့်မြင့်တက်လို့ရပါတယ်၊ ဒါဆိုရင် စိတ်ကို အာရုံတခုမှာအကြာကြီးထားနိုင်တဲ့ အာရုံအလင်းတွေ ရတယ်။
နောက် ၀ိပဿနာတွေ ရှူဖို့ရာအတွက် အဆင်သင့်ပဲ စိတ်ကဖြစ်နေပါတယ်။ စိတ်က အဆင်သင့်ဖြစ်နေတယ် ။
အလုပ် ခန္ဓာကိုယ်မှာ အားရှိတယ် အဆင်သင့်ဖြစ်နေတယ်ဆိုရင် အလုပ် ကို ကြိုဆိုနေတဲ့အနေအထားမှာ ခန္ဓာကိုယ်က ရှိနေတယ်။ အဲ ဒီအတိုင်းပဲ သမာဓိအားကောင်းလာပြီ ဆိုလို့ရှိရင်တော့ ၀ိပဿနာ ရှူချင်တယ် ကိုယ်ဘာလုပ်ချင်တယ် ။ လုပ်ချင်တဲ့အရာအတွက် ဒီစိတ်က အခန့်သင့်ဖြစ်နေပါတယ် ။
အဆင်သင့်ပဲဖြစ်ပါတယ် ။
ဒါမျိုးကို စာတွေက ကမ္မနိယံ အမှူ ၌ ခန့်တယ် ဒီလိုသုံးပါတယ် ။ ခန့်တယ် ကျန်းမာတယ် သန်မာတယ်ဒီလိုအဓိပ္ပါယ်ရတယ် ။ အရာဝတ္ထုကို တခုခု ရှူချင်တယ် စိတ်ကအသင့်ပဲ ။
ကြည့်ချင်တယ် ကြည့်ချင်တဲ့ဟာ စိတ်ကအသင့်ပဲ ။ မေတ္တာပို့ချင်တယ် ၊မေတ္တာပို့ချင်တဲ့သူကို ကြည့်ချင်တယ် စိတ်ကအသင့်ပဲ ။ အသင့်ပဲ ၊ ကြည့်လိုက်ရုံပဲ ။ နည်းနည်းလေးကြည့်လိုက်တာနဲ့ အဲဒီလူရဲ့ပုံ တန်းပေါ်မှာပဲ ။ ဘာလို့တုန်းဆိုတော့ စိတ်က အားသန်နေလို့ အားကောင်းနေတယ် ။
ကိုယ်ကြည့်ချင်တဲ့အရာတစ်ခုအတွက် ရယ်ဒီဖြစ်နေတယ်။ ဒါက သမာဓိကျင့်စဉ် အာနာပါဏ နဲ့ ဖြစ်ပါတယ် ။ အဲတော့ သမာဓိကျင့်စဉ်တွေမှာ တခုနဲ့ တခုမတူပါဘူး။ တချို့ ပထ၀ီကသိုဏ်း မြေကသိုဏ်း ပွားချင်ရင် ရှေ့မှာ မြေကလေး ချရတယ် ၊ အဲဒီဟာလေးကို မြင် မြင် မြင် နဲ့ ကြည့်ရပါတယ် မျက်လုံးနဲ့ ။ နောက်တော့ မျက်စိမှိတ်လိုက် ဖွင့်လိုက် ကြည့်လိုက် နောက်တော့ မျက်စိမှိတ်ထားလဲပဲ စိတ်နဲ့
မြင်လို့ရပါတယ် ။ စိတ်က မြင်နိုင်တယ် ။ စိတ်က အရာအားလုံးကို အာရုံယူနိုင်တယ် ။ မျက်စိမှိတ်လဲ မြင်နေတာပဲဆိုတာမကြားဖူးဘူးလား ။ ကြားဖူး မှာပါ ။ ကြားဖူးရုံတင်မကဘူး ကြုံလဲ ကြုံဖူးမှာပါ ဟုတ်လား ။ ကမ္မဌာန်း အာရုံတော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့ ။ ကမ္မဌာန်း အာရုံတွေလဲ ဒီအတိုင်းပဲ ။
ပေးထားတဲ့  ဥပမာလေးက  လူ  တစ်ယောက်ခရီးသွားတယ်။  ပင်ပန်းတယ်။  ချွေးတွေထွက်တယ်။   ခန္ဓာကိုယ်က ပင်ပန်းတယ်။   ရေ ဆာတယ်။
အဲဒီအချိန်မှာ ဘာတွေ့လဲဆိုတော့   နွား  ခြေရာခွက်ကလေးတွေ  တွေ့တယ်။  အဲဒီနွား  ခြေရာခွက်ထဲမှာ  ရေတွေနည်းနည်း ရှိတယ်။  ရေငတ်ပြီ။ ခန္ဓာကိုယ်က  ပူနေပြီ။
ဒီရေလေးကို  ခပ်ပြီး သောက်မယ်ဆိုရင်  နောက်သွားမယ်။  ခွက်နဲ့ ခပ်လို့ လည်းမရဘူး။  လက်နဲ့ ခပ်လို့လည်း မရဘူး။  ဒီတော့ သူဘာတွေ  လုပ်ရလည်း ဆိုတော့  ခဲခဲယဉ်းယဉ်းကြည့်ရပါတယ်။  ခဲခဲယဉ်းယဉ်း ရှာဖွေရ  တယ်။  သူခြေထောက်ကို ထောက်လိုက်တယ်။  လက်ကို ထောက်လိုက်တယ်။  ပါးစပ်ကလေးနဲ့    သာအယာလေးလဲ  ကုန်းပြီး သောက်ရပါတယ်။   ခဲခဲယဉ်းယဉ်း  ကျင့်ရပါတယ်။  အဲဒီတော့ သူဟာ  ရေငတ်ပြေသွားတယ်။  အမောပြေသွားတယ်။   ခရိီးကို  ချမ်းချမ်းသာသာ ဆက်လို့ရပြီ။  အခုလိုဘဲ  သံသရာခရီးသွားတွေ  ဖြစ်တော့  မိမိတို့ဟာ  ဒီလိုလူတွေနဲ မတွေ့နိုင်ဘူးလား။  တခါတခါ မဖြစ်မနေ  မပေါင်းရဘူးလား။  ပေါင်းရတယ်။  ပေါင်းရတော့  နွားခြေရာခွက်ထဲမှာ ရှိတဲ့  ရေလေးလိုဘဲ  သေသေ ချာချာဂရုစိုက်ပြီးတော့ဘဲ   ကြည့်ပေးတော့  ။ သူ့ရဲ့ စိတ်ကလေး  ကောင်းတယ်။  သူ့ရဲ့စိတ်ကလေး  ကိုဘဲ ကြည့်ပြီးတော့နေပါ။  ဒါဆိုရင်တော့  ကိုယ် သန္တာန်မှာ  ရှိတဲ့  ဖောင်းတတ်တဲ့  အရာဝတ္တုလေး  တစ်ခု  ပယ်နိုင်ပါလိမ့်မယ်။  ဒီလိုပယ်နိုင်ခဲ့ရင်လည်း  ကိုယ်ခရီးကို  ကိုယ်ချမ်းချမ်းသာသာနဲ့  ဆက်လို့ ရတယ်။ မာန်နတ်ရဲ့သား ကောင်  မဖြစ်တော့ဘူး။  ရန်သူတွေရဲ့ သားကောင် မဖြစ်တော့ဘူး။
နောက် တစ်ယောက်-နောက်တစ်ယောက်ကတော့   ကာယကံကလည်း  မကောင်းပါဘူး ။
ဝစိကံလည်း    မကောင်းပါဘူး။  မနောကံကလည်း  မကောင်းပါဘူး။  မကြည့်တတ်လို့လားတော့  မသိပါဘူး။ (ရယ် လျှက်) သုံးမျိုးလုံး မကောင်းပါဘူး နော်။  အဲဒီတော့  သုံးမျိုးလုံး မကောင်းခဲ့ရင်  ဘယ်လိုလုပ်ရမလဲဆို တော့  ခရီးသွားတစ်ယောက် လမ်း ခရီးမှာ ဖျားနေတယ်။   ပြီးခဲ့တဲ့  ရွာကလည်းဝေးနေတယ်။ နောက် တစ်ရွာရောက်ဖို့ကလည်း  မရောက်သေးဘူး။  ခရီးရဲ့အလယ်မှာ  ရောက်နေတယ်။  လူကလည်း  မကျန်းမမာ  ဖြစ်နေတယ်။ 
လျေက်ပက်တဲ့ အစားစာလည်း  သူမရနိုင်ဘူး။  လျောက်ပတ်တဲ့ဆေး  လည်းဘဲ  မရနိုင်ဘူး။   သူ့ကိုလုပ်ကျွေးပြုစုမယ်သူ  ဆိုတာလည်း ရွာကို  ညွှန်ပြတတ်တဲ့သူတစ်   ယောက်ကလည်း သူ့ကို မခေါ်ဆောင်ဘူး။  အဲဒီလိုလူတစ်ယောက်  မိမိရဲ့ ခရီးမှာ  တွေ့ပြီ ။  ဘယ်လို  လုပ်မလဲ။  ဘယ်လိုစိတ်ထားမလဲ။  ဘာလို့တုန်း။  သူ့အခြေအနေအရပ်ဟာ   အကုန်လုံး  ဆိုးနေ  တယ်။  နာဖျားနေတယ်။  ပြီးခဲ့တဲ့ရွာက  ဝေးနေပြီ    နောက်တစ်ရွာက   မရောက်သေးဘူး။  အစာမ ရဘူး။  ဆေးမရဘူး။  အလုပ်အကျွေးမရှိဘူး။  ရွာကို ခေါ်ဆောင်ပေးမယ့်  သူတစ်ယောက်မရှိဘူး။  ဒီလို လူကို  မြင်ရတဲ့အခါ  ဒီလိုဟာမျိုးဆို ခရီးဝေးဖြစ်ပါလိမ့်မယ်။ ကိုယ်ကလည်းပဲ ခရီးဝေး မလှမ်းနိုင် ဘူးဆိုရင်တော့ သနားခြင်းပဲလက်ဆောင်အဖြစ်ပေးပါရစေ။ (ရယ်လျှက်)။ ဒါပဲရှိတော့တာ။ သနားခြင်း မှတပါး အခြားမရှိတော့ပြီ။
ဒီလိုဆိုလို့ရှိရင် အဲဒီပုဂ္ဂိုလ်ဟာ ကာယကံလည်းမကောင်းဘူး။ ၀စီကံလည်းမကောင်းဘူး။ မနောကံလည်းမကောင်းဘူးဆိုလို့ရှိရင် အဲဒီပုဂ္ဂိုလ်အတွက် အရာရာဟာ ဆိုးပါတယ်။ အခြေအနေတွေဆိုးပါတယ်။ ဒီဘ၀ပဲကြည့်မယ် ဘယ်သူက အပေါင်းအသင်း လုပ်ချင်မလဲ။ ဘယ်သူမှ မလုပ်ချင်ဘူး။ ဘယ်လိုဥစ္စာပစ္စည်းတွေရနိုင်မလဲ။ ဘယ်လိုမှ သူ့မှာ ဥစ္စာ ပစ္စည်းတွေမရနိုင်ဘူး။ သူ့ခရီးက ရှည်ပါတယ်။ ဘာလို့တုန်းဆိုတော့ သံသရာခရီးနော်။ သံသရာခရီး။ သူ့ကာယကံ၊ ၀စီကံ၊ မနောကံတင်မကဘူး။ ခရီးကရှည်တဲ့။ ဘာလို့တုန်း သံသရာခရီးဖြစ်လို့။ နောက် တခုက ရွာကဝေးနေတယ်။ ရွာက နိဗ္ဗာန်ဘဲ။ ဒါဦးပဉ္စင်းတို့သွားရမယ့်ရွာတစ်ခု။ အဲဒီလိုမျိုး ပုဂ္ဂိုလ်အတွက် ကာယကံ၊ ၀စီကံ၊မနောကံ မကောင်းတဲ့ပုဂ္ဂိုလ်အတွက် နိဗ္ဗာန်ဆိုတဲ့ရွာကြီးဟာ ဝေးမနေဘူးလား။ ဝေးနေတယ်။ ရွာကြီးကလည်းဝေးနေတယ်။ ဘောဇဉ်အစားအစာမရဘူး ဆိုတာ ဘာလဲဆိုတော့ ရဟန်းပြုခြင်းရဲ့အကျိုး။ ရဟန်းပြုခြင်းရဲ့အကျိုးဆိုတော့ မင်္ဂလာတရား ဖိုလ်တရားပေါ့ ရဟန်းပြုခဲ့ရင် ဒီပုဂ္ဂိုလ်ဟာ ရဟန်းပြုသော်လည်း ရဟန်းပြုခြင်းရဲ့အကျိုးရနိုင်ပါ့မလား။ မရနိုင်ဘူး။ သူ့အတွက် ဘောဇဉ်တွေ အစားအစာတွေမရှိဘူး။ ရဟန်းပြုခြင်းရဲ့အကျိုးဟာ ဘောဇဉ်ပါ။ ဒဖြင့် ဆေးက ဘာလဲ။ သူ့ကိုကုစားမဲ့ဆေးကဘာလဲ။
သမထနဲ့ဝိပဿနာ။ သူရနိုင်မလား။ မရနိုင်ဘူး။ ကာယကံလည်းမကောင်းဘူး။ ၀စီကံလည်းမကောင်းဘူး။ မနောကံလည်းမကောင်းဘူး ဆိုတဲ့ပုဂ္ဂိုလ် တစ်ယောက် ဘယ်လိုလုပ်တရားရမလဲ။ ဘယ်လိုလုပ်သမထရမလဲ။ ဘယ်လိုလုပ် ၀ိပဿနာကော ဖြစ်ပါ့မလဲ။ နောက်တစ်ခု အလုပ်အကြွေး။ အလုပ်အကြွေးဆိုတာ အဆုံးအမတွေပေးပြီးတော့မှ ကိလေသာတွေ ကုစားတတ်တဲ့ဆေးကောင်း ၀ါးကောင်းပေးမယ့် ပုဂ္ဂိုလ်မရှိဘူး။ သူ့ရဲ့ကိလေသာတွေ ကုစားဖို့ဆိုရင် ဆေးကောင်းဝါးကောင်းလိုအပ်တယ်။ ရောဂါကို ကုစားဖို့အတွက်ဆိုရင် ဆေးကောင်း ၀ါးကောင်းလိုအပ်တယ်။ ဒီလိုဘဲ ကိလေသာတွေရှိနေတယ်ဆိုရင်လည်း ဒီကိလေသာတွေ ဖယ်ပစ်ဖို့ အတွက် ဆေးကောင်းဝါးကောင်းတွေလိုအပ်တယ်။ အဲဒီဆေးကောင်းဝါးကောင်းက ဘာလဲဆိုတော့ သြ၀ါဒနဲ့ အနုသာသနိ။ အဆုံးအမတွေလိုအပ်ပါတယ်။ အဆုံးအမတွေနဲ့ ဒီကိလေသာကို ဖယ်ရှားဖို့ ကုစားရပါတယ်။ ရွာကိုလမ်းညွှန်ပေးတတ်တဲ့သူတစ်ယောက် သူ့အနားမှာမရှိပါဘူး။ ဒီလမ်းညွှန်ပေး တတ်တဲ့သူက ဘယ်သူလဲဆိုတော့ ဘုရားရှင်ဖြစ်ပါတယ်။ ဘုရားရှင်နဲ့ ဘုရားရှင်ရဲ့ တပည့်ကို ချဉ်းကပ်ဖို့ အင်မတန်ခက်ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်အတွက် ကာယကံလည်း မကောင်းဘူး။ ၀စီကံလည်း မကောင်းဘူး။ မနောကံလည်းမကောင်းဘူး။ ဒီတော့ ဘုရားရှင်နဲ့ ဘုရားရှင်တပည့်ဟာ သူ့ကိုချဉ်းကပ်ဖို့အတွက် အခွင့်အလမ်းရပါ့မလား။ ဒါ့ကြောင့်မို့လို့ ရွာဆိုတဲ့ နိဗ္ဗာန်ကို  ညွှန်ပြတတ်တဲ့ ဘုရားရှင်နဲ့ ဘုရားရှင်ရဲ့ တပည့်ဟာလည်း သူ့အတွက်တော့ မရှိပါဘူး။ ဒီလိုဆိုရင်တော့ ဒီပုဂ္ဂိုလ်ကို ဘာလုပ်မလဲ။ သနားမယ်။ (ရယ်လျှက်)။ ပြောသာပြောတာ။ ဟုတ်တယ်။ သနားရမယ်။ တကယ်လို့သာ သူ့ ကာယကံ၊၀စီကံ၊မနောကံကို change ပစ်နိုင်ရင် သူမပြောင်းလဲနိုင်ဘူးဆိုရင် ဒီဘ၀အတွက်လည်း မကောင်းတော့ဘူး။ နောက်ဘ၀အတွက်လည်းမကောင်းတော့ဘူး။ သေပြီးသည့် အခြားတဖက်မှာ အပါယ်ကိုရောက်မှာ နီးနီးလေးဘဲလို့တော့တာ။ လူတွေသေတယ်ဆိုတာ သိပ်အဝေး ကြီးတော့ မဟုတ်ဘူး။ ဟုတ်တယ်မဟုတ်လား။ အသက် (၄၀)ရှိတဲ့ လူတစ်ယောက်က နောက်ထပ် ၄၀/၅၀ ဆိုသွားပြီ။ ကိုယ်ကသာ ကာယကံ မကောင်းဘူးဆိုရင် အဲဒီပုဂ္ဂိုလ်သွားပြီ။ နာကျင်ရုံပဲရှိတော့မယ်။ အဲတော့ အဲဒါတွေကိုတွေးပြီးတော့ကိုယ့်ကိုယ်ကို ဘာလုပ်ရမလဲ။ သနားပါတဲ့။ သနားပါ။ ဒါဆိုရင် တော့ ဒေါသကို ပယ်နိုင်ပါလိမ့်မယ်။ နောက်တစ်ယောက်ကတော့ ကာယကံကလည်းကောင်းတယ်။ ၀စီကံကလည်းကောင်းတယ်။ မနောကံလည်းကောင်းတယ်။ ဘာလုပ်မလဲ။ အကုန်လုံးကောင်းပေမယ့် လို့ ဘုရားရှင် ဒေ၀ဒတ်ကြီး ကြိုက်ရဲ့လား။ ဒေ၀ဒတ်ကြီးက မနာလိုဖြစ်တယ်။ စိတ်ကခက်တယ်နော်။ အကုန်လုံးကေင်းနေပေမယ့်လည်း ကိုယ့်မှာ ကိလေသာတွေကဆိုးဝါးတယ်ဆိုရင်တော့ နှိပ်စက်တယ် ဆိုရင်တော့ မနာလိုဖြစ်တတ်တာလည်း ရှိတတ်သေးတယ်။ သူက ကောင်းတာပဲ။ ဘုရားရှင်လို ပုဂ္ဂိုလ် မျိုးတောင် ရှိတယ်ဆိုတော့ ကျန်တဲ့လူပုဂ္ဂိုလ်မျိုးကတော့ မပြောတော့နဲ့ဟုတ်လား။ ရှိမှာဘဲ။ ဒါပေမယ့် လို့ ကိုယ့်က အဲ့လိုပုဂ္ဂိုလ်မျိုး တွေ့ခဲ့ပြီ   ဘယ်လိုလုပ်မလဲ။  ဥပမာလေး  ပေးထားတယ်။    လူတစ် ယောက်ခရီးသွားတယ်။  မောပန်းတယ်။ ရေငတ်တယ်။ ချွေးထွတ်တယ်။ ပူတယ်။  အဲဒီအချိန်အခါမှာ  အမတန်ကြည်လင်သန့်ရှင်းတဲ့ရေတွေ့တယ်။  ကြည်လင်တယ်။ သန့်ရှင်းတယ်.။  အဖြူရောင်တွေ့ တယ်။  ရေက  သန့်ရှင်းနေတော့ဖြူတာပေါ့.။  နဘေးမှာ အရိပ်ကောင်းကောင်းသစ်ပင်တွေရှိတယ်။   ဆိပ်ကမ်းကလည်းကောင်းတယ်။ စောက်အနက်ကြီးမဟုတ်ဘူး။  ပြေပြေလေး။ ရေကလည်း ကြည်  လင်တယ်။  သန့်ရှင်းတယ်.။ ကိုယ်ကလည်း ပင်ပန်းနေပြီ။  ဘယ်လိုလုပ်မလဲ။ရေထဲကိုခုန်လိုက်မှာ  ပေါ့။ ခွမ်း ကနဲ့။ ဟုတ်တယ် မဟုတ်လား။ ခုန်လိုက်မယ်.။ ချိုးလိုက်မယ်။  သောက်လိုက်မယ်။ ပြီးတော့ သစ်ပင်ရိပ် တစ်ရိပ်မှာ အားရပါးရနားလိုက်မယ်။   အဲလို။ အေး  အဲလိုပဲတဲ့  အကုန်လုံး ကောင်းတဲ့  သူတစ်ယောက်ကို တွေ့ပြီဆိုရင်တော့ ကိုယ်ကြိုက်တာကို  အာရုံပြုရုံဘဲ။  ကာယကံကောင်းရင်   ကာယကံလေ။ အာရုံပြုပြီးတော့ ၀မ်းသာနေတာ။ ၀စီကံကြည်ချင်လား။  သူက ၀စိကံ ကြည်လည်းရ တယ်။ ၀စိကံ ကလည်းအကုန်ကောင်းတာဘဲ။ စိတ်ကိုကြည်လိုက် ။ စိတ်ကိုကြည့်လိုက်ရင်လည်းဘဲ ကောင်းတာဘဲ။ ကိုယ်ကြိုက်တဲ့ဟာ ကြည့်ရုံဘဲ။ ဒါကြောင့်  ဆရာတော်ကြီးတွေ သွား ၊သွား မဖူးဘူး လား။ ဖူးတယ်။ ဒါဘဲ ။ အဲဓိက ၊ကနော်။  သူ့ကိုဘာကြည့်လိုက် ကြည့်လိုက်ကောင်းတာကို။  ကာယ ကံလည်း  ကောင်းတယ်။ ၀စိကံကလည်းကောင်းတယ်။ မနောကံကလည်း  ကောင်းတယ်။ အဲဒီတော့  ကြည့်ရတာဟာ ပျော်သွားတယ်နော်။  ကြည့်ရတာဟာ ပျော်သွားတယ်။ တစ်ခုက  မကောင်းဘူးဆိုရင် တော့ လှစ်ကနဲ အဲဒါကိုမြင်တာ။ ဟုတ်တယ်  မဟုတ်လား။ အဲဒီတော့  မပျော်ဘူး။ အကုန်လုံး ကောင်းတဲ့သူတွေကို အဲလိုကြည့်နိုင်ပါတယ်.။ ကိုယ်ကြိုက်တာကို  ကြည့်ရုံဘဲ။ ဒါဆိုရင်တော့ ပျော်သွားတာမှာ။ ဒေါသတွေကို  ပယ်နိုင်မှာ ။ အဲဒီတော့   ဥတုပါရိက  ဆိုတဲ့ ဒီဖားကိုတွေ့ခဲ့မယ်။ သူဟာ တောင်ပိုကြီးကို တူးတဲ့အချိန်ကာလမှာ ခုတုပါရိကဆိုတဲ့ ဖားကိုတွေ့ခဲ့မယ်ဆိုရင်တော့  ဒါဟာ ဒေါသကို ရည်ညွှန်းပါတယ်။ ဒေါသတွေ ဖြစ်ခဲ့မယ်ဆိုရင်တော့ အဲ့ဒီဒေါသကို ဆင်ခြင်မှုနဲ့ပယ်ပါ.။ဒီလို ပြောပါတယ်.။ ဒါက ပုဂ္ဂိုလ်တွေနဲ့ ဆိုင်တဲ့ ပယ်နည်းတစ်ခုဖြစ်ပါတယ်။ ပစ္စည်းတွေဆုံးရှုံးလို့ပယ်နည်း  ကတော့ အနိစ္စသဘောတွေ ဘာတွေရတယ်။ ဒီလိုဆိုရင်တောင်  ပယ်နိုင်ပါတယ်။ အခုပြောခဲ့တဲ့  သုတ္တန်ကတော့ ပယ်တဲ့  ပယ်နည်းတစ်ခုဘဲ ဖြစ်ပါတယ်။  နောက်တစ်ခု တွယ်တာပဒ  လမ်း နှစ်ခွကို တွေ့တယ်။ လမ်းနှစ်ခွ ဆိုတာဘာလဲ။ ၀ိစိကိစ္စ။ သံသယ ယုံမှားမှု။ ယုံမှာဆိုတာ ဒါအမှန်လား  အမှား လား။ ဒါဟာ တကယ်လား။ လိမ်နေတာလား။ ဒီလိုပေါ့။ သူက လမ်းနှစ်ခွရှိတယ်။ ၀ိစိကိစ္စဆိုတော့ မဆုံးဖြတ်နိုင်ဘူး။ မဆုံးဖြတ်နိုင်ဘူး။ လမ်းနှစ်ခွဖြစ်တယ်။ စိတ်ရဲ့ တချို့က မြန်မာတယ်။ နှလုံးနှစ်ခွ    နှလုံးနှစ်ခွ  နှလုံးက မှန်လား။  မှားလား။ ဒီလိုပေါ့။ အဖြူလား အမဲလား။ ဒီလို နှလုံးက နှစ်ခွဖြစ်တယ်။  မဆုံးဖြတ်နိုင်ဘူး  ပင်ပန်းတယ်။ တရားတစ်ခု စဉ်းစားရင်  ၀ိစိကိစ္စရှိနေရင်   ပင်ပန်းတယ်။    ဘာ     ကြောင့်လဲ။ ကိုယ်က မဆုံးဖြတ်နိုင်ဘူး။ ဒါမှားလား။ မှန်လား  မတွေ့နိုင်ဘူး။ အင်မတန်  ကုသရ    ခက်ပါတယ်။ ဒါမျိုး ၀စိကိစ္စဆိုတာ ၀ိကတ္တာ  ကို ကုစားမှုရှိတယ်။ ကုစားရခက်တယ်။ နှလုံးနှစ်ခွဖြစ်နေ တော့  ။ ကိုယ်ကတွေးလို့က မရဘူး။ ဉာဏ်နဲ့စဉ်းစားလို့က  မရဘူး။ ဒါမျိုးကို ၀ိစိကိစ္စလို့  ခေါ်ပါတယ်။ ဒါဟာတရား ကျင့်ခြင်းရဲ့ အန္တရာယ် တစ်ခုဖြစ်ပါတယ်။ အခု အာနာပါန အားထုတ်တယ်။ ဒီ  အာနာပါ နဟာ အမှန်ဖြစ်ခဲ့ရင် အမှန်တော့ ဖြစ်တယ်။ ဒါပေမယ့်  ကိုယ်ကယုံမှာ နေတယ်။ မှားလား မှန်လား  (စိတ်က အားမကောင်းတော့ဘူး)။ ၂ကြိမ်  ဒီလိုတွေ အများကြီးဖြစ်လာရင် နော်ကဆုံးမှာ ကိုယ်က  လည်း မတိုးတက်တော့ ဘူး။ မတိုးတက်ရင်  ဘာလုပ်မှာလဲ။ ပြန်တော့ မှာပေါ့  ။ ကိုယ်အိမ်ကို။ ဟုတ် တယ်  မဟုတ်လား။ နဂိုကတည်းကမှ  ပြန်ချင်တာ ဟုတ်တယ်မဟုတ်လား ။ အဲ့ဒီလိုဖြစ်တော့  အကျင့်ရဲ့အန္တရာယ်တစ်ခုဖြစ်ပါတယ်။အဲ့တော့ ၀ိစိကိစ္စကိုယ်ဖို့ လိုအပ်တယ်။ တရားကျင့်ရင်တော့ ။ အမှန်တရား တစ်ခုကိုသေချာသိအောင် လုပ်ရတယ်။ ဆုံးဖြတ်ချရတယ်။ ယုံကြည်မှုနဲ့ အားထုတ်ရပါ တယ်။ တကယ်လို့ မယုံကြည်ခဲ့ဘူး။ အမှားဖြစ်နေတယ်။ မယုံကြည်ဘူး ဆိုရင်တော့   ကောင်းတယ်ပဲ ပြောရမှာဘဲ။ အမှန်ဖြစ်နေတယ်။ မယုံကြည်ဘူး ဆိုရင်လည်းဘဲ ယုံမှား  သံသယတွေ ရှိနေရင် မတိုးတက်ပါဘူး။ ဒီတော့ တရားတွေအားထုတ်တဲ့အခါမှာ  ဘာတွေတွေ့မယ်ဆိုတဲ့ကြိုပြီးတော့  သိရတဲ့ လမ်းညွှန်ချက်တွေရှိပါတယ်။ တကယ်လည်းပဲ  တွေ့ရပါတယ်။ ဒါပေမယ့်လို့  တချို့လူတွေက  ဘယ်လိုစုံစမ်းလဲဆိုတော့ ဒီအတိုင်း  အာနပါနတွေ့ရင် အလင်းလေး တွေ့တက်တယ်။ ကျင့်ရင်   အလင်းလေး တွေ့တက်တယ်လို့ ပြောတယ်။ တကယ်လည်းဘဲ  သူတွေ့ပါတယ်။ ဒါပေမယ့်   စစတွေ့ ချင်းမှာ  သူမယုံနိုင်ဘူး။ ဟော ဟုတ်လား  မသိဘူး။ ဒါ  ငါထင်တာလားမသိဘူး။ တစ်ယောက်  ယောက်များ  မီးနဲ့ထိုးသလား။ အင်း ဒီလို  နည်းနဲ့ သူက အမျာကြီး စစ်ဆေးတယ်။ စစ်ဆေးလိုက်ပြီဆို ရင်တော့    ဒါကျင့်တဲ့စိတ်ဓါတ်တွေက လျော  မသွားဘူးလား။ လျောသွားတယ်။  သိပ်ပြီးတော့  ကိုယ်  ကိုယ်  ကို  မယုံဘူး။  ပထမဆုံးတော့   လက်ခံထားဖို့  လိုအပ်ပါတယ်။  ဆက်ပြီးတော့ ယုံယုံကြည်ကြည်နဲ့  နည်းစနစ်အတိုင်း  ဆက်ကျင့်ဖို့လိုအပ်ပါတယ်။   ဘာလို့တုန်းဆိုတော့    ဒီအခြေ အနေလေးက  အင်မတန်နုသေးတဲ့  အခြေအနေလေးဖြစ်ပါတယ်။   အဲံဒီနုသေးတဲ့အခြေအနေမှာ  ကိုယ်ကသံသယတွေက   အများကြီး  နှိပ်စက်  လိုက်ရင်တော့  ပျောက်သွား  မှာဘဲဖြစ်ပါတယ်။  ခန္ဓာကိုယ်ကို ရှုတယ် ။    နောက်ဆုံးမှာ  အမှုန်လေးတွေမြင်ရမယ်လို့  ပြောတယ်။ တွေ့လည်း  တွေ့တတ် ပါတယ်။   အစတော့  ဒါပေမယ့်  ငါစိတ်ထင်လို့ဖြစ်မှာပါ   စသည်ဖြင့် မယုံနိုင်ဘူး။  အခြေအနေလေး  က နုသေးတယ်။ မယုံမကြည်အများကြီးဖြစ်နေတယ်။   အခြေအနေလေးက  နုသေးတယ်။   မယုံမ ကြည်တွေက  အများကြီးဖြစ်နေတော့  မရှင်းဘူးဖြစ်ပါတယ်။  တကယ်လို့သာ  ယုံယုံကြည်ကြည်နဲ့    သူဆက်ရှုခဲ့မယ်ဆိုရင်တော့  နောက်ကျရင်တော့  ဖြည်းဖြည်းချင်းလေ့လာမယ်ဆိုရင်တော့   သေချာ သွားမှာဘဲဖြစ်ပါတယ်။   ပထမဆုံး  အနေနဲ့တော့  ကွက်ကွက်ကွင်းကွင်းမြင်ချင်လို့တော့  မရပါဘူး။     ဘာ ကြောင့်လဲဆိုတော့  စိတ်က  တိုးတက်နေတဲ့ လုံလောက်တဲ့ တိုးတက်မှုကို  မရသေးဘူးဖြစ်ပါ  တယ်။   ဒါကြောင့်မို့  ၀ိစိကိစ္စကို  ဖိတ်ရင်  ဆရာ  လမ်းနှစ်ခွကိုတွေ့ပြီ။  ဆိုတော့    ဆရာက ပြော  တယ်။  ဥက္ခိတ   သုမေဓ -မင်း ဖယ်ပြစ်။   အဘိ ခန္ဓာ  သုမေဓ -မင်းဆက်တူး။    ဒီလိုပြောပါတယ်။  ဒီတော့  ယုံမှား  သံသယတွေ ၊ မိမိက ခန္ဓာ  ကိုယ်ကြီးတူးလို့  ယုံမှား သံသယ  တွေဝင်လာခဲ့ပြီဆိုရင်တော့  ဖယ်ပစ်ပါ။   ဆက်တူးပါ။ ဘယ်လိုဖယ်ရမလဲ  ဆိုတော့  ကမ္မဋ္ဌာန်းကို သင်ပါ။   မေးပါ  မိမိယုံမှား သံသယ ရှိရင် မေးပါ။       ပျောက်သွားမယ်။  သင်ပါ။   သင်လို   ဆရာက  သေသေချာချာ   ရှင်းပြနိုင်ခဲ့ရင် မိမိရဲ့ သံသယ   လေး ပျောက်သွားမှာ  ဖြစ်ပါတယ်။  ဒီလိုဆိုရင်တော့   ဆက်လက်ပြီးတော့  တောင်ပို့ကြီးကို  တူးလို့ ရပါတယ်။  နောက်တစ်ခု  ဆင်ဂ၀ါဒ  ဆပ်ပြာရေစစ်ကို  တွေ့တယ်။  ဆပ်ပြာရေစစ်ဆိုတာက တော့   ခ၀ါသည်တွေသုံးတယ်လို့  စာထဲမှာပါ ပါတယ်။   ဖျော်တဲ့သူတွေသုံးတယ်။့ ဒီတော့  ဒီလို ဖြစ်နိုင်ပါတယ်။  ရှေးတုန်းက   ဆပ်ပြာတွေ ပေါက်တဲ့ နေရာရှိတယ်။  မြေကြီး တွေကနေ  ဆပ်ပြာ  တွေပေါက်တယ်။   အဖြူလေးတွေ။  အဲဒီတော့   အဲ့ဒီဆပ်ပြာတွေကို  ကောက်ရတယ်။  ဦးပဇင်းတို့ နေတဲ့  နေရာရဲ့အနီးအနားမှာတော့  အဲလိုနေရာမျိုး တစ်ခုရှိတယ်။   အဲ့ဒီဆပ်ပြာလေးတွေ  ကောက်   တော့ အဲဒီသဲလေး တွေလည်း  နည်းနည်းပါတယ်။  အဲဒီတော့  ဒီဆပ်ပြာကို    သန့်သန့်ရှင်းရှင်း လို  ချင် တယ်ဆိုရင်တော့  ဆပ်ပြာကို  ရေစစ်ထဲကိုထည့်ပြီး  ရေနဲ့ လောင်းချရင်တော့  ဆပ်ပြာတွေ   အောက်ကျ သွားမှာဘဲ  ဖြစ်ပါတယ်။     ဒါက   ဆပ် ပြာရေစစ်အသုံးပြုနည်း  တစ်ခု    ဆပ်ပြာရေ  စစ်ရဲ့ သဘောဖြစ်ပါတယ်။   ဒီတော့  ဒီနေရာမှာ  ပြောချင်တာကတော့  ဆပ်ပြာရေစစ်ထဲကို  ရေတွေ   အများကြီး လောင်းထည့်။   အဲလိုလောင်းထည့်နေသော်လည်းဘဲ   ရေဟာနည်းနည်းလေးမှ  ဆပ်ပြာ  ရေစစ်ထဲမှာ မတည်ပါဘူး။   အကုန်လုံးဟာ  အောက်ကို ကျသွားပါမယ်။   အဲဒီတော့   ဆပ်ပြာရေစစ် ဟာ    ဒီနေရာမှာ  ဘာလဲလို့ မေးရင်   နိဝါရဏ   တရား  ငါးပါး  ။ နိဝါရဏာ  တရား  ငါးပါး  ပိတ်ဆို့  တားဆီးတတ်တဲ့ တရားငါးပါး    ကာမဆန္ဒ နိဝါရဏာ- ကာမဂုဏ် အာရုံတွေမှာ လိုချင်တတ်တဲ့  သဘောတရား။ ဗျာပါဒ နိဝါရဏာ-ဒေါသထွက်တဲ့ သဘောတရား၊ထိနမိတ္တ  နိဝါရဏာ- အိပ်ချင်တဲ့  ငိုက်မျဉ်းတဲ့  သဘောတရား၊  အလုပ်တစ်ခုကို  ရပ်ပစ်ချင်တယ်။   ပြန်ချင်တယ်။  တရားဆက်မနာချင်  တော့ဘူး။ (ရယ်လျှက်)   ဒါ  ထိနမိတ္တ သဘောတရား။   အဲဒီလို  ငိုက်မျဉ်းတယ်။   ပျဉ်းရိလာတယ်။   ဒါလည်းအတားအဆီးတစ်ခု  နောက်တစ်ခုက  က္တုဒိစ္ဆ   က္ကုကိစ္ဆ-  ပျံလွှင့်တယ် ။     နောင်တ  တဖန် ပူပန်းတယ်။  ၀ိစိကိစ္စ  နိဝါရဏာ - ယုံမှသသံယ ရှိတယ်။  ဒါနိဝါရဏာ တရား ငါးပါးအဘိဓမ္မာလေ့လာ  လို့ရတယ်။  ကာမဆန္ဒ  နိဝါရဏာ-  လောဘကို ဆိုလိုပါတယ်။  ဗျာပါဒ၊ ဒေါသထွက်တာ၊  ထိနမိတ္တ- ဒါကတော့  သူ့ရဲ့ ပုံစံပဲ  အိပ်ချင်တာနဲ့  အိပ်ချင်  ငိုက်မျဉ်းတတ်အလုပ်  တစ်ခုကို  ရပ်ပြစ်ချင်တဲ့  သဘောတရား၊ က္ကုဒိစ္ဆ   က္ကုဒိစ္ဆ  နဲ့  က တတွဲ။  ထိနမိတ္တနဲ့က  တတွဲ    တစ်ခုဖြစ်တယ်။  အရေအ   တွက်ပါတယ်။  အဲဒီတော့  ငါးပါးပေါ့ ။  အဲဒီ ငါးပါးရှိနေရင်တော့   ကုသိုလ်တရား  တွေ   လုပ်ထား  သော်လည်း   ယိုစီးသွားမှာဘဲ။  တရားအားထုတ်တယ်။   အိပ်ချင်ပြီဆိုရင်တော့   နဂိုတုန်းက  ထူထောင်လာတာလေးတွေပျောက်မသွားဘူးလား ။  ပျောက်သွားပါတယ် ဘုရား။  ပျောက်သွားရော။    ထူထောင်လို့   မရဘူး။  အဲ လောဘတွေကြီးလာပြီ  ဆိုလို့ ရှိရင်လည်း  ဒီအတိုင်းဘဲ        တစ်ခု  ခုလိုချင်တယ်။   ငါအလုပ်ထွက်လုပ်တာကမှ   ပိုက်ဆံရလိမ့်အုံးမယ်။    ဟုတ်တယ်မဟုတ်လား။  ပျောက်သွားတယ်။   လိုချင်မှုတွေ  အားကြီးလာရင်  အကုန်လုံး  ကိုယ့်သန္တန်မှာ  မရှိတော့ဘူး။   ဒေါသတွေ  အားကြီးရင်  ၊ မငြိမ်သက်မှု  တွေအားကြီးရင်၊  သံသယတွေအားကြီးရင်  ကိုယ်ရဲ့  သန္တန်က နေကုသိုလ်တွေအကုန်လုံး  လျှောက်ကျသွားတယ်။   ဒါကြောင့်မို့လို့  ဒီတရား  ငါးပါးသည် ရေစစ်နဲ့တူတယ်။   ဖယ်ပြစ်ပါ။  ဆက်တူးပါနဲ့နော်။  အဲတော့   ဘယ်လိုဖယ်ပြစ်ရမလဲဆိုတော့။  တဒင်္ဂပဟံ  ၀ိခါမနပဟံ။ တဒင်္ဂပဟံ  ဆိုတာ   ၀ိပသာနာ  ကျင့်ရင်  အဲဒါတွေ  ပယ်နိုင်တယ်။  ၀ိခါမန ပဟံ ဆိုတာ  ကြာကြာလေး ခွာထားတာ။   ဈာန်တရားအား ရ၀တ်နေရင် ပယ်နိုင်တယ်။   ဈာန်တရား  ဆိုတာ   တစ်နာရီထားချင်ရင်  တစ်နာရီမှာ စိတ်ကိုအာရုံမှာ  ထားလို့ရတယ် ။    ဒါဆိုရင်တော့  ဒေါသတွေလည်း  မထွက်တော့ဘူး။  ပျံ့လည်း  မပျံ့လွှင့်တော့ဘူး။   စိတ်လည်းမတိုတော့ဘူး။  အဲဒီ  လိုဈာန်တရားတွေ အားထုတ်ပြီး  ပယ်ပါ.။   အဲပုံပြင်လေးကတော့   နည်းနည်းလေး  ရင့်ကျက်လာပြီ ပဲဖြစ်ပါတယ်။    နည်းနည်း  အဆင့်မြင့်လာပြီ။   ဒါဆိုရင်  တော့ပြီခါနီးပြီလို့  မှတ်ပါတယ်။   နောက်  တစ်ခု  ကုမ္မာ  လိပ်ကိုတွေ့တယ်။  လိပ်ကိုတွေ့တယ်။ လိပ်ဆိုတာဘာလဲ.။  ခန္ဓာငါးပါးကိုပြောတာ။   လိပ်မှာသိတယ်မဟုတ်လား။ ခြေနှစ်ချောင်းရှိတယ်.။  ခေါင်း တစ်လုံးရှိတယ်။   ဒါ့ကြောင့်မို့လို့  ဘုရား  ရှင်က ပြောတယ်။  လိပ်ဆိုတာ  ခန္ဓာငါးပါးကိုပြောတာ။   အဲဒီတော့  ဆရာက ပြောတယ်။  ဥက္ခိတသု  မေဓ   မင်းဖယ်ပြစ်။  အဘိ ခန္ဓ  သုမေဓ  မင်းဆက်တူး။    ခန္ဓာငါးပါးကို  ဆယ်လိုဖယ်ရမှာလဲ။   ဒီ    ခန္ဓာပေါ်မှာ  တွယ်တာတပ်မက်တဲ့   ဆန္ဒရာဂ  ကိုဖယ်ပါ။  တွယ်တာတပ်မက်တဲ့  စိတ်ထားကိုပယ်ပါ။  ဒီလိုကြီးသာ  ငါ့တရား အားထုတ်နေရင်တော့  ငါ့တော့  ရောဂါတွေတော့  ရတော့မှာဘဲ။  (ရယ်လျှက်)  တွယ်တာတယ်နော်။  ခန္ဓာကိုယ်ကို  အများကြီးတွယ်တာတယ်။   ဒီတော့  အများကြီးမတွယ်တာ  သင့်ပါဘူး။  အဲ  ဆန္ဒရာဂ  ကိုပယ်ပါ။  ဘာလို့တုန်းဆိုတော့  ခန္ဓာကိုယ်က  ကိုယ်တွယ်တာ  သော်     လည်းဘဲ  ကိုယ်တွယ်တာ  သလိုသူက  ကောင်းနေမှာလား။   မကောင်းနိုင်ဘူး။  ဘယ်လောက်ဘဲ  စောင့်ရှောက်စောင့်ရှောက်   တနေ့အိုမသွားဘူးလား။  အိုသွားတယ်။   နာသွားတယ်။   နောက်ဆုံး  သေသွားတယ်။   စောင့်ရှောက်တဲ့  သူတောင်မှ  သူက သတ်တတ်တယ်။   ခန္ဓာငါးပါးကိုစတွေက   ပြောတယ်။   မိတ်ဆွေမျက်နှာနဲ့ရန်သူ  ရန်သူ  ဒါပေမယ့်  မိတ်ဆွေမျက်နှာနဲ့ ။  ပြုံးပြုံးလေးနဲ့  နေ  တယ်။  မိတ်ဆွေအဖြစ်နဲ့  ပေါင်းနေတယ်။  ပြီးတော့  မိတ်ဆွေကိုဘဲ  ဘာလုပ်သွားလဲ။   သတ်သွားတယ် ။  အဲဒါမျိုးကို မိတ်ဆွေမျက်နှာနဲ့  ရန်သူ ဒီလိုခေါ်တယ်။  ခန္ဓာငါးပါးကလည်း ဒီအ   တိုင်းဘဲ။  ကိုယ်က  သူ့ကို မဟုတ်တာတွေ ထင်ပြီးတော့  ပြုစုတယ်။  လုပ်ကြွေးတယ်။  ပျိုးထောင်  တယ်။  ဒါပေမယ့်လို့  တနေ့ကျဘာလုပ်သွားလဲ  ကိုယ်ကိုဘဲ   သတ်သွားတယ်။   ကိုယ်ဘဲသတ်သွား  လို့ ငိုရတာပေါ့   ဟုတ်လား။  သေခါနီးမှ  ငိုကြွေတယ်။   သူများတွေသေရင် ငိုကြတယ်။  ဘယ်သူ  သတ်တာလဲ။    ခန္ဓာကိုယ်က  သတ်သွားတာ  နော်။  ခန္ဓာကိုယ်က   မိတ်ဆွေမျက်နှာနဲ့  ရန်သူဘဲ ။  ကိုယ်က ပြုစုနေတာ  ဆိုတော့ကိုယ်က  သူရဲ့  မိတ်ဆွေဘဲလေ။  ဒီမိတ်ဆွေကိုမှ သတ်တဲ့သူက  မရက်စက်ဘူးလား။   ရက်စက်တယ်။   ဒါပေမယ့်   မတွယ်တာဘူးလား။    တွယ်တာတယ်။  ဘယ် လို့လုပ်မလဲ။  ဆန္ဒရာဂ  ကိုပယ်ပါ။ နောက်တစ်ခု   အသိသုန-ဒါကတွဲ လျှက်နဲ့ ပါတာ။  သံလျှက်နဲ့စဉ်း  စားနှီးတုံး။   (သားလှီးစား နဲ့ စဉ်းစားနှီးတုံး) ၂ကြိမ်။   သားလှီးစားနဲ့ စဉ်းနှီးတုံး  ဆိုတာ ဘာပြောတာ  လဲဆိုတော့  စဉ်းစားနှီးတုံး  ဆိုတာကတော့  ၀တ္တုကာမတွေကိုပြောတာ  လိုချင်ဖွယ်ရာ အာရုံတွေ   ပေါ့။  လိုချင်ဖွယ်ရာ အာရုံတွေ။  အဘိဓမ္မာလိုပြောတော့  အဆင်းတွေအနံ့တွေ  အသံ  အရသာအ  တွေ့ အထိ။  အဲဒါအဘိဓမ္မာလိုပြောတာ။  ငါးခုထဲပြီးရော။  (ရယ်လျှက်)  သူတ္တန်လိုပြောရင်တော့ အ  များကြီးပေါ့။ ကားတွေအိတ်တွေ  တိုက်တွေ  ဟုန်းဖုန်းတွေ  အကုန်လုံး။  အဲဒါတွေကို  ၀တ္တုကာမလို့  ခေါ်ပါတယ်။  အဲဒါက စဉ်းနှီးတုံး။  ကိလေသာ ကာမဆိုတာက  အဲ့ဒီအပေါ်မှာ  တွယ်တာထပ်မက်နေ  တဲ့ ကို်ယ်သဏ္ဍာန်မှာရှိတဲ့  လောဘကိုပြောတာ ။  အဲဒါဘာလဲ။  သားလှီးဓား နော်။  သားလှီးဓား   သားလှီးဓားနဲ့ စဉ်းနှီးတုံး  ပေါ်မှာတင်ပြီးတော့  သတ္တ၀ါတွေကို  (နုပ်  နုပ် စဉ်းတတ်တယ်)၂ကြိမ်။  သားလှီးဓားရှိမယ်။  စဉ်းနှီးတုံးရှိမယ်။ စဉ်းနှီးတုံးဆိုတာ ဘာလဲ။  လိုချင်ဖွယ်ရာအာရုံတွေ။  အဲဒီ လိုချင်ဖွယ်ရာအာရုံတွေ ကိုကြည့်လိုက်ရင်  ကိလေသာတွေ ထကြွမလာဘူးလား။   ထကြွလာတယ်။   ကိလေသာတွေ  ထကြွလာတယ်။  လောဘတွေကြီးတယ်။    ဒေါသတွေကြီးတယ်။  အဲလို  ပုဂ္ဂိုလ်မျိုး  တောင်ပို့ကြီးကို တူးချင်လို့ရပါမလား။    ခန္ဓာကိုယ်ကြီးကို ဖြိုခွင်းချင်လို့  မရဘူး။  အဲ့ဒီတော့ ကိုယ်ဟာ  တရားမရဘူး   ဆိုရင်  ဘ၀မှာ အဖန်ဖန်ထပ်ထပ်  မသေဘူးလား။   သေမယ် တခါတလေ  နာမယ်။   တခါတလေ အိုမယ်။  နောက်တော့ သေမယ်။   ဒီတော့  ကိလေသာကာမ  ဆိုတဲ့ ဒီသား လှီးဓါးက  ၀တ္တုကာမ လို့ ခေါ်တဲ့ စဉ်းနှီးတုံးပေါ်တင်ပြီးတော့ သတ္တ၀ါတွေကို ဘာလုပ်လဲ။ နုပ် နုပ် နုပ် နုပ် စဉ်းတယ်နော်။  အဲဒီတော့  သားလှီးဓားနဲ့ စဉ်းနှီးတုန်းကို ပယ်ရမယ်။  နောက်ဆုံး ထွက်တဲ့ဖုန်းကို   တော့  လိုချင်တုန်းပဲ ရှိအုန်းမှာပေါ့။  (ရယ်လျှက်) လိုချင်တုန်းပဲ ရှိအုန်းမှာ ။   ဒါဆိုရင်တော့  အလုပ် လုပ်အုန်း။  ရှာအုံး  ပိုက်ဆံ။   ဟုတ်တယ်မဟုတ်လား ။  နောက်တစ်ခု လိုချင်တယ်ဆိုရင်  ရှာအုံး။ တရားအား ထုတ်လို့တော့  မဖြစ်သေးဘူး။  ဟုတ်တယ်မဟုတ်လား။   ကိုယ်ကမှ မရောင်းရဲနိုင်သေး  တာ။  ဒါကို လိုချင်သေးတယ်ဆိုရင်တော့ ရှာရအုံးမှာနော်။  ရှာရအုံးမှာ ။  ဒီလိုဆိုရင်တော့လည်း    သားလှီးဓားနဲ့ စဉ်းနှီးတုံးနဲ့ အသင့်ပေါ့။ တရုတ်ကား  ထဲလိုပဲ  ကျွန်တော်မျိုး သေသင့်ပါတယ်။ (ရယ်လျှက်) ကလေးတွေပြောကြတာ။  ဟုတ်လား  ကျွန်တော်မျိုးသေသင့်ပါတယ်။  အဲဒီအတိုင်းပြော တယ်။   နောက်တစ်ခုက  မန်သပေတိ-သားတစ်။  မန်သပေတိဆိုတာက  သားတစ်တဲ့။  နောက်တစ် ဆိုတာ  ဘာကိုပြောတာလဲ။   သားတစ်ဆိုတာ သားတစ်ရဲ့ သဘောတရားလေးက လူတွေ တိရစ္ဆန်တွေက   တောင့်တတယ်။   တောင့်တတယ်။  သားတစ်ကို ကြိုက်ကြတယ်။   ကျီးကန်း အစရှိ  တဲ့  သတ္တ၀ါတွေက  ဒီသား တစ်ကိုကြိုက်ကြတယ်။   လူတွေလည်း များသောအားဖြင့် ဒီသားတစ်ကို ကြိုက်ကြတယ်။  ဒါက  သားတစ်ရဲ့သဘော။  အဲဒီတော့  သားတစ်ဆိုတာ  ဘာကိုပြောတာလဲဆို  တော့  နန္ဒိရာဂကိုပြောတာ။  တပ်မက်နှစ်သက်မှုကို ပြောတာ။  နန္ဒိရာဂ တပ်မက်နှစ်သက်မှုကို ပြော တာ။   ဒိီအတိုင်းဘဲ သတ္တ၀ါတွေဟာ အ၀ိဇ္ဖာကြောင့် မသိတော့ဘူး အမှန်တရားတွေ ။ ရုပ်တရားတွေ၊ နာမ်တရားတွေရှိတယ်လို့ ပြောသော်လည်း  မသိဘူး။  အ၀ိဇ္ဖာက ဖုံးလွှမ်းထားလိုက်တယ်။  ဖုံးလွှမ်း  ထားတော့  ဘယ်လိုမြင်လဲ ဆိုတော့ အမျိုးသမီးမြင်တယ်။ အမျိုးသားမြင်တယ် ။    အမျိုးသမီးတွေ  မြင်တယ်။  သူလို့မြင်တယ်။  သူတစ်ပါးလို့လည်း မြင်တယ်။ ဟန်းဆက်အကောင်းစားလေးလို့ မြင်ပါ  တယ်။ သူတစ်ပါးလို့လည်းမြင်တယ်။  ဟန်းဆက်အကောင်းစားလေးလို့ လည်း မြင်ပါတယ်။  (ရယ်  လျှက်)  ဘာလို့တုန်း အ၀ိဇ္ဖာက ဖုံးပေးထားလိုက်လို့။  မဖုံးဘူး ဆိုရင်တော့  ဒီဟန်းဖုန်းဟာ  ရုပ်အစု  ပေးရှိတဲ့  ပစ္စည်းတစ်ခုဘဲ။  တခြား တခြားသော အရာတွေနဲ့ အတူတူပေါ့ ။ ဒါအဖန်ဖန်အထပ်ထပ်ရှုရ တာ။ ပထမဆုံး မြင်ရုံနဲ့ မလုံလောက်ဘူး ။  အကြာကြီး ရှုရတယ်။   မြင်မြင်သမျှ အရာတွေကို  အကြာ ကြီး ကြည့်ရင်တော့  ကိုယ်စိတ်ထဲမှာ  အဲ့လိုတွေဘဲ  တွေးမိသွားတယ်။  အဲလိုတွေဘဲ  တွေးမိသွား  တော့ခုဏက  ဟန်းဆက်ကို  ဟန်းဆက်လို့  မမြင်တော့ဘူး။  ဟုတ်တယ်။  နှမြောစရာကြီးလို့ တော့ မပြောနဲ့ (ရယ်လျှက်) အရာဝတ္တုကို  အရာဝတ္တုတစ်ခုအဖြစ်နဲ့ တော့ မမြင်တော့ဘူး။  အဲဒီလိုဖြစ်တယ်၊  ဒါက အ၀ိဇ္ဖာမဖုံးလွှမ်းတဲ့ ပုဂ္ဂိုလ်တွေအတွက်၊  အ၀ိဇ္ဖာ ဖုံးလွှမ်းနေတဲ့ ပုဂ္ဂိုလ်တွေအတွက်တော့  အဲလိုမဟုတ်ဘူး။ ဟန်းဆက်က ဟန်းဆက်ဘဲ နော်။  ဈေးလျော မသွားဘူး။ ဟန်းဆက်ကို ဟန်းဆက်  လို့  မမြင်ဘဲနဲ့ အမှန်တွေဖြစ်သွားပြီဆိုရင်တော့  ဈေးက တော်တော်လျော့သွားပြီ   လိုချင်စရာ မကောင်းတော့ဘူးနော်။   အဲဒီတော့  အ၀ိဇ္ဖာနဲ့ ဖုံးလွှမ်းထားတဲ့ သူတွေမှာ  ဒီတပ်နှစ်သက်မှုရှိတယ်။    ဒီတပ်မက်နှစ်သက်မှု ဆိုတဲ့ အခြင်းအရာကို  တွယ်တာပြီးတော့မှ ၀တ္တရား မှာလည်းရတာ။ တရားအား  ထုပ်ချင်လားမေးရင်  တရားအား  မထုတ်ချင်သေးဘူး။ ပျော်တုန်းပဲ ရှိသေးတယ်နော်။  လွတ်မြောက်ဖို့  အတွက်မကြိုးစားချင်သေးဘူး။   ဘာကြောင့်တုန်း။  သူတို့က  တပ်မက်နှစ်သက်မှုတွေက  ရှိနေတော့   ဘ၀မှာ  ပျော်နေတယ်။   ပျော်နေလို့ရှိရင်တော့   လွတ်မြောက်ဖို့ရာတိုင်းမှာ    ကပ်သွားတယ်။   ကပ် တတ်တယ်။     အိုးပေါ်မှာ  ချရင် အိုးပေါက်မှာ  ကပ်တဲ့သဘောရှိတယ်။    ပျဉ်ပေါ်မှာချရင်လည်း  ပျဉ်ပေါ်မှာ ကပ်တယ်။  စဉ်းနှီးတုံး ပေါ်မှာ ကပ်ညှိတဲ့   သဘောရှိပါတယ်။ ဒါက  သားတစ်ရဲ့     ဘော။   ဒီအတိုင်းဘဲတဲ့   နန္ဒိရာဂ ဆိုတာကလည်းဘဲ  တွယ်တာပါတယ်။  ဒီပစ္စည်းလေးရှိတယ်။   ဒီပစ္စည်းလေးကို  အစတုန်းကတော့  ကပ်တာပါပဲ။  ဟုတ်ပြီ ။  ဒီပစ္စည်းလေးနဲ့  ငါပျော်တယ်။   ဒီ   ပစ္စည်းလေး ကြည့်ရတာ  သုံးရတာ  မပျော်ဘူးလား။  ပျော်တယ်။   စိတ်က ကပ်တယ်။  နောက်တစ်ခု ပိုကောင်းတာလေး ပါလာတယ်။  ကပ်သွားပြန်ပြီနောက်တစ်ယောက်(ရယ်လျှက်) ကပ်မသွားဘူး  လား။  အင်း  ကပ်သွားတယ်။   မြင်တဲ့အရာတိုင်း  ကပ်တယ်။    ကြားတဲ့အရာတိုင်း  ကပ်သွားတယ်။  ကောင်းတဲ့ အသံတွေ နားထောင်တယ်။   ဟုတ်ပြီ  ။ ကပ်မသွားဘူးလား။   ကပ်သွားတယ်။  အရာဝ  တ္တုတွေတိုင်း ဒီနန္ဒရာဂ ရှိနေတဲ့  ပုဂ္ဂိုလ် တစ်ယောက်ဟာ မြင်တိုင်းလည်းဘဲ  ကပ်သွားတတ်ပါတယ်။  ကြားတိုင်းလည်းဘဲ  ကပ်သွားတယ် ။ နံတိုင်းလည်းဘဲ ကပ်သွားတယ်။ ဒီလို  ရောင်းရဲတင့်တိမ်မှု  လည်း မရှိပါဘူး။  ဒီ နန္ဒရာဂ  နဲ့တွယ်တာနေတဲ့  ပုဂ္ဂိုလ်တွေ ဟာ  ဒုက္ခ  ရောက်တာတောင်မှမငြီးငွေ့  ဘူး။   တွယ်တာတပ်မက်မှုကြောင့်  ဒုက္ခရောက်တာ တွေတွေ့ ရတာတောင်မှ   မငြီးငွေ့ဘူး။      ကောင်းစား  ပစ္စည်းလေး ပျောက်သွားရင်မပူဘူးလား။   ခေါင်းတွေပူး နောက်သွားတယ်။   မွှေးနောက် မှပျောက်ပစေတော့    ပူလည်း နောက်မှပူ ပစေတော့ ။   ဒါပေမယ်. လိုချင်သေးတယ်။  ဒါ့ကြောင့်   မို့လို့    နန္ဒိရာဂ  ဆိုတဲ့အရာဝတ္တုဟာ ၀တ္တရားတွေမှာ ပျော်မွေ့တယ်။  ၀တ္တရားတွေမှာ  တွယ်တာ  တယ်။   ကပ်ညှိတယ်။ ဒုက္ခရောက်တယ်ဆိုရင်တောင်မှ မငြီးငွေ့ပါဘူး။   ဒါကြောင့်မို့လို့  နန္ဒိရာဂ ဆို တဲ့အရာဝတ္တုဟာဝတ္တရားတွေမှာ ပျော်မွှေ့တယ်။ ၀တ္တရားတွေမှာ တွယ်တာတယ်။  ကပ်ညှိတယ်။   ဒု က္ခရောက်တယ်  ဆိုရင်တောင်မှမငြီးငွေ့ပါဘူး။   ဒါကြောင့်မို့လို့  ဒီတရားတွေကိုပယ်  ပစ်ပါ ။  ဒီ  တောင်ပို့ကြီးကိုတူးချင်တယ်ဆိုရင်  သင်လိုချင်တဲ့   ပန်းတိုင်တွေကို  ရောက်ချင်တယ်ဆိုရင်တော့  ဒီ တရားတွေ ရောက်ပြီဆိုတော့  စတုတ္ထ- မဂ်နဲ့ပယ်ပါတဲ့။  အရဟတ္တမဂ်၊  အရဟတ္တဖိုလ်နဲ့ ပယ်ပါ။ အရဟတ္တမဂ် အရဟတ္တဖိုလ်  ရောက်ပြီဆိုရင်တော့  အဲ့ဒီတွယ်တာ တပ်မက်မူတွေ ရှိပါအုံးမလား။  မ ရှိတော့  နောက်ဆုံးအဆင့်က   ဘာလဲ။  နဂါး- နဂါးကြီးကိုတွေ့မယ်။  နဂါးဆိုတဲ့ ဒီသဒ္ဒါက နဂါးလို့  လည်း ဟောပါတယ်။   နောက်တစ်ခုက ရဟန္တာလို့လည်း ဟောပါတယ်။   ဒီတော့ ဒီနေရာမှာ  နဂါးဆို  တာက  ဘုရားရှင်းဖြေကြားတာက  နဂါးကိုပြောတာမဟုတ်ဘူး။ ဓမ္မပုံစံအားဖြင့်  ဘုရားရှင်ကိုပြောတာ   ဗုဒ္ဓနဂါးလို့ ခေါ်တဲ့   ဘုရား ရှင်းကိုမတွေးဖူးလား။  တွေ့မှာလား ။    တွေမှာပါဘုရား    တွေ့သွားမှာ။  အဲဒီကျတော့  နားလည်သွားပြီး။   ဘာလို့လဲ။  ကိုယ်ကိုယ်တိုင်က  ရမာန္တာရှိတယ်      ဆိုတာ လက်  ပေးနိုင်တယ်   ဆိုတာ  လက်မခံဘူးလား။ လက်ခံပါတယ်  ဘုရား။  ဒီတရား  တွေးဟာ ရဟန္တာဖြစ် အောင်  လုပ်ပေးနိုင်တယ်ဆိုတာကို  တရားတွေအပေါ်မှာရော  ယုံကြည်မသွားဘူးလား။  ယုံကြည်ပါ တယ်ဘုရား။   ယုံကြည်သွားတယ်။    ဘုရားဆိုတာရှိတယ်။  ရဟန္တာဖြစ်အောင် ဟောကြားထားတဲ့   ဘုရားဆိုတာ  ရှိတယ်။   ပြုလုပ်ပေးတတ်တဲ့ တရား  ဆိုတာရှိတယ်။ဒီလိုတရားတွေကို  ကျင့်လို့  ရဟန္တာဖြစ်သွားတဲ့  သံဃာတွေဆိုတာလည်း   ရှိတယ်။   အဲဒီအချိန်မှာသူဟာ  ဘုရားကို တွေ့သွားပြီ။   ဒါကြောင့်မို့လို့ မျက်စိရလို့  ဦီးပဉ္စင်းတို့က  ကြည့်လို့ရတယ်။ နားရတော့  နားထောင်လို့ ရတယ်။  လျှာ ရတော့ စားလို့ရတယ်။ ဒီလျှာတွေ  မျက်စိတွေက  ဒါအကျိုးတရားတွေဘဲ ။  ကံက မွေးဖွား ပေးလိုက် တဲ့ အရာဝတ္တုတစ်ခုဘဲ ဖြစ်ပါတယ်။  ဒီတော့  ဒီအကျိုးတရားကြောင့်   ဒီအကြောင်းလုပ်တယ်။    အဲ့ ဒီအပိုင်းမှာတော့  ဒီပစ္စုပ္ပုန်အပိုင်း။  ပစ္စုပ္ပုန်အပိုင်းကို ကြည့်မယ်ဆိုရင် ပစ္စုပ္ပ္ပုန်ဘ၀မှာ အကျိုးကြောင့် အကြောင့်  ဖြစ်တယ်။  အကြောင်းတွေကို ထူထောင်တယ်။ ကံတွေ လုပ်တယ်။  တရားနာတယ်။   ဒီ တရားနာတယ်။   လူတယ် ။ တန်းတယ်။ စတာတွေကို ရပ်မဖြစ်နိုင်ဘူးလား။  ရပ်ဖြစ်နိုင်တယ်။ လူ တွေကြုံရတဲ့။ သတ္တ၀ါတွေကြုံရတဲ့  ပြဿနာတွေအားလုံးကို  ဒီရထားတဲ့ဥစ္စာနဲ့ မဖြေရှင်းနိုင်ဘူးလား။  ဖြေရှင်းနိုင်တယ်။    ဒါဆိုရင်တော့  သူဟာ  လူချမ်းသာတစ်ယောက်ဖြစ်ပြီပေါ့ .။   အဲဒီတော့  အဲဒီအ ခါမှာဘာပြောလဲ  ဆရာက  က္တုတ္ထုနဂါး-နဂါးကို ရှိပါစေ။ နာနံဂသေသတိ  မင်းနဂါးကို  သွား မထိခိုက် နဲ့ ။   ပရောဟိ နဂါဿး-မင်းနဂါးကို ရှိခိုးလိုက်    လို့အဲလိုပြောတယ်။   အဲဒီတော့ ဘုရားကိုတွေ့ပြီးဆို  တော့ ဒီအဆင့်က ပယ်စရာမလိုတော့ဘူး။  ကျန်တဲ့ဟာတွေကတော့  ဖယ်ပစ်၊ ဆက်တူး။  အခုတော့   ပယ်စရာ မလိုတော့ဘူး။  နဂါးကိုရှိပစေ။  မင်းနဂါးကို  မထိခိုက်နဲ့ ။  မင်းနဂါးကို ရှိခိုးလိုက်လို့ ။  ဘယ်    ပုံဘယ်နည်း ရှိခိုးရမလဲဆိုတော့  စာကညွှန်ပြထားပါတယ်။     သိမြင်တော့  မူတဲ့မြတ်စွာဘုရားဟာ    တရားတွေကို  သိဖို့ရန် ၊  သတ္တ၀ါတွေတရားတော်ကို  သိဖို့ရန် ဟောတော်မူတယ်။     ဒ်ီလိုလည်းဆင် ခြင်ပါ။    ယဉ်ကျေးတော်မူတဲ့  ဘုရားရှင်ဟာ သတ္တ၀ါတွေ  ယဉ်ကျေးဖိုးအတွက်  တရားတွေကို  ဟောတော်မူတယ်။    ငြိမ်းအေးတော်မူတဲ့ ဘုရားရှင်ဟာ  သတ္တ၀ါတွေ  ငြိမ်းးအေးဖို့ရာ အတွက်    ရားကို ဟောတော်မူတယ်။    ပရိနိဗ္ဗာန်စံပြီးတဲ့  ဘုရား ရှင်ဟာ သတ္တ၀ါတွေ  ပရိနိဗ္ဗာန်ခဲ့ဝင်  ချုပ်ငြိမ်း ဖို့အတွက် တရားတွေကို ဟောတော်မူတယ်။   ဒီလိုတွေးပြီးတော့  သင်ဟာ  (ရှင်ခိုးလိုက်ပါ )၂ ကြိမ်  ဒါကတော့ တောင်ပုံ  ပုံပြင်ရဲ့  အဓိ     ပဲ  ဖြစ်ပါတယ်နော်။    အဲဒီတော့  မိမိတို့က တောင်ပို့ကြီးကို   ပိုင်ဆိုင်ထားကြပါတယ်။  အဲဒီတောင်ပို့ကြီးထဲမှာ စနစ်တကျတူး တက်ခဲ့မယ်ဆိုရင်တော့ စိတ်ဝင်စားဖို့ ကောင်းတဲ့   အရာဝတ္တုတွေ  အများကြီးရှိပါတယ်။     အဲဒီတော့    အထူးသဖြင့်တော့  နဂါးကြီးကို  တွေ့အောင်တူးနိုင်မယ့် အခြေနေလေး   တစ်ခုတော့ရှိပါတယ်။  သေချာနားလည်ခဲ့ မယ်ဆိုရင်။ ကိုယ်ကတောင်ပို့ကြီးကို တူးဖို့ရှိတယ်။  စနစ်တကျ တူးတက်ခဲ့မယ်ဆိုရင်တော့  ကိုယ်က  ချမ်းသာတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။  သူတော်ကောင်းဥစ္စာတွေကို ပိုင်ဆိုင်နိုင်တဲ့ ဒုက္ခတွေကို ဖြေရှင်းပေးနိုင်  တဲ့  ပစ္စုပ္ပုန်ပစ္စည်းတွေကို အများကြီးပိုင်ဆိုင်နိုင်တဲ့  လူချမ်းသာတစ်ယောက်ပဲဖြစ်မှာပါနော်။  ဒီတော့   ရှင်ကုမာရ ကဿပဟာ ဒီပုံပြင်ရဲ့ အဓိပ္ပါယ်ကို  ကောင်းကောင်း နားလည်သွားပါတယ်။   ဒီပုံပြင်ရဲ့  လမ်းညွှန်ချက်တွေကို  သူကျင့်တဲ့အခါမှာ  နောက်တော့  သူ ရဟန္တာဖြစ်သွားပါတယ်။  သူလည်းပဲ  တောင်ပို့ကြီးကို စနစ်တကျတူးတက်လို့  ရဟန္တာအဖြစ်ကိုရောက်သွားကြပါတယ်။  ဒီနေ့တရားနာ  ပရိသတ်အပေါင်း  သူတော်ကောင်းလည်းပဲ  သူတော်ကောင်းတို့ တစ်တွေလည်းဘဲ  မြတ်စွာဘုရား  ရှင်ရဲ့  ဒီတရားတွေကို နာခြင်း၊  သင်ယူခြင်း။ ကျင့်ခြင်းအားဖြင့် တောင်ပို့ကြီးကို  နဂါးကြီးကိုတွေ့တဲ့အ ထိ တူးနိုင်ပါစေလို့ ဆန္ဒပြုရင်း ဒီမှာဘဲ  ဦးပဉ္စင်း  တရား နိဂုံးချုပ်ပါတယ်။ 
              သာဓု  -သာဓု -သာဓု
…. ပြီး၏။….