Friday, February 6, 2015

ဂွမ်းသွားခဲ့တဲ့ ကိုယ့်ညနေ






ကိုချစ်မောင်ပြန်သွားတဲ့ ဒီရက်တွေမှာ ကိုယ်ဆိုင်ထိုင်ချင်တယ်...
ကိုယ်က ဆိုက်ထဲက လာတဲ့သူဆိုတော့ လဘက်ရည်ဆိုင်ထိုင်ပြီး ပွားရတာကို သိပ်ကြိုက်တာ။ ဒါပေမယ့် ယောက်ျားက အဲလို ပွားရတာကို မကြိုက်ဘူး သူက အိမ်မှာနေရတာကြိုက်တာ ။ အဲတော့ ကိုယ်လဲ ဆိုင်ထိုင်မပွားရတာ ဘယ်လောက်ကြာပြီလဲ ။
ရဲရင့် မှာ သူငယ်ချင်းတွေ ထိုင်ပြီးပွားနေရင် ကိုယ့်မှာ လှမ်းမျှော်သာနေခဲ့ရတာ ။
အခုတော့ အခွင့်အရေးပဲ ဒီနေ့ကလဲ သောကြာဆိုတော့ သူငယ်ချင်းတွေ အများစုတတ်တဲ့ ပင်နဆူလာကို သွားခဲ့တယ် ။ ညနေဆိုတော့ ရဲရင့်မှာ သူငယ်ချင်းတွေ သိပ်ရှိမယ်မဟုတ်ဘူး သိတယ်မလား ဒီအချိန်က အရည်ချိန်လေ ။ အဲ ရဲရင့်လဲ အရည်တော့ရတာပေါ့ မတူဘူးလေ :P
တကယ်တော့ အိမ်မှာ ဗမာစာတွေချက်စားနေဖြစ်တော့ ပင်နဆူလာမှာ ဗမာစာတော့မစားချင်ဘူးရယ် ။ အဲတော့ မောရှမ်းမှာ ၀က်သားချဉ် ထမင်းကြော် တပွဲမှာလိုက်တယ် ။
မှာရင်း ဟိုဟိုသည်သည်ကြည့်လိုက်တော့ ဟော တွေ့ပြီ တယောက် ။
သူ ကလဲ ကိုယ့်ကိုတွေ့တော့ လက်လှမ်းပြပြီး ကိုယ့်ဆီရောက်လာတယ် ။ ပျော်စရာကြီး ။ ထုံးစံအတိုင်း ကြပ်လိုက်မယ်ဆိုပြီး
- ဟေ့ရောင် မင်း နာ့ကို ဖဘမှာ ဘလော့ထားတယ်ဟုတ် မတွေ့တာတောင်ကြာပြီလို့ ပြောလိုက်တယ်
(အမှန်က သူ ဘလော့လားဘာလားမသိဘူး ၊ ဖဘက ကိုယ်ကသာတင်နေတာ သူများတင်တာတွေ သိပ်လိုက်မကြည့်ဖြစ်လို့ :P)


အဲတော့
* ဟာ မဘလော့ပါဘူးအမရယ် ။ အန် ထားရုံတင်ပါတဲ့ (တိန် )
(ဒင်းတော့ ငါ့ကို အကြောင်းမဲ့ အန် မှာမဟုတ်ဘူး ။)
- ပြောစမ်းပါဦး ငါ့ ကို အန်ရတဲ့အကြောင်းရင်းက ။
* ဟိုလေ အမညီမ နဲ့ ကွဲသွားလို့ ..
- ဟမ် ကလေးတွေလဲ ကြီးပြီမဟုတ်လား
* အင်းလေ အမညီမ ကလေ ငွေပဲမက်တာ ၊ ကျနော့်ကိုလေ ဒီလောက်ငွေနဲ့တော့ ပေးမနေနဲ့ ဒီလောက်ကတော့ မိ... တို့က ရှာနိုင်တယ် ဘလာ ဘလာ ဘလာ
- ( ငှင် သူ့မိန်းမ မကောင်းကြောင်းပြောနေတာကလဲ ငါ့ ကို စောင်းပြောနေသလိုပါပဲလားဟ ။ ကိုချစ်မောင်ကြီးများ ဒင်း ကို လက်တို့ပြီးပြောပြသွားသလားမတိဘူးတော် ) အခုန စားကောင်းနေတဲ့ ထမင်းကြော်တောင် ဘာဖြစ်သွားတယ်မသိဘူး
ပြောတယ် ပြောတယ် သူ့မိန်းမ မကောင်းကြောင်း တွေ ပြောတယ် ။ တလစပ် လဲပြောပြီးရော...
* အဲဒါပဲအမရယ် အခုတော့ နောက်တယောက်လဲယူပြီးပြီ ကလေးတောင်မွေးတော့မယ် တဲ့ အဲလိုပြောပြီးထွက်သွားရော ။
ကိုယ်လဲ ငုတ်တုတ်မေ့ပြီး ကျန်ခဲ့ရော ။ အဲဒါနဲ့ ပဲ လဖေ့ရည်သောက်ခန်းကို မရောက်လိုက်ပါဘူး စိတ်လေလေ နဲ့ ပြန်လာရော...

မပြီးသေးဘူး ဘူတာအ၀င်ဝနားကြတော့ နောက်တယောက်နဲ့ တွေ့ပြန်ရော ...

+ ဟာ အမ တယောက်ထဲလား ...
- အေးလေ ကိုချစ်မောင်ကြီးက ပြန်သွားတဲ့ဟာကို

+ ဟာ ဟုတ်လား အမက ဘာလို့မပြန်တာတုန်း
- ငါ က ပြန်မှာ ။ သူက အလှူရှိလို့ စီစဉ်ရအောင်ပြန်နှင့်တာ

+ ဟုတ်လား အမတို့ အလှူ လုပ်မလို့လား
- အေးလေ သူ ဘုန်းကြီး ၀တ်မလို့တဲ့ ။ တလ...

+ ဟာ အမတို့ ဘာတွေဖြစ်ကုန်ကြလို့လဲ ။ စိတ်ပြေလက်ပျောက်ဆို တပတ်လောက်ဝတ်ကြတာ အခုက တလဆိုတော့ အတော်ကို စိတ်ကုန်သွားတာနေမှာ အမရယ် ။ အမ ဘာတွေ လုပ်လိုက်လို့ လဲ ။ ကိုချစ်မောင်ကြီး သနားပါတယ် (တိန် ဂယ်ဘဲတော် စွတ်တင်နေတာ )

အဲ လို နဲ့ ကိုယ့်မှာ စကားပြန်တောင်ပြန်မပြောနိုင်ခဲ့ဘူး လက်လေးအသာထောင်ပြ နှုတ်ဆက်ပြီး ဘူတာထဲ ၀င်ခဲ့တယ် ။
အချု ပ် ပြောရရင် လန်းမယ်ထင်မိတဲ့ ကိုယ့်ညနေခင်းဟာ ဂွမ်း သွားတယ်ပေါ့ကွယ်

Tuesday, February 3, 2015

ထိပ်စည်းတစ်ခု၏ နောက်ဆုံးမွေးနေ့အတွက် လက်ဆောင်


၁၃၃၇ တပို့တွဲလပြည့် - ၁၃၇၆ တပို့တွဲလပြည့်
၁၄.၂.၁၉၇၆ - ၁၄.၂.၂၀၁၅

ဒီနေ့မှာ ကျမ ရဲ့ မိဘတွေက ကျမအတွက် ရွှေဘုန်းပွင့်ဘုရားထမင်းနဲအလှူ မှာ ဒယ်ကြီးသုံးဒယ်စာ လှူပါတယ် တဲ့ ။ အိမ်နီးနားချင်းတွေကိုလဲ ထမင်းနဲ ဝေပါတယ်တဲ့ ။ ဒီအသက်အရွယ်အထိ ကျမ အတွက်အမြဲစဉ်းစားလုပ်ကိုင်ပေးနေတဲ့ မိဘများကို ချစ်ခင်ကျေးဇူးတင်စွာနဲ့ ကန်တော့ပါတယ် ။

ဒီနေ့ဟာ သုံးထိပ်စီး သက်တမ်းအတွက်နောက်ဆုံးရက်၊ မနက်ဖြန်ဆို ထိပ်စီးပြောင်းတော့မယ် ။
ထိပ်စီးတွေ ဘယ်လိုပြောင်းပြောင်း ဖြတ်သန်းရတဲ့ရက်တွေဟာအတူတူပဲ ။ တစ်ရက်ပြီးတစ်ရက် ဒီလိုပဲ သတိမထားမိလိုက်လဲ ဘာသိဘာသာပြီးဆုံးသွားလေ့ရှိပါတယ် ။ ကိုယ်ကမသိလိုက်ပေမယ့်လည်း ခနာကိုယ်ကတော့ ပြောင်းလဲသွားတယ် ။

ကျမ ဒီအသက်ဒီအရွယ်မှာ ကံကောင်းလို့ ကျန်းမာနေတုန်းပဲ ။ ဒါပေမယ့် သတိလေးထားကြည့်ကြည့်တဲ့အခါ အပြောင်းအလဲလေးကိုတော့ သိနေရတယ် ။ အရင်လို မဟုတ်တော့ဘူး ။ ကိုယ်ခနာက နာလာမယ့်အခါ အိုလာမယ့်အခါ တွေကို ကြုံတွေ့ဖို့ နီးသထက်နီးလာပြီလေ ။ စိုးထိတ်စိုးရွံ့မှူ တွေ ကြုံလာတဲ့အခါ လိုချင်တပ်မက်တာတွေ ပြောင်းလဲလာပါတယ် ။

မွေးနေ့ အကြောင်း ပြောဖြစ်တဲ့အခါ လက်ရှိဘ၀အဖော်လို့ သတ်မှတ်ထားသူက ထုံးစံအတိုင်း ဘာလိုချင်မလဲ လို့ မေးတဲ့အခါ အဲဒီနေ့မှာ ကိုယ်တိုင်လဲ သီလစောင့်ထိန်းမယ် နင်လဲသီလလုံအောင်စောင့်ထိန်းပေးဟယ် လို့ ပြောလိုက်မိပါတယ် ။ အဲတော့ သူက ငါးပါးသီလတင်မဟုတ်ပဲ ကိုးပါးသီလစောင့်ထိန်းပေးဖို့ ဘုန်းကြီးဝတ်လိုက်မယ်လေ လို့ ပြောပါတယ် ။ ဒီလိုနဲ့ ဘာရယ်မဟုတ်ပြောရင်းဆိုရင်း နဲ့ အစပြုလိုက်ရာကနေ မိသားစု အလှူကြီးတစ်ခု လုပ်ဖို့ အကြောင်းဖြစ်သွားခဲ့ပါတယ် ။

၁၃.၂.၂၀၁၅ မှာ ကိုချစ်မောင် နဲ့ သူ့ဖေဖေ ၊ သူတို့ ညီအကို သုံးယောက်လုံး ဆံချပါမယ် ။
၁၄.၂.၁၀၁၅ မှာ ဘုန်းကြီးဝတ်ပါမယ် ။ သူတို့နဲ့ အတူ ရွာက၀တ်ချင်သူတွေကို ရှင်ပြု ရဟန်းခံပေးပါမယ်ဆိုတော့ လက်ရှိစာရင်းမှာ သူတို့အပါအ၀င် ဆယ့်နှစ်ပါး ပါတဲ့ ။ တစ်ရွာလုံး ချစ်သူ မုန်းသူ မချန် ဒါန်ပေါက်ကျွေးပါမယ် ။ အားလုံးကလဲ အလှူကို ပံ့ပိုးတဲ့အနေနဲ့ တစ်ရွာလုံး မီးခိုးတိတ်ကြပါမယ်တဲ့ ရှင် ။
မရည်ရွယ်ပဲ လုပ်ဖြစ်မယ့်အလှူ ကို နှစ်ဖက် မိဘတွေ သိပ်ကိုဝမ်းသာနေကြတာ ။ အလှူ မတိုင်ခင် ပီတိဖြစ်ရပါတယ် ။

အလှူ အတွက် ပြန်ကြမယ်ဆိုတော့ ကျမ က သူနဲ့ အတူတပါထဲ လိုက်မသွားဘူးလို့ တွေးပါတယ် ။ အလှူ က သူတို့ဘက် သူတို့ရွာမှာလုပ်ကြမှာဆိုတော့ သူတို့ဓလေ့ကို မသိပါပဲ ကိုယ်ကအလှူ့ ရှင်ပဲဆိုပြီး သြဇာမာကလာတွေပေးမိမှာစိုးလို့ ( ကျမရဲ့မကောင်းတဲ့အကျင့်လေးပေါ့) အလှူ  ကို သူတို့စိတ်ကြိုက်စီစဉ်ပါ ဆိုပြီး ကျမတို့ တတ်နိုင်တဲ့အင်အားကိုပြောပြပြီး စီစဉ်ဖို့ သူ့ကိုအရင်ပြန်လွှတ်ပါတယ် ။
ဒီရက်ထဲ လေယာဉ်လက်မှတ်ကို ဈေးချို တဲ့ ရက်ရွေးကြပြီး ၀ယ်လိုက်တာ တိုက်ဆိုင်တော့ ကျမ ရဲ့ မြန်မာလိုမွေးရက်ဖြစ်နေပြန်ပါတယ် ။
ဒီနေ့မှာ ကိုယ့်ရဲ့အချိန်ကို ကိုယ်တယောက်ထဲအတွက် သုံးခွင့်ရတယ်ဆိုတဲ့ အခွင့်အရေးကိုရပါတယ် ။ အခွင့်အရေးကို အလကားမဖြစ်အောင် ဆိုပြီး အရင်ဆုံးတရားလေး တပုဒ်နာဦးမယ်ဆိုပြီး အခုရက်ပိုင်းတွေ နာဖြစ်နေတဲ့ ဒေါက်တာနနမာလာဘိဝံသ ရဲ့ တရားတော်တွေထဲမှာ ဓမကို အဖော်ပြု မှ ထာဝရ ချမ်းသာမည် ဆိုတဲ့ တရားတော်ကို ရွေးချယ်ဖြစ်ပါတယ် ။
မိသားစု ခရီးထွက်ကြလို့ လောလောဆယ် အဖော်မရှိနေတဲ့ ကျမအတွက် တိုက်ဆိုင်တဲ့တရားတော်ပါပဲ ။
တရားနာရင်း အခါတိုင်းလို စိတ်ပြန့်လွင့်တာနည်းအောင် တရားမှာ အာရုံထားမိအောင် သေချာနာယူပြီး မလွတ်ရအောင် နုတ်စ်လေးထုတ်ထားနဲ့ အထပ်ထပ်အခါခါ နာယူပါတယ် ။

ကျမ ရဲ့ မိတ်ဆွေများလဲ နာယူဖြစ်အောင် လင့် လေး မျှဝေပါတယ် ။ အခက်အခဲကြောင့် တရားနာဖို့ ခက်ခဲသူများ ဖတ်နိုင်အောင် ကျမလဲ ထပ်ပြီးမှတ်မိ နှလုံးသွင်းနိုင်အောင် အောက်မှာ လိုက်မှတ်တဲ့ နုတ်စ်လေးထဲက တချို့တ၀က်ကိုပါ ရေးပေးပါတယ် ။
ကျမ ရဲ့ မိတ်ဆွေများ သက်ရှည်ကျန်းမာစိတ်ချမ်းသာစွာဖြင့် ကောင်းသောလိုရာဆနများ ပြည့်စုံကြပါစေ ရှင် ။

ဓမ္မကို အဖော်ပြုမှ ထာဝရ ချမ်းသာမည်  ( ဒေါက်တာ နနမာလာဘိဝံသ )

ဘ၀ ခရီးကိုလျှောက်လှမ်းတဲ့ အခါမှာ ထာဝရချမ်းသာဖို့အရေး ဘာကိုအဖော်ပြုရမလဲ ။ အရေးကြုံလာတဲ့အခါမှာ ဘယ်လိုအဖော်မျိုးက အဆင်ပြေမလဲ ။


မြတ်စွာဘုရားရဲ့ ဆုံးမသြ၀ါဒတွေဟာ Religion ဆိုတဲ့ ဘာသာတရားမျိုးမဟုတ်ဘူး ။ Way of life လို့ဆိုရမယ့် ပညာရပ် သို့မဟုတ် Art of living in life ဘ၀မှာ ဘယ်လိုနေရမယ်ဆိုတဲ့ ပညာရပ်တမျိုး ပဲ ။


ဘ၀အစမှာ မိဘဆွေမျိုးအပေါင်းအသင်းတွေနဲ့ အပြန်အလှန် အကျိုးပြု ပြီးနေကြတယ် ။
နောက်ဆုံး အိုခြင်းတရား သေခြင်းတရားနဲ့ ရင်ဆိုင်ကြုံတွေ့လာရင်တော့ ဘယ်သူမှ မကယ်နိုင်ဘူး ။ Individual ကိုယ်ဖြစ်ကိုယ်ခံရမယ်။
အဲလို ကိုယ်တဦးထဲ မျှဝေခံစားလို့မရတဲ့ ဒုကတွေနဲ့ ကြုံလာလို့ရှိရင် ဘယ်သူ့ကို အဖော်ပြုမလဲ ။
အဆုံးသတ်ချိန်မှာတော့ ဘယ်သူကမှ ကိုယ့်ကို အားကိုးအားထားအဖြစ် ရပ်တည်မပေးနိုင်ဘူး ။
ဓမ ဆိုတဲ့ တရားကို အဖော်ပြုထားမှ ထာဝရချမ်းသာရမယ်။
နောက်ဆုံးအချိန်မှ အဖော်ပြုလို့ကတော့ တရားဟာ ကိုယ့်သံဌာန်ထဲကို လွယ်လွယ်ကူကူနဲ့တော့ ရောက်မလာပါဘူး ။ အဖော်ပြုဖို့ အချိန်ယူပြီး ကြိုးစားအားထုတ်မှူ လုပ်ကြရမယ် ။

* မှန်မှန်ကန်ကန် စဉ်းစားတာဟာတရားပဲ ။ အမှန်တွေးတဲ့အခါ အမှန်ကိုမြင်တယ်။ အမှန်မြင်တော့ အမှန်လုပ်တယ် ။ တခုနဲ့ တခု ဆက်စပ်ပါတယ် ။

* တွယ်တာမှူတွေ လျှော့ချတာဟာ ဘ၀ရဲ့ ထွက်ပေါက်တခုကို တွေ့တာပဲ ။

*ငါ ဂရုစိုက်ရမှာ ငါ့ရဲ့ သံဌာန်မှာရှိတဲ့ သတိတရား ၀ီရိယတရား မှာ တရားတော်ထက်သန်အောင် ဂရုစိုက် ရမှာပဲလို့ တွေးရင် ဒါဟာ ဓမကို အဖော်ပြုရာဖြစ်တယ်တဲ့ ။
သတိကောင်းကောင်းအေးအေးချမ်းချမ်းနဲ့ သေသွားမယ်။

*ကိုယ့်ဆနကို ရှေ့တန်းမတင်ဘဲ ကိုယ့်ကိုပြုစုပေးတဲ့ သူတွေအပေါ်ကိုဘာမှ မမျှော်လင့်ဘဲနဲ့ တရားကိုပဲ နှလုံးသွင်းမယ်ဆိုတဲ့ အနေအထားနဲ့ နေနိုင်မှ ထာဝရချမ်းသာကို ရရှိမယ်။

*ယောနိသောမနသီကာရ ဆိုတဲ့ တရားကို လက်ကိုင်ထားပြီးနေနိုင်မှသာလျှင် ထာဝရချမ်းသာကို ရရှိမယ် ။

ဓမ ကို အဖော်ပြု ပြီး ထာဝရချမ်းသာအောင် နေနိုင်ကြပါစေသတည်း ။