[X] Choose Font Here

Wednesday, April 15, 2015

ရန်မီးဆက်ဆက်ငြိမ်းစေသတည်း

ပြောမှား ဆိုမှား စကားမှားများ
ရင်ထဲသည်းကြား
နာကျည်းထိခိုက်
ဆူးလိုစိုက်၍
အမုန်းလမ်းခင်း
မီးကျီးနင်းသို့...။

နှူတ်ထွက်စကား သတိထား၍
ရင်တွင်းရှိသမျှ ကြိတ်မျိုချလည်း
မခံစားနိုင် နှလုံးယိုင်၍
ရင်ထဲရှိသမျှ ပြောသင့်လှလည်း ...။

မိခင်မျက်နှာ လှမ်းကာမြင်သည်
စကားကြမ်းဆိုတိုင်း မိခင်ရိုင်းဟု
ဘေးက၀ိုင်း၍ ဝေဖန်ကြသော်...။

ဖိသိပ်မျိုချ မာန်မာနကို
သတိချွန်းအုပ် စိတ်ကိုချုပ်လို့
ကြည်စေ အေးစေ နှလုံးသွင်းမည်
ရန်မီးဆက်ဆက်ငြိမ်းစေသတည်း ...။ ။

3 comments:

  1. Tint Tint Thein ပါရမီရှင်လေး ဒီကနေ့ ဈာန်ဝင်နေပုံရတယ်
    April 25, 2013 at 3:03pm · Unlike · 2
    Thandar Lwin ဟင့် ..မဟုတ်ဘူးတီ ။ အောက်က ဇာတ်လမ်းရေးတဲ့ထဲထည့်မို့ မဆက်တတ် အဆုံးမသတ်တတ်တော့ တခြားစီဖြစ်သွား
    April 25, 2013 at 3:04pm · Like · 3
    Tint Tint Thein
    April 25, 2013 at 3:05pm · Like · 1
    Thandar Lwin အမMya Thway Ni ...ညီမ ၀တ်ထုတိုလေးတွေ ရေးချင်လို့ ရေးနည်းတွေ စည်းမျသ်းစည်းကမ်းတွေ ဘယ်မှာလေ့လာလို့ရမလဲဟင် ။
    April 25, 2013 at 3:08pm · Like · 1
    Ma Ma Nay သူများတွေရေလည်ကြိုးစားနေပါလားး))
    April 25, 2013 at 3:23pm · Like
    Thandar Lwinှုငှင်း ငှင်း ငှင်း ။
    April 25, 2013 at 3:28pm · Like · 1
    Kyi Kyi Khin စိတ်ထဲ ရှိတာ ချရေး။ ရေးနည်းတခုခုနဲ့ မိသွားတာပဲ။ ဟဲဟဲ ရေးနည်းတွေနဲ့ ရေးရင် ဖြစ်ညှစ်ရေးသလို ဖြစ်ပြီး ဖတ်ရတာ မဆွဲဆောင်ဘူး။
    April 25, 2013 at 4:18pm · Like · 2
    Thandar Lwin ဟုတ်ကဲ့အမ
    April 25, 2013 at 4:18pm · Like
    Kyi Kyi Khin ဟိဟိ ဘာမှမဟုတ်သူက ပြောတာ ဟုတ်ကဲ့ တဲ့ ဟားဟားမယ်သံ။
    April 25, 2013 at 4:19pm · Unlike · 2
    Kuku January အစ်မ ကဗျာလေး ကောင်းလိုက်တာ ရှယ်ပြီနော်...

    ReplyDelete
  2. စိတ်ထဲ ရှိတာ ချရေး။ ရေးနည်းတခုခုနဲ့ မိသွားတာပဲ။ ဟဲဟဲ ရေးနည်းတွေနဲ့ ရေးရင် ဖြစ်ညှစ်ရေးသလို ဖြစ်ပြီး ဖတ်ရတာ မဆွဲဆောင်ဘူး။ (Y)
    အဲဒါ အမှန်ပဲ ညီမ... ရေးပါ... အဆင်ပြေသလို ရေးပါ...း))

    ReplyDelete
  3. ကဗျာလေးကောင်းလိုက်တာ .... မသက်ပြောတာထောက်ခံတယ် ရေးချင်တာချသာရေးလိုက်ပါသန္တာ။ အဆင်ပြေသွားပါလိမ့်မယ်။
    (တီတင့်တော့ ကဗျာမစပ်တတ် ဆောင်းပါး ၀တ္ထု မရေးတတ်ဘူး :P )

    ReplyDelete