[X] Choose Font Here

Monday, July 30, 2012

သာသနာ့ရောင်ခြည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(စလေမြို့) အတွက်အလှူခံခြင်း

မကွေးတိုင်း ဒေသကြီး ၊ချောက်မြို့နယ် ၊စလေ မြို့ မှာ ရှိတဲ့ သာသနာ့ရောင်ခြည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ မှီခို ပညာသင်ကြားနေကြတဲ့ ကလေးတွေဟာ လက်လုပ်လက်စား ခေါင်းရွက်ဈေးသည် နဲ့ ဇီးသီးကောက်ပြီး အသက်မွေးတဲ့ မိဘတွေ ရဲ့ သားသမီးတွေ ဇြစ်ပါတယ် ။ အစိုးရ မူလတန်းကျောင်း ရှိပေမဲ့ ကျောင်းနေစားရိတ် ၊ပညာသင်ကြားရေးစားရိတ် သလေးကိုတောင် မတတ်နိုင်လို့ ဆရာတော် ဘုရား  ဘဒ္ဒ န္တကုဏ္ဍလမဟာထေရ် က စာခေါ်သင်ပေးရာကနေ ကလေးအရေအတွက် များလာတဲ့အတွက်  ၂၀၀၁ ခုနှစ်မှ စတင်ပြီး သာသနာ့ရောင်ခြည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အမှန် (၅) ကို ဖွင့်လှစ်ခဲ့ပါတယ် ။

လက်ရှိသင်ကြားနေသော ကျောင်းသား ကျောင်းသူများမှာ
သူငယ်တန်း - (၂၀)ယောက်
ပထမတန်း  - (၁၄) ယောက်
ဒုတိယတန်း - (၁၄)ယာက်
တတိယတန်း- (၁၄)ယောက်
စတုတ္ထတန်း - ( ၉)ယောက် စုစုပေါင်း (၇၁)ယောက် ရှိပါတယ် ။

စလေ က မောင်လေးတယောက် (သူ က လူမှူရေး ဆို ကြက်ခြေနီ အသင်းဝင် အဖြစ် နှစ်ပေါင်းများစွာ အားတက်သရော လုပ်တဲ့သူပါ) နေပြည်တော် ရောက်ပြီး အင်တာနက်နဲ့ ဆက်သွယ်ဖြစ်တော့ ကျောင်းအတွက် လိုအပ်တာတွေ ကို တတ်နိုင်သမျှ လေး လှူပေးကြရင် ကောင်းမှာဘဲ လို့ ပြောဖြစ်ပါတယ် ။

ခုလောလောဆယ် ဆရာတော်ကြီးဆန္ဒရှိနေတာ က သူ့ကျောင်းက ကလေးတွေ အတွက် ကျောင်းဝတ်စုံ တစ်စုံ စီလောက်တော့ ရှိစေချင်တာပါတဲ့ ။ 

မယ်သံ လဲ ခုလက်ရှိ စင်္ကာပူ မှာရောက်နေတဲ့ ကိုယ့်စလေ သူစလေသားတွေ ကို ဦးစားပေး အလှူခံပြီး တခြားစေတနာ ရှိတဲ့ မိတ်ဆွေ များဆီ လဲ အလှူခံမယ်တွေးပါတယ်  ။
ဝတ်စုံ တစုံ ကို အကြမ်းဖျင်း ၇၀၀၀.၀၀ကျပ် နှူန်း နဲ့ ၇၁ ယောက်စာ ဆိုတော့ ငါးသိန်းလောက် လိုမှာဖြစ်ပါတယ် ။ အခု က စပြီး  သြဂုတ်လ တတိယပတ်လောက်မှာ အလှူခံ ပိတ်ပြီး ရတာကို ပေးပို့လှူဒါန်းမယ် လို့ စိတ်ကူးထားပါတယ် ။တယောက် ကို S$10.00 လှူမယ် ဆိုရင်တောင် ၀တ်စုံ တစုံစာတော့ ရပြီး ဖြစ်ပါတယ် ။ နည်းတယ် များတယ် သဘောမထားဘဲ မိမိ ကိုယ်လဲ ၀န်မပိစေဘဲ S$10.00 မှ စပြီး ဆန္ဒရှိသလောက် လှူနိုင်ပါတယ်  ရှင် ။

မယ်သံ တို့ နှင့် အတူ ပါဝင်ကုသိုလ် ပြုချင်ကြမယ် ဆိုရင် ဖြင့်

 NAME : THANDAR LWIN
POSB SAVINGS ACCOUNT : 058-75964-3 ကို ငွေလွှဲပြီး ဖုန်း 9003 2436 ကို လှူဒါန်းသူ ရဲ့အမည် နှင့် လှူဒါန်းငွေပမာဏ ကို Message ပို့ပေးပါလို့ ။ 


(ဖုန်းကို မပို့ရင်လဲ ဒီပို့စ်အောက်မှာ ကွန်မန့်လေး ရေးပေးလို့လဲ ရပါတယ် )

လှူဒါန်းသူများ အမည် ကို ဒီပို့စ်အောက်မှာ ဖော်ပြပါ့မယ်ရှင် ။


တခြား နိုင်ငံမှ လှူဒါန်း လိုသူများအတွက် ပေးပဲလ် အကောင့် thandarlwin2006@gmail.com ကို ပေးပို့လှူဒါန်းနိုင်ပါတယ် ။

ဝတ်စုံ မလှူဘဲ တခြား လှူချင်တာ ရှိရင် လဲ လှူပေးပါ့မယ် ။

တခြားလှူလို့ ရတာတွေ ကတော့
စေတနာဒါန ထာဝရ ပဒေသာပင် စိုက်ထူလိုလျှင်
၁)ဆွမ်းပဒေသာပင် တပင်လျှင် ...၁၀၀၀၀.၀၀ ကျပ်
၂)ဆေးပဒေသာပင် တပင်လျှင်...၁၀၀၀၀.၀၀ကျပ်
၃)ပညာရေးပဒေသာပင် တပင်လျှင် ...၁၀၀၀၀.၀၀ကျပ်
၎)ထူးချွန်ပဒေသာပင် တပင်လျှင်...၁၀၀၀၀.၀၀ကျပ်
၅)ဘက်စုံပဒေသာပင် တပင်လျှင်...၁၀၀၀၀.၀၀ကျပ် စသည်ဖြင့် လှူဒါန်းနိုင်ပါတယ်။

"စာနာမှူနှင့် . . . သာသနာပြုကာ လှူဒါန်းကြပါစို့ . . ."

စေတနာ့ဝန်ထမ်း ဆရာမလေး များနှင့် ကျောင်းသားလေးများ


Add caption

Friday, July 20, 2012

ဖားအောက်တောရ (စင်္ကာပူ) တရားပွဲ ဖိတ်ကြားလွှာ

ဓမ္မမိတ်ဆွေ အပေါင်းတို့ ရှင်...

ယခုလာမည့် စနေနေ့ (၂၁-၇-၂၀၁၂) ညနေ (၇)နာရီ အချိန်တွင် ဖားအောက်တောရ (စင်္ကာပူ) (PAMC) ၌  " အပ္ပမာဒ (သေသူရှင်သူ) တရားတော်ကို ဖားအောက်တောရ (သန်လျင်) ကမ္မဌာနာ စရိယဆရာတော် ဘဒ္ဒန္တ ဓမ္မသာရ (ဓမ္မာစရိယ ဘီအေ) က တရားရေအေး တိုက်ကျွေးမည့်ဖြစ်ပါသဖြင့် တရားချစ်ခင်သူတော်စင် အပေါင်းတို့အား တရားနာကြွရောက်တော်မူကြပါရန် နိဗ္ဗာန် အကျိုးမျှော်ကိုးလျှက် တိုက်တွန်းနှိုးဆော်လိုက်ရပါသည် ရှင့်။

" အပ္ပမာဒ - မမေ့မလျော့ခြင်းဆိုတာ သတိရှိခြင်းကို ဆိုလိုပါတယ်။
 လောကမှာ ကိုယ့်အလုပ်ကိုစိတ်မဝင်စားပဲ အပျော်အပါးလိုက်စားပြီး အချိန်ကုန်နေသူ အလုပ်လုပ်ရမှာပျင်းတဲ့သူ လုံ့လမရှိသူဟာ မေ့နေတဲ့သူတွေဖြစ်ကြပါတယ်။ ကိုယ့်အလုပ်ကိုစိတ်ဝင်စားပြီး ကြိုးစားနေသူဟာ မမေ့မလျော့သူ သတိရှိသူတွေဖြစ်ကြပါတယ်။"
         ပညာရေး ကျန်းမာရေး စီးပွားရေး စတဲ့လောကအရေးမှန်သမျှမှာ ကြီးပွားတိုးတက်နေသူတွေဟာ သတိရှိသူ သတိမလစ်သူတွေ ဖြစ်ကြပြီး ဆုတ်ယုတ်ပျက်စီးနေသူတွေဟာ မေ့လျော့နေသူတွေဖြစ်တယ်ဆိုတာ တွေ့နိုင်ပါတယ်။ တိုးတက်မှု မတိုးတက်မှုကို အစွဲပြုပြီး " မမေ့သူမှာ မသေ၊ ရှင်နေသူ ဖြစ်၍ မေ့သူမှာ သူသေနှင့်မခြား " လို့ ဓမ္မပဒ မှာ ဘုရားရှင်ဟောထားပါတယ်။ တရားအားထုတ်မှုမှာလည်း အပ္ပမာဒ သတိတရား ပိုပြီးလိုအပ်ပါတယ်။ 
အပ္ပမာဒ တရားအရေးကြီးလို့ ဘုရားရှင်က အပ္ပမာဒ တရားကို နေ့တိုင်းနေ့တိုင်း ဟောကြားသလို နောက်ဆုံး ပရိနိဗ္ဗာန်စံခါနီးမှာလည်း ဟောကြားဆုံးမခဲ့ပါတယ်။

အပ္ပမာဒေန သမ္ပာဒေထ
ဘဒ္ဒန္တ ဓမ္မသာရ (ဓမ္မစရိယ ဘီအေ)
ကမ္မဌာနာ စရိယ ဆရာတော်
ဖားအောက်တောရ (သန်လျင်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဌာနချုပ်တွင်ကျင်းပသော(၆၅) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားသောမိန့်ခွန်း


ကျွန်မကဒေါက်တာဘွဲ့မရှိပါဘူး။ ဂုဏ်ထူးဆောင်ပေးတယ် ဆိုတာဟာ ဒေါက်တာဆိုတဲ့အသုံးအနှုန်းကို မသုံးသင့်ပါဘူး။ သုံးပိုင်ခွင့်မရှိပါဘူး။ ကျွန်မကို ဒေါ်အောင်ဆန်းစုကြည်လို့ပဲ ရိုးရိုးဆက်ပြီးခေါ်သွားလို့ရပါတယ်။ ဒေါက်တာ အခေါ်ခံစေချင်ရင် စာမေးပွဲဖြေရတော့မလိုဖြစ်နေပြီ၊ အားလုံးဒီလို အာဇာနည်နေ့မှာ သိုက်သိုက်ဝန်းဝန်းရောက်လာတဲ့အတွက် ကျွန်မ၀မ်းသာပါ တယ်။ ကျွန်မတို့ အာဇာနည်နေ့ ကျင်းပတယ် ဆိုတာဟာ အခုနှစ်တင် မဟုတ်ပါဘူး။ နှစ်ပေါင်း ၂၀ ကျော်ကတည်းက ဘယ်လိုပဲ အခက်အခဲတွေ ရှိခဲရှိခဲ့ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အာဇာနည်နေ့ကို ကျင်းပဖြစ်အောင် ကျင်းပခဲ့ပါတယ်။ ဒီလိုကျင်းပရတဲ့အကြောင်းဟာ ကျွန်မတို့ အခြေခံအားဖြင့်တော့ နိုင်ငံရေးအကြောင်းပဲ လို့ပြောရမှာဖြစ်ပါ တယ်။ ကျွန်မတို့က နိုင်ငံရေးအဖွဲ့အစည်းဆိုတော့ နိုင်ငံရေးအကြောင်းကို အခြေခံပြီးတော့ ဒီလိုပွဲတွေကို ကျင်းပတာပါ။

အာဇာနည်စိတ်ဓာတ်ကို ကျွန်မတို့နိုင်ငံမှာ ပြန့်ပွားစေချင်လို့။ ဒီလို အာဇာနည် စိတ်ဓာတ်ပြန့်ပွားစေချင် တယ်ဆိုလို့ရှိရင် အာဇာနည်စိတ်ဓာတ်ကို လေးစားတယ်ဆိုတာ ဟာကျွန်မ တို့နိုင်ငံမှာရှိရမယ်။ အများမလေးစားတဲ့ဟာကို ပြန့်ပွားအောင်လုပ်ဖို့ဆိုတာ အင်မတန်မှ ခက်ပါတယ်။ ဒီတော့ကျွန်မတို့ အာဇာနည် စိတ်ဓာတ်က ဘာလဲဆိုတော့ ပြောနိုင်တာတွေက အမျိုးမျိုးပေါ့နော်။ ကျွန်မအမြင်မှာတော့ အာဇာနည် စိတ်ဓာတ်ကို အများက မြင်တာက သတ္တိရှိခြင်းနဲ့ပဲဆိုင်တယ်လို့ မြင်ကြတာများတယ်။ သတ္တိရှိတာကို အာဇာနည် စိတ်ဓာတ်ပေါ့ ၊ ရဲရဲရင့်ရင့်နဲ့ လုပ်ရဲကိုင်ရဲတာကို အာဇာနည် စိတ်ဓာတ်လို့မြင်ကြတယ်။ ကျွန်မကတော့ ဒီလိုပဲ ကြည့်လို့မဖြစ်ဘူးပေါ့နော်။ အာဇာနည်ဆိုတဲ့စကားကတော့သက္ကတဘာသာကနေပြန်ကြည့်မယ်ဆိုရင် မြင့်မြတ်တဲ့မျိုးရိုးကို ဆိုလိုတာပါ။ ဒါပေမယ့် ဒီခေတ်က မျိုးရိုးကိုကြည့်တဲ့ခေတ်မဟုတ်တော့ပါဘူး။ ဒီတော့ မြင့်မြတ်တဲ့မျိုးရိုး အစား မြင့်မြတ်တဲ့စိတ်ဓာတ်လို့ပဲ ကျွန်မပြောချင်ပါတယ်။ အဲဒီတော့ မြင့်မြတ်တဲ့ စိတ်ဓာတ်ကို အခြေခံမှ အာဇာနည် စိတ်ဓာတ်လို့ အခေါ်ခံရမှာပါ။ သတ္တိရှိတယ်ဆိုတာလည်း မြင့်မြတ်တဲ့စိတ်ဓာတ်ကို အခြေခံတဲ့သတ္တိမျိုးဖြစ်ရပါမယ်။ သတ်ရဲဖြတ်ရဲတိုင်းသတ္တိမဟုတ်ပါဘူး။ တိုက်ရဲခိုက်ရဲတိုင်းလည်း အာဇာနည် မဟုတ်ပါဘူး။ အာဇာနည် စိတ်ဓာတ်ရဲ့ အခြေခံက မြင့်မြတ်တဲ့ စိတ်ဓာတ်လို့ ကျွန်မပြောချင်ပါတယ်။ မြင့်မြတ်တဲ့ စိတ်ဓာတ်တွေ ကျွန်မတို့ နိုင်ငံမှာ ပွားများအောင်လို့ ကျွန်မတို့ဟာ အာဇာနည်ခေါင်းဆောင်ကြီးတွေကိုလေးစားသင့်တယ်။ ဒီခေါင်းဆောင် ကြီးတွေရဲ့ကျေးဇူးကို မမေ့သင့်ဘူးလို့ ကျွန်မတို့ ဒီလိုပဲယူဆပါတယ်။

မြင့်မြတ်တဲ့ စိတ်ဓာတ်ဆိုတာ ဘာလဲဆိုရင်တော့ လူတိုင်းလူတိုင်းဟာ သိသင့်ပါတယ်။ တကယ်တမ်း မြင့်မြတ်ခြင်းဆိုတာ ဘာလဲဆိုတာ မသိတဲ့သူတွေရှိလားလို့ တစ်ခါတလေကျွန်မစဉ်းစားမိတယ်။ ကျွန်မငယ်ငယ် တုန်းက မရှိဘူးလို့ထင်မိတယ်။ အသက်ကြီးလာတော့ ရှိတယ်ဆိုတာမြင် ခဲ့တယ်။ တကယ်ပဲတချို့က မြင့်မြတ်ခြင်းဆိုတာ ဘာလဲဆိုတာနားမလည် တာတွေရှိကြတယ်။ အဲဒီနားမလည်တာတွေက ပြုစုပျိုးထောင်မှု၊ ပညာရေးစနစ်၊ဗီဇလည်းပါပါတယ်။ ဗီဇဆိုတာ ဘယ်လိုမှ ငြင်းလို့မရပါဘူး။ တစ်ယောက်နဲ့တစ်ယောက်ဟာ မွေးကတည်းကတူလာတာမဟုတ်ပါဘူး။ ပညာရေးစနစ်ကနေပြီးတော့ အများကြီးပြုပြင်ပေးနိုင်တယ်လို့ ကျွန်မတို့ယုံကြည်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့နိုင်ငံမှာ ပညာရေးစနစ် အရေးကြီးတယ်ဆိုတာကို အမြဲပဲ မီးမောင်းထိုးရတဲ့ကိစ္စက ဒါပါပဲ။ ကျွန်မတို့နိုင်ငံသူနိုင်ငံသားတွေဟာ တန်ဖိုးရှိတဲ့လူသားတွေဖြစ်လာအောင်လို့ ကျွန်မတို့ဟာ ပညာရေးစနစ်ကိုပြုပြင်ချင်တာပါ။ ပညာရေးစနစ်ပြုပြင်ပြီးတော့မှ ကျွန်မတို့ပိုပြီးတော့အမြင်ကျယ်တဲ့ ပိုပြီးတော့ စိတ်ထားမြင့်တဲ့ နိုင်ငံ သူနိုင်ငံ သားတွေကို ပြုစုပျိုးထောင်ချင်ပါတယ်။ မိဘများမှာလည်းတာဝန်ရှိပါတယ်။ လက်ဦးရာတွေက မိဘတွေပဲ ။မိဘတွေ ကိုယ်တိုင်က သားသမီးတွေကို မှန်ကန်တဲ့အတွေးအခေါ်တွေ မှန်ကန်တဲ့တန်ဖိုးထားတွေ သိအောင်လို့ လုပ်ပေးရမှာပါ။ အဲဒီလိုလုပ်ပေးမှ ကျွန်မတို့ဟာ အာဇာနည်တွေများတဲ့ တိုင်းပြည်ဖြစ်လာပါလိမ့်မယ်။တချို့က အာဇာနည်ဆိုတာ စွန့်လွတ်ပြီး အနစ်နာခံပြီး အသေခံသွားတဲ့သူလို့ထင်မှတ်တဲ့သူတွေလည်းရှိပါတယ်။ဒါက သူရဲကောင်းနဲ့ အာဇာနည်ကို အဓိပ္ပါယ်အသဲမကွဲ ဖော်ထုတ်လိုက်တာပဲလို့ ကျွန်မကတော့ မြင်ပါတယ်။ သူရဲကောင်းကသူရဲကောင်းပဲ၊ အာဇာနည်က အာဇာနည်ပဲ။ အာဇာနည်ဆိုတာဟာ မြင့်မြတ်တဲ့စိတ်လည်းပါရမယ်လို့ ကျွန်မထင်ပါတယ်။ ရိုးရိုးသူရဲကောင်းစိတ်ဓာတ်နဲ့ မလုံလောက်ပါဘူး။တစ်နည်းအားဖြင့် ဆိုရမယ်ဆိုလို့ရှိရင် သူရဲကောင်း အာဇာနည် ၊ အာဇာနည်သူရဲကောင်းစတာမှာတော့ သူရဲကောင်းဘက်က စပေမယ့် အာဇာနည် စိတ်ဓာတ်ရှိမှအာဇာနည်ဖြစ်မှာပါ။ သူရဲကောင်းတိုင်းက အာဇာနည်ဖြစ်တာ မဟုတ်ပါဘူး။ ဒါပေမယ့် အာဇာနည်တိုင်းကတော့ သူရဲကောင်းဖြစ် တတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့အာဇာနည် စိတ်ဓာတ်ဆိုကတည်းက ဘယ်ဟာကိုတန်ဖိုးထားရမလဲဆိုတာ သိတဲ့အခါကျတော့ ဒီတန်ဖိုးထားမှုကို အခြေခံပြီးတော့ ဒီ သတ္တိရှိသင့်တဲ့နေရာမှာ ရှိကြတယ်။ သတ္တိထုတ်သင့်တဲ့နေရာမှာထုတ်ကြတယ်။ သတ္တိကို မထုတ်သင့်တဲ့နေရာမှာထုတ်တာလည်း အာဇာနည် စိတ်ဓာတ်မဟုတ်ဘူးလို့ ကျွန်မမြင်ပါတယ်။ အာဇာနည်စိတ်ဓာတ်ဆိုတာ မြင့်မားတဲ့စိတ်၊ ဆင်ခြင်တုံတရားပါတဲ့စိတ်နဲ့ သတ္တိကို တွဲထားတဲ့ စိတ်လို့ ဒီလိုပဲ ကျွန်မက အဓိပ္ပာယ်ဖော်ချင်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ဟာကျွန်မတို့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို တကယ်ပဲလေးစားတယ်၊တကယ်ပဲတန်ဖိုးထားတယ်ဆိုလို့ရှိရင်ဒီကိစ္စကိုနားလည်ဖို့လိုပါတယ်။

တကယ်တန်ဖိုးကိုနားမလည်ဘဲနဲ့လေးစားတယ်ဆိုတာဟာ မဖြစ်နိုင်ပါဘူး။ မှားပြီးတော့ ဒီလူဟာမလေးစားသင့်တဲ့အရည်အချင်းကိုကြည့်ပြီး အားကျပြီးလေးစားတယ်ဆိုတာလည်း တစ်နည်းအားဖြင့် တကယ့်မြင့်မြတ်တဲ့လူတွေကို စော်ကားရာရောက်တယ်လို့ကျွန်မကတော့ ဒီလိုပဲမြင်ပါတယ်။ အဲဒါကြောင့်မို့ အာဇာနည် စိတ်ဓာတ်ဆိုတာ ဘာလဲဆိုတာကို ကိုယ့်ကိုယ်ကို သေသေချာချာတစ်ယောက်ချင်းတစ်ယောက်ချင်းကနေပြီး ကိုယ့်ဘာသာကို လေ့လာပြီးကြည့်စေချင်ပါတယ်။အထူးသဖြင့် ကျွန်မတို့ရဲ့လူငယ်တွေကို ကြည့်စေချင်ပါတယ်။ လူတိုင်းလူတိုင်းဟာ အာဇာနည်ဖြစ်နိုင်ပါတယ်။ လူတိုင်းလူတိုင်း အာဇာနည်ဖြစ်ဖို့ဆိုတာ အသက်ကို စွန့်လွှတ်ဖို့မလိုပါဘူး။ တစ်ခါတလေ မသက်မစွန့်ဘဲနဲ့တကယ့်ကိုနေသွားရတာတောင်မှ အာဇာနည်စိတ်ဓာတ်နဲ့နေသွားတာတွေရှိပါတယ်။ အဲဒါကြောင့်မို့ ကျွန်မတို့လူငယ်တွေဟာ မြင့်မြင့်ကြံကြပါ။ ကိုယ့်ကိုယ်ကို အာဇာနည် စိတ်ဓာတ်နဲ့နေနိုင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်အောင် လေ့ကျင့်ကြပါ။ လေ့ကျင့်နေလို့ရှိရင်ရပါတယ်။ အာဇာနည် စိတ်ဓာတ်ထဲမှာ ကိုယ်ကျိုးမရှာတဲ့ မြင့်မြတ်တဲ့ စိတ်ထားတစ်ခုလည်းပါပါတယ်။ ကိုယ်ကျိုးရှာတဲ့စိတ်ပါသွားပြီဆိုလို့ရှိ ရင် ကိုယ့်ရဲ့တိုးတက်ရေးအတွက် ကိုယ့်ရဲ့အကျိုးတိုးတက်ရေးအတွက် သိပ်ပြီးတော့အလေးထားသွားပြီဆိုလို့ရှိရင် ဒါအာဇာနည်မဟုတ်တော့ပါဘူး။ တခြားနေရာတွေမှာတော်တဲ့သူဖြစ်နိုင်ပါတယ်။ လူတော်ဖြစ်နိုင်ပါတယ်။ အင်မတန်မှတော်တဲ့သူဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အာဇာနည်လို့တော့ ကျွန်မကသတ်မှတ်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တချို့ဆိုလို့ရှိရင် ကိုယ့်ရဲ့ပစ္စည်းအတွက်၊ ကိုယ့်ရဲ့တိုးပွားရေးအတွက် အများကြီး စွန့်စားတဲ့သူတွေရှိတယ်။ စွန့်စွန့်စားစားနဲ့လုပ်တဲ့ စီးပွားရေးသမားတွေလည်းရှိတယ်။ စွန့်စွန့်စားစားနဲ့ကိုယ်လုပ်ချင်တဲ့အရာကို ရအောင်လို့ လုပ်တဲ့သူတွေလည်းရှိတယ်။ ဒါပေမယ့် ကိုယ့်အတွက် လုပ်တယ်ဆိုတဲ့အခြေခံတာကြောင့်မို့ ဒါကို ကျွန်မကတော့ အာဇာနည် စိတ်ဓာတ်လို့ မသတ်မှတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ ပြည်သူပြည်သား အားလုံးဟာ အာဇာနည် စိတ်ဓာတ်ဘာလဲဆိုတာကို သေသေချာချာစဉ်းစားကြပါ။ စဉ်းစားပြီးတော့မှ ဒီလို စိတ်ဓာတ်မျိုးကို ကိုယ့်အတွင်းမှာလည်း တိုးပွားအောင်လို့လုပ်ပါ။ တခြားသူတွေ ဒီလို စိတ်ဓာတ်ရှိလို့ ရှိရင်လည်း အဲဒီလို ပုဂ္ဂိုလ်တွေကို တန်ဖိုးထားပါ လို့ ကျွန်မပြောချင်ပါတယ်။ မှားပြီးတော့ သွားပြီးတန်ဖိုးမထားနဲ့နော်။ မှားပြီး တန်ဖိုးထားရင် ကျွန်မတို့နိုင်ငံ အများကြီး ဒုက္ခရောက်နိုင်ပါတယ်။ တန်ဖိုးထားမှန်ဖို့ဆိုတာဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့်မို့ ပညာရေးမှာပဲဖြစ်ဖြစ်၊ ကျန်းမာရေးမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ လူမှုရေးမှာပဲဖြစ်ဖြစ်၊ ဘာကိုတန်ဖိုးထားသင့်တယ်။ ဘယ်လိုကိစ္စတွေကို တကယ် အထင်ကြီးသင့်တယ်ဆိုတာကို၊ အထူးသဖြင့် ကျွန်မတို့လူငယ်တွေကိုသေသေချာချာ စဉ်းစားစေချင်ပါတယ်။ ဘာပဲကြည့်ကြည့် အပေါ်ယံပဲမကြည့်ပါနဲ့။ သေသေချာချာ လေးလေးနက်နက်စဉ်းစားပြီးတော့ ငါတို့ဟာ ဘာတွေကို တန်ဖိုးထားရမလဲဆိုတာ ကို စဉ်းစားပါ။ အရေးမကြီးတဲ့ ကိစ္စနဲ့ပတ်သက်လို့ အထင်မသေးပါနဲ့။ တချို့တွေကဆိုရင် အပေါ်ယံကြောပဲကြည့်ကြတယ်။ အပေါ်ယံကြောကြည့်ပြီးတော့ အထင်သေးတာတွေရှိခဲ့ပါတယ်။ ဥပမာ ဒီနေ့ အာဇာနည်နေ့မို့ ပြန်ပြောရမယ်ဆိုရင် ဖေဖေက ငယ်ငယ်က ကျောင်းသားဘ၀တုန်းက ဖိုသီဖတ်သီနဲ့နေတတ်တာ နောက်ပြီးတော့ နေပုံထိုင်ပုံက မယဉ်ကျေးတာ၊ မသိမ်မွေ့တာ အဲဒါတွေကိုကြည့်ပြီးတော့ အထင်သေးတဲ့သူတွေလည်းရှိခဲ့ပါတယ်။ ဒါပေမယ့် အဲလိုအထင်သေးတာမှားသလားဆိုတော့လည်း မမှားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ယဉ်ကျေးတဲ့သူနဲ့ ရိုင်းစိုင်းတဲ့သူဟာ ယဉ်ကျေးတဲ့သူက ပိုပြီးတော့တန်ဖိုးရှိပါတယ်

ဖေဖေကိုယ်တိုင်လည်း ဒီဟာကို မဆုံးခင်မှာ အသိအမှတ်ပြုသွားပါတယ်။ ကျွန်မဖေဖေအကြောင်းရေးတဲ့ အထုပ္ပတ္တိအတိုလေးမှာလည်းရေးထားပါတယ်။ ကျွန်မတို့အင်မတန်မှ နီးစပ်ဖူးတဲ့ မိတ်ဆွေတစ်ယောက်ကပြောတယ်။ ဖေဖေကပြောခဲ့ဘူးတယ်တဲ့ ငယ်ငယ်တုန်းက ကျောင်းသားဘ၀တုန်းကလို သူဒီလိုနေလို့မဖြစ်ဘူးပေါ့နော်။ အခုသူကအမျိုးသားခေါင်းဆောင်အဆင့်ရောက်နေပြီဆိုတော့ ကျောင်းသားဘ၀တုန်းကလို ခပ်ရိုင်းရိုင်း ခပ်ကြမ်းကြမ်းနေဖို့မသင့်ဘူး။ သူ့ကိုယ်သူပြုပြင်ဖို့လိုတယ်ဆိုတာကိုသူက ဖေဖေက အသိအမှတ်ပြုတယ် ။ သူကြိုးစားသွားမယ်လို့ပြောပါတယ်။ ကြိုးစားလည်းကြိုးစားပါတယ်။ ဒါကြောင့်မို့လို့လဲနောက်ဆုံးအပိုင်းမှာဖေဖေဟာ အပြောအဆိုကတော့ နောက်ဆုံးမိန့်ခွန်းအထိ ဗမာတွေမမေ့အောင်တော့ ခပ်ကြမ်းကြမ်းပြောသွားတာပဲ။ ဒါပေမယ့် ဆက်ဆံရေးနဲ့ပတ်သက်လို့ရှိရင် အထူးသဖြင့် လူကြီးတွေကို ဒါကတော့ ဖေဖေက ငယ်ငယ်ထဲကပါ ငယ်ငယ်ကတည်းက လူကြီးတွေကိုလေးလေးစားစားနဲ့ ဂါရ၀တရားပြည့်ပြည့်၀၀နဲ့ ဆက်ဆံခဲ့တာတွေရှိပါတယ်။ နောက်ပိုင်းမှာလည်း ပိုပို ပိုပိုပြီး ယဉ်ကျေးသိမ်မွေ့လာတယ်ဆိုပြီးတော့မြင်ရတာပေါ့လေ။ ဒါကမေမေ့ရဲ့ကျေးဇူးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ပိုပြီးတော့ ယဉ်ကျေးသိမ်မွေ့လာတယ်ဆိုတော့ ငြင်းလို့မရနိုင်ပါဘူး။ တကယ့်အာဇာနည် စိတ်ဓာတ်ရှိတဲ့သူဆိုတာဟာ စိတ်နှိပ်ချမှုလည်းရှိရမယ်။ ကိုယ့်မှာပြုပြင်ဖို့လိုတယ်ဆိုတာကိုလည်းနားလည်ရမယ်။ ကိုယ်နဲ့မတန်တဲ့အဆင့်ကို ကိုယ်ရောက်နေပြီဆိုပြီးတော့ မာန်တက်နေတယ်ဆိုတာလည်း ဒါအာဇာနည် စိတ်ဓာတ်မဟုတ်ဘူး။ အာဇာနည် မှန်ရင် အတွေးအခေါ်မှန်ရတယ်။ အတွေးအခေါ်မှန်တဲ့အခါကျရင် ကိုယ့်အားနည်းချက်ကို ကိုယ်တွေ့ရတယ်။ တခြားသူရဲ့အားသာချက်ကိုလည်း သိရတယ်။ တရားတော်ထဲမှာ ဆိုလို့ရှိရင် ကျွန်မအင်မတန်မှ ကြိုက်တဲ့ ဆုံးမစကားတစ်ခုရှိပါတယ်။ ဒီကိစ္စကိုလည်း ကျွန်မမကြာခဏပြောပါတယ်။ ဒါကတော့ရှင်းရှင်းလေးပါ ။ သူတော်ကောင်းဆိုတာ ကိုယ့်ရဲ့ကျေးဇူးကို ကျုံ့ပြီးတော့မြင်တယ်။ သူများရဲ့ကျေးဇူးကိုချဲ့ပြီးတော့မြင်တယ်။ သူယုတ်မာကတော့ပြောင်းပြန်ပေါ့နော်။ကိုယ့်ရဲ့ကျေးဇူးကိုချဲ့ပြီးတော့မြင်တယ်။ သူများရဲ့ကျေးဇူးကို ချုံ့ပြီးတော့မြင်တယ်။ အဓိကပြောရမယ်ဆိုရင် သူတော်ကောင်းဆိုတာ ကိုယ့်ရဲ့အားနည်းချက်ကို ကိုယ် သိရတယ်။ကိုယ့်ရဲ့အားနည်းချက်ကို ကိုယ် အလေးထားရတယ်။ တခြားသူတွေရဲ့အားနည်းချက်တွေကိုမြင်ပြီးတော့ သိပြီးတော့ အင်မတန်မှ ချဲ့ကားပြီးတော့ ကိုယ့်ရဲ့အားနည်းချက်ကို ကျတော့လစ်လျူရှုထားတဲ့သူတွေသာ သူတော်ကောင်းမဟုတ်ဘူး ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ အဲဒီတော့ အာဇာနည်ဆိုကတည်းက သူတော်ကောင်းဖြစ်ရမယ်။့မြင့်မြတ်တဲ့စိတ်ရှိရမယ်။ မြင့်မြတ်တဲ့စိတ်ရှိတဲ့စိတ်ရှိတဲ့သူဟာ ကိုယ့်ရဲ့အားနည်းချက်ကို သိရမယ်။ သိရုံတင်မကဘူး။ပြုပြင်ချင်တဲ့စိတ်လည်းရှိရမယ်။ အဲဒါကြောင့် ကျွန်မ ဒီနေ့ ဖေဖေနဲ့တကွ ကျဆုံးသွားတဲ့ခေါင်းဆောင်ကြီးတွေ အကြောင်းပြောနေတဲ့နေရာမှာ ဖေဖေကိုယ်တိုင်ပြောသွားတဲ့စကား သူ့ကိုယ်သူပြုပြင်ဖို့လိုတယ်။ ကျောင်းသားဘ၀တုန်းကလိုပုံစံနဲ့သူနေလို့မရတော့ဘူး။ သူဟာကျောင်းသားမဟုတ်တော့ဘူး။ သို့သော်ငြားလည်း အဲဒီတုန်းက ဖေဖေတော်တော်ငယ်ပါသေးတယ်။ ၃၂ နှစ် ။ဒီစကားပြောခဲ့တုန်းက ၃၂ နှစ် မပြည့်သေးခင်ပေါ့။ ဘုရင်ခံရဲ့ကောင်စီမှာ ဒုဥက္ကဋ္ဌဖြစ်ပြီးတဲ့အချိန် ၃၂ နှစ်မပြည့်သေးတဲ့ အချိန်မှာ ဒီစကားပြောခဲ့တာပါ။ အခုခေတ်ဆိုရင် ၃၂ နှစ်မပြည့်သေးတာကို ကလေးလို့တချို့ကတောင်ထင်ကြတယ်။ ကျွန်မ တို့လည်း အမှန်ပြောရင် တစ်ခါတလေ ကလေးလို့မြင်ပါတယ်။ လူငယ်ပေါ့နော်။ ဒါပေမယ့် ဖေဖေကတော့ လူကြီးစိတ်အပြည့်အ၀နဲ့ သူဟာ လူကြီးတစ်ယောက်ဖြစ်သွားလို့ လူကြီးပီပီနေရမယ်။ သူ့ရဲ့အားနည်းချက်တွေကို သူပြုပြင်ရမယ်။ ဒီဟာတွေကို တစ်နေ့ထက်တစ်နေ့ တိုင်းပြည်အတွက်ပိုတန်ဖိုးရှိအောင်လို့ နေသွားရမယ်ဆိုတာကို လက်ခံသွားတာကြောင့်မို့လို့ကျွန်မအနေနဲ့ကတော့ ဖေဖေဟာ တကယ့်အာဇာနည်စိတ်ဓာတ်နဲ့ပြည့်စုံတယ်လို့ ဒီလိုပဲသတ်မှတ်ပါတယ်။

ကျဆုံးသွားရလို့ ၊ ဒီလို အနစ်နာခံသွားရလို့ အာဇာနည်ရယ်လို့ ဒီလိုကျွန်မ သတ်မှတ်တာမဟုတ်ပါဘူး။ မှန်ကန်တဲ့ ၊ မြင့်မြတ်တဲ့ စိတ်ဓာတ်ရှိလို့ အာဇာနည်လို့ကျွန်မက သတ်မှတ်တာပါ။ ဒါကြောင့်မို့ ကျွန်မတို့ရဲ့နိုင်ငံမှာ အာဇာနည်တွေ အများကြီးမွေးဖွားရှင်သန်နိုင်ကြပါစေလို့ ကျွန်မအနေနဲ့ ဆန္ဒပြုရင်းနဲ့ နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Credit: Popular Myanmar News Journal

Thursday, July 19, 2012

အာဇာနည် နေ့ နှင့် ရောက်တတ်ရာရာ အတွေးများ

ဗိုလ်ချုပ် အောင်ဆန်း အပါအ၀င် ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးဘ၀င်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊ မိုင်းပွန်စော်ဘွား စ၀်စံထွန်း၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး  တို့  အာဇာနည် ကိုးဦး မသမာသူတို့၏ လုပ်ကြံမှုကြောင့် ၁၉၄၇ခုနှစ်၊ ဇူလိုင်လ ၁၉ရက်၊ စနေနေ့ နံက် ၁၀နာရီ၃၇မိနစ်တွင် ရန်ကုန်မြို့၌  ကျဆုံး သွားခဲ့တာ ဒီနေ့ ၂၀၁၂ ဂျူလိုင် ၁၉  မှာ ၆၅ နှစ် ရှိခဲ့ပါပြီ ။

ဒီနေ့ မှာ အာဇာနည် ခေါင်းဆောင်ကြီး များကို သွားရောက် ဂါရ၀ ပြု ကြတာ အမြောက်အများ တွေ့ရပါသည် ။ ဖေ့ဘွတ်ပေါ်မှာ မြို့အလိုက် စီတန်း သွားရောက် ဂါရ၀ ပြု တဲ့ ဓါတ်ပုံတွေ အများကြီး တွေ့ရသည် ။ စိတ်အထင် နှစ်စဉ် ဒီရက် မှာ အစဉ်အလာမပျက် ရန်ကုန်မြို့ အာဇာနည် ကုန်းမှာ သွားပြီး မိသားစု ၀င်များ နှင့် နိုင်ငံတော် အကြီးအကဲ များ သွားရောက် ဂါရ၀ ပြုတာ ကလွဲရင် တခြားမြို့ များ မှာ ဒီအစီအစဉ် တွေ မလုပ်ဖြစ်ကြတာ နှစ်ပေါင်းများစွာ ကြာမြင့်နေသလိုပင် ။

ကျမ တို့ ငယ်စဉ်က ဒီလိုနေ့ မနက် ၁၀နာရီ၃၇မိနစ် ဆို စက်ရုံ က ဥသြဆွဲ သည် ။ အဲဒီအချိန် ကျမတို့ လမ်းသွားနေတုန်းဆို စက်ဘီးကို ဗြုန်းဆိုရပ် သတိ အနေအထား ဖြင့် ဦးညွတ် အလေးပြု ကြတာ ၊ကျမ သာမဟုတ် စလေမြို့လေးက လူတိုင်းလိုလို .ထမင်းချက်ချက် ခြံထဲရောက်ရောက် လုပ်လက်စ တွေ ခန ရပ်လို့ .... ။ လူကြီး သူမတွေ လုပ်လို့သာ လိုက်လုပ်တာ နားမလည်သေးသော ကလေးများ က မေးရင်တော့ လူကြီးများက လွမ်းဆွတ် သတိရ စွာ ရှည်ရှည်လျားလျား ရှင်းပြကြသည်သာ ။ ဒီတော့ လူကြီး ကလေး ဒီသမိုင်း ကိုတော့ သိကြရသည်သာ ။ စလေ မြို့လေး မှာ ခုချိန်ထိ ဒီအလေ့အထ ရှိနေသေးလား သေချာ မသိတော့ပါ ။

ကျမ ၁၉၉၃ မှာ မြို့လေး ကိုခွဲခွာလာပြီးနောက် ချောက် ၊ ရန်ကုန် ၊ ကျောက်ဆည် စသဖြင့် ဟိုရောက် ဒီရောက် မြို့များမှာ ဒီအလေ့အထ ကိုမတွေ့ရတော့ပါ ။ သူ့ဌာန သူ့နေရာ အလိုက် ဂါရ၀တော့ ပြုကြမည် ။ ညဘက် သတင်းအစီအစဉ် ကို ကြည့်မိရင်တော့ အာဇာနည် နေ့မှာ  ဘယ်မိသားစု ကဖြင့် ဘယ်သူလာလို့ ဘာပန်းတွေ နဲ့ လုပ်ထားတဲ့ ပန်းခွေ ချသွားတယ် စိတ်ဝင်စားမှူက ဒီလောက်သာဘဲ ...။ ရင် မှ တန်ဘိုးထား မြတ်နိုးမှူ က အကွာ ကြီး ကွာသွားပြီ ။  ဒီနှစ် ဒီနေ့ မှာတော့ လူအများ စုရုံးသွားရောက် ဂါရ၀ ပြုကြတာ တွေ့ရတော့ နောက်မျိုးဆက်လေးတွေ ကျောင်းမတက် တဲ့ သူတွေ လဲ အာဇာနည် တို့အကြောင်း သိနို်င်သေးသည် ဟု ၀မ်းသာရပါသည် ။ ကျောင်းတက်ရင်တော့ သင်ခန်းစာ ထဲပါတော့ပါဦးမှာပင် .ဖျောက်ဖျက်မရတဲ့သမိုင်းမဟုတ်လား ၊ ကျောင်းမတက်သူတွေ သို့ သမိုင်းမသင်တဲ့ ကျောင်းတက်တဲ့ ကလေးတွေ တော့ မသိနိုင် ။ ဒီလိုနဲ့ တစတစ သမိုင်းကော မှာ ကြောက်ရသည်လေ ။

ကျမ အသက်အရွယ် အရ သေခြင်းတရား အကြောင်း အနည်းအပါး တီးခေါက်ထားရာ တွေးမိသည်က "ဇော" ၊ ကျမ တို့ အားလုံး ချစ်ခင်ရတဲ့ ခေါင်းဆောင်ကြီး  ဘယ်လိုများ သေသွားခဲ့ပါသလဲ ။ လုပ်စရာ တွေ အများကြီး ရှိသေးတယ်ရယ် လို့ နောက်ဆံ များ ငင်သွားပါသလား ၊ သူ့လို ကိုယ်ကျိုးအတွက်မကြည့် အများ အကျိုး အတွက် လုပ်နေသူ ကိုပင် ဒီလို ကြံစည်သူ ရှိပါသေးလား ဟု သံသယ နှင့် ၀မ်းနည်း နာကြည်းခဲ့လေသလား ဒါမှ မဟုတ် ဘာဆို ဘာမှ တွေးတော နိုင်ချိန် မရအောင် နာကျင်မှူ ခံစားခဲ့ရပါသလား ။ ဒါမှ မဟုတ် ဒီနာကျင်မှူတွေ ကိုဘဲ  ခန္ဒာ ကပါ လို့ ရုပ်နှင့် နာမ် ခွဲခြား ၀ိဥာဏ် သက်သက်သာသာ ထွက်သွားလေ ခဲ့သလား ။
ဘာ ဘဲ ဖြစ်ဖြစ် အများပြည်သူ တို့ လေးစားမြတ်နိုးရ ပါသော အာဇာနည် ကြီးများ အားလုံး ကောင်းရာ သုဂတိ ရောက် ကြမည် ဟု ကျမ ယုံကြည်ပါသည် ။

ကျမ ကတော့ အာဇာနည် နေ့ရယ်လို့ မဟုတ်ပေမဲ့ ရွှေတိဂုံ ဘုရားရောက်လို့ အချိန်ရသေးရင် မြောက်ဘက် မုဒ် မှ ဆင်း သွေးဆေးကန်း ဘေးကနေ အာဇာနည် ဗိမာန် ဘက်လဲ သွားဖြစ်ပါသည် ။ သွားရင် သတိထားမိတာ က အစောင့် စစ်သားတွေ ကိုပါ ။ သတိအနေအထားနဲ့  တွေ့ရသော စစ်သား လေးယောက် ၊ ဘာလို့ သတိ အနေအထားဖြင့် တချိန်လုံးနေဘို့ လိုအပ်တာလဲ လို့ ကျမ လက်တောက်လောက် အသိဥာဏ်ဖြင့် လိုက်မမှီနိုင် ၊ ဒါပေမဲ့ ကျမ မှာ မြင်တိုင်း မသက်မသာ ခံစားရမြဲ ။ (ဒါပေမဲ့ ကျမ စောင့်ကြည်တာကလဲ တနာရီတောင် မရှိခဲ့ပါ)

ရေပွက်ပမာ တခဏတာ အသက်ရှင် နေရတဲ့ ဘ၀ တွေမှာ မနက်ဖြန် ဆိုတာ ဘယ်သူမှ အစိုးမရနိုင် ။ နောက်နေ့အတွက် ရေရှည်အတွက် ဆိုတဲ့ မျှော်လင့်ချက်တွေ နဲ့ ရုန်းကန်လှူပ်ရှား စိတ်ဇောကပ် ကာမောနေသူများ မှာ အများအပြား ။ သူတို့ ကိုလဲ  မှားတယ် ဟု မဆိုသာ ၊ ကိုယ်တိုင်လဲ ဒီလိုလူစားထဲ မပါဘူး မပြောနိုင် ။ ဘုရားဟော အလယ်အလတ် လမ်းစဉ် ကို လိုက်နာ ကျင့်သုံးနိုင် ရင်တော့ အကောင်းဆုံး ။

ကျမ တို့ အခုလို သူ့ကျွန်ဘ၀ မှ လွတ်မြောက်ခြင်း ၊ လွတ်လပ်စွာ နေထိုင်နိုင်ခြင်းတို့ အတွက် အသက်စွန့် ကျိုးပမ်းဆောင်ရွက်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ အာဇာနည် ခေါင်းဆောင် ကြီးများ အား ဂါရ၀ ပြု သည့် ဒီနေ့ လို လွတ်လပ်ရေး ကျောက်တိုင်များမှာ ပန်းခွေချ ခြင်း သံဃာတော်များအားဆွမ်းကျွေး အမျှဝေခြင်း ၊ နံရံကပ်စာဆောင် များ ၊ ကလေးများအား အာဇာနည်နေ့ လေ့လာရေး ခရီး ပို့ခြင်း စသည့် လှူပ်ရှားမှူ များအတွက် များစွာ ၀မ်းမြောက်မိပါသည် ။

Thursday, July 12, 2012

ကျန်းမာ ပါစေ ချစ်သော အမေ

ငှက်ကလေးတွေ စိုးစီစီ နေခြည်မိုးသောက်ပြီ

အိပ်ယာထက် မှ ကလေးများ ထကြပါတော့လား ။

စာကျက် စားသောက် ပြင်ဆင်ကွယ်
ကျောင်းကိုသွားရမယ်
စာရေး စာဖတ် စာသင်မယ်
ကြိုးစားကြရမယ် ။

သမီးတို့သားတို့ အတွက် ရယ်
မေမေ မနားရတယ်
ချက်ပြုတ် သိမ်းထုတ် အိမ်အလုပ်
နေ့စဉ် တော်တော် ရှူပ် ။
သို့ပါသော်လည်း မေမေ့မယ်
မမောအား ပေါင် ကွယ် ။

အဆင်သင့်ပြင် စားစရာများ
ကလေးတွေ စားဘို့ထား
သားတို့ သမီးတို့ စားကြတယ်
မေမေ ပီတိကြွယ်
ကလေးတို့ ရဲ့ အပြုံးများ
မေမေ့ အတွက် အား ။    ။

မနက်ဖြန် ဂျူလိုင် ၁၃ မှာ အမေ့ အသက် ၆၇ နှစ်ပြည့်ပြီ ။


ညနေ ရုံးဆင်းလို့ အိမ်ပြန်ပြီဆို ဒီနေ့ အိမ်မှာ ဘာတွေ ဖြစ်လို့ အမေ ကဘာတွေ ပြောမှာပါလိမ့် လို့ တွေးမိသည် ။ အိမ်ရောက် သည် နှင့် တနေ့တာ ရဲ့ အဖြစ်အပျက်တွေ ကို ခရားရေသွန် အဆက်မပြတ် ပြောတာ ကို နားထောင်ရမည် ။ အိမ်မှာက အဖေ နဲ့ သမီးလေး ဘဲ ရှိတာဆိုတော့ အဓိက ဒီနှစ်ယောက်အကြောင်းဘဲပေါ့ ။

 အဖေ နှင့်အမေ က တကျက်ကျက် ၊ အိုးရွဲ့ ကို စလောင်းရွဲ့ နဲ့ ဖုံး ရင်တောင် ဒီအရွဲ့ အစောင်း နှစ်ခု အံဝင် ဂွင်ကျ မှူ ကို ကျမ တို့ ကျေးဇူးတင်ရပါမည် ။ ဒီအံဝင် ဂွင်ကျ မှူကြောင့် အဖေ တို့ အမေ တို့ အိမ်ထောင်သက် ၃၉ နှစ် တိုင် ခဲ့ပြီး ကျမတို့ မောင်နှမ လဲ မိစုံဖစုံ ရှိနေခဲ့တာ မဟုတ်လား ။
တခါ တလေေ တာ့လဲ သူတို့ နှစ်ယောက် ကျမ ကို ပုဏ္ဏားတိုင်ထားကာ တယောက်အကြောင်းတယောက်  ပြောကြတော့ ဒီလောက်မကျေနပ်ကြ ဘဲ ဒီလောက်နှစ်တွေ ကြာအောင် အတူတူ နေနိုင်ကြတာ ကို ကျမ အံ့သြပြီး ပြောတော့ သား သမီးတွေ မျက်နှာထောက်လို့ ပေါ့ ဟု ဖြေသည် ။ ဒါလဲ ဟုတ်တာဘဲ ။
(ဒါပမဲ့ ကျမမီးဖွားတာ ကို စောင့်ရှောက်ဘို့ ရန်ကုန်လာ တုန်းက အဖေ က အမေ့ကို ကျမတို့ နဲ့ အတူနေခဲ့ ၊ သူက တော့ မကွေးအိမ် မှာ ပြန်သွားနေမည် ပြောတုန်းက အမေ က လှတင့်ရှိရင် ကိုလွင်ရှိရမယ် ၊ ကိုလွင်ရှိရာ လှတင့် နေမယ် ဟု ပြတ်ပြတ်သားသား ပြောတဲ့ စကားက ကျမတို့ကြား ရေပန်းစား ဖူး သည်။)



တကယ်တော့ အမေ က အဖေ့ ကိုရော သားသမီး မြေးတွေ ကိုရော သူ မချစ်တာ မဟုတ် ။ ချစ်သည် ။ ချစ်တာမှ အပင်ပန်းခံ ပြီး ကို ချစ်သည် ။ ဘာမဆို အဖေ နှင့် ကျမတို့ ကြိုက်သည် ထင်လျှင် မဖြစ်မနေ စီစဉ်ပေးသည် ။ သို့သော် အထင် သည် အထင်သာဖြစ်သည် မသေချာ ။ အမေ က အထင်တလုံး နှင့် ပင်ပင်ပန်းပန်းစီစဉ်ပြီးသောအခါ ကျမတို့ က မကြိုက်ဘူးဆို ဒေါသ ထွက်တော့သည် ။ အမေ ဒေါသ အိုးကွဲ ပြီး စကားလုံးတွေ နှင့် ပစ်ပေါက်ရင်း ကြိုးအစထွက်သလို ဆွဲပြီး ရှေးဖြစ်နှောင်းဟောင်းတွေ ပါ ထွက်လာသောအခါ အဖေရယ် ကျမတို့ မောင်နှမရယ် အားလုံး စက်ကွင်း ကနေ မလွတ်တော့ ။ အားလုံးတန်းစီ ပြောပြီးလို့ အမေ ကျေနပ်သွားချိန်မှာ ခံစားပြီး ကျန်ခဲ့ရသူ တွေက ကျမတို့ သုံးယောက်သာဖြစ်သည် ။ အမေ ကတော့ သူမကျေနပ်တာ သာ သူသိပြီး သူများတွေ ဘယ်လို ခံစားရမည် ကို မတွေးမိသူသာ ဖြစ်သည် ။

တကယ်တော့ ကျမတို့ မိသားစု မှာ အပင်ပန်းဆုံး နှင့် အပင်ပန်းအခံနိုင်ဆုံး က အမေ သာဖြစ်သည် ။ အခု အသက် အရွယ်မှာ ပင် သမီးဖြစ်သူ ကျမထက် ပို အပင်ပန်းခံချင် သူဖြစ်သည် ။  အမေ က သမီးဖြစ်သူ ကျမ ကို ညှာ လို့ ကျမအလုပ်သွားချိန်တွေမှာ အိမ်အလုပ်တွေ ပြီးအောင် လုပ်ထားသည် ။ စိတ်ဆောင်လို့သာ လုပ်ထားသည် တကယ်က ခန္ဓာ က မလိုက်နိုင်တော့ ။ သွေးတိုး ဆီးချို ရှိနေသည့်အတွက် အစားလဲ ဆင်ခြင်ရသည် ။ အမေ က အစားမက် တဲ့သူ ၊ အချို အငံ အစပ် ကြိုက်တတ်သူ ဇြစ်ရာ ခုလို ဟိုဟာ မစားရ ဒီဟာ မစားရ ဆို ကျမလဲ စိတ်အတော်မကောင်း ။ တကယ်ဆို ခုလို ကျမ တတ်နိုင်နေချိန် မှာ အမေ ဆန္ဒရှိ ရာ စားချင်ရာ ကို ကျွေးချင်သည် ။

သားသမီးများ မိဘ ကိုကျေးဇူး ဆပ်ချင်လျှင် မိဘ များ တရားဓမ္မ အေးရိပ်မှာ  ၀ိပဿနာ အားထုတ် ဘို့ အားထုတ်ခွင့် ရဘို့စီစဉ်ပေး ခြင်းသည် အကောင်းဆုံး နည်းလမ်းဖြစ်သည် ဟု ဆိုကြသည် ။

အမေ့ မှာ သူမ ရဲ့ နုပျိုစဉ် အရွယ်ကောင်း ကိုလဲ ကျမ တို့ အတွက်ပေးဆပ် ခဲ့ရသည် ။ ခု အချိန် ထိ လဲ ကျမ အတွက် လုပ်ပေးနေရတာ ကို ကျမ စိတ်မကောင်း ။ အမေ့မေတ္တာကို အမှီပြု ၍ ကျမ ရယူနေသည် က မနည်းတော့ ။ ကျမ ဒိထက် အခွင့်အရေး မယူသင့်တော့ ။သား သမီး မြေး များ အတွက် အမေ့ ကို ဒီထက် စိတ်မပူစေချင်တော့ ။ အမေ့ အတွက် ကျမ စဉ်းစားရဦးမည် ။ အခု ဆို အမေ အိုလာပြီ ။ ခန္ဓာ နာလာချိန် မှာ တရား ကို သိပြီး သည်းခံနိုင်တဲ့ အလေ့အကျင့် ရှိဘို့ လိုပါသည် ။ အမေ့ ရဲ့ ကိုယ်ပိုင် ဘ၀ အတွက် ကိုယ်တိုင်ကြိုးစားဘို့ အခွင့်အရေး ကျမတို့ ပေးရမည် ။ အခုတောင် အတော် နောက်ကျနေပြီ ၊ အမေ့ ကို ဒီထက် ပိုနောက်မကျစေချင်တော့  ။
ကျမ အတွက် အမေ အချိန်ပေးစရာမလိုအောင် စီစဉ် တဲ့အခါ ကျမ က အမေ့ ကို မလိုအပ်တော့ဘူး လို့ တွေးပြီး စိတ်ငယ် ၀မ်းမနည်းဘဲ အမေ့ ကိုယ်တိုင် အတွက် အချိန်ရပြီ ဟု ၀မ်းသာ စေချင်ပါသည်။

သြော် တကယ်တော့ အမေ့ အတွက် ကိုယ်ပိုင် အချိန် များများ ကျန်အောင် ၊ ကျန်သော အချိန် မှာလဲ စိတ်သွားတိုင်း ကိုယ်ပါ နိုင်ပါစေ ရန် အမေ့ကို ကျန်းမာ အသက်ရှည်စေ လို လှသည် ။

(စား ၀တ် နေရေး အမေ မကြောင့်ကြ ရ စေရန် ကျမ ကြိုးစားပါမည် ။ အမေ့ အတွက် ကြောင့်ကြခြင်း အနှောင်အဖွဲ့ ကင်း၍  လက်ကျန်အချိန်တွေ မှာ တရားဓမ္မ နှလုံးသွင်း ငြိမ်းချမ်းပါစေ ၊ ကျန်းမာ အသက်ရှည်ပါစေ ချစ်သော အမေ။)

Monday, July 2, 2012

သမီးလေး ဟေမာ နှင့် အပြင်သွားခြင်း ( East Coast )

ရုံးပိတ်ရက်တွေမှာတော့ တပတ်လုံးလုံး အိမ်ထဲမှာ ပျင်းနေမဲ့ မိဘ တွေ နဲ့ သမီးလေး ဟေမာ့ ကို အပြင်ပို့ ပေး ဖြစ်ပါတယ် ။

 သွားစရာ နေရာ ရှားပါးလှ တဲ့ စင်္ကာပူ ကျွန်းလေး မှာ စင်တိုဆာ ကျ ဝေးလဲဝေး ပင်လဲပင်ပန်း ဆိုတော့ တခေါက်အပြင် နောက်တခေါက် မသွားချင်ဘူးပေါ့ ။ ရှော့ပင်းမော ကို သွားတော့လဲ ဆူညံနေတဲ့ လူအများကြီး ကြား လူကြီးမိဘ တွေ နဲ့ ကလေး အတွက် က အမြင်ထူးဆန်းပေမဲ့ Relax တော့ မဖြစ်ဘူး ။လူကြီးတွေ ဆိုတော့ ညောင်းလဲ ညောင်းတာပေါ့လေ ။

မယ်သံ တို့ အိမ်က အရှေ့ဘက်ဆိုတော့ East Coast နဲ့ လဲ နီး၊ ရောက်ရင် လူကြီးတွေ လဲ  ပင်လယ် ကြီးရော စက်ဘီးစီးတဲ့ သူတွေ ရော စားကြ သောက်ကြတဲ့ လူတွေ ရော ကို အဝေး က လှမ်းငေးလိုက် ၊ အိမ်က သယ်လာတဲ့ လဘက်လေးစားလိုက် ၊ မုန့်လေး စားလိုက် ၊ ကော်ဖီလေးသောက်လိုက် ၊ ဖုန်းထဲ က သိချင်းလေးဖွင့် နားထောင်လိုက် ၊ ညောင်းရင် ပင်လယ်စပ် ဘက် လမ်းလေးလျှောက်လိုက် ၊ ပြီးရင် ခုံလေး တွေ မှာ ပြန်ထိုင်နားလိုက် နဲ့  အဆင်ပြေလှ တဲ့ အပြင် ၊ ဟေမာ လေးကလဲ သဲတွေ နဲ့ဆော့လိုက် ၊ ရေစပ်ကို ဆင်း ပြီး လှိုင်းတွေ က သူ့ကို လာပုတ် ရင်  အော်ဟစ် ရယ်မောလိုက် ၊ တခြားကလေးတွေ ဆော့ကစားတဲ့ ဆီ သွားရှူပ်လိုက် နဲ့ အဆင်ပြေ လှ တဲ့ အတွက် ခဏ ခဏ သွား ဖြစ်ပါတယ် ။ ( မယ်သံ့ အတွက် အကုန်အကျ သက်သာ တာလဲ ပါတာပေါ့လေ။)

အိစ်ကုတ် အသွား ဘတ်စ်ကား စီးတော့လဲ သမီး က အပြင် ကို ငေး လို့..

ဘတ်စ် ကားက ဆင်းပြီး ကမ်းခြေအသွား ရေလွှာ စကိတ်စီးတဲ့ နေရာ ကိုဖြတ်ရတယ်။

သမီး လား ဟင့်အင်း တွန်းလှည်းပေါ် မှာ မနေချင်ပါဘူး  ။ သမီး လဲ လမ်းလျှောက်မှာပေါ့ ။ ဖေဖေ သမီး ကို စောင့်ခေါ်ပေးပါနော်...:D

လမ်းမှာတွေ့တဲ့ မမ တွေ နဲ့လဲ ဓါတ်ပုံ တွဲရိုက်ချင်သေးတာ ....:D

ဖေဖေ နဲ့ အတူတူ ကစားမယ်...း)))

သမီးလေး တယောက်ထဲ လဲ ကစားမယ် ...း))

မေမေ့ အလစ် ဟိုဘက်မှာ ကစားနေတဲ့ သူတွေ ဆီ သွားဦးမှ ..

ရေထဲ ဆင်းရတာ ကိုလဲ သမီးပျော်တယ်..

မေမေ က မောပြီ သမီးလေးရေ  တဲ့ ။

တက်ကြွ တဲ့ သမီး က ရှေ့ဆုံးက ...း)))
အ၀တ်အစား လဲ ပြီး စက်ဘီးစီး ကြမယ် တဲ့ ။

                        သမီး ရေ ဟိုမှာ ဟိုမှာ ရဟတ်ယာဉ် ကြီး အလံကြီး သယ်လာတယ် တဲ့

ဗိုက်ဆာပြီ ....စားတော့ ၀ါးတော့မယ် ...း)

ကမ်းစပ် က ရဲတိုက်ကြီး..။

ဒါ က နောက်တမျိုး လိပ်ကြီးလဲပါ တယ်။

မိဘ တွေ ကလဲ အေးအေးလူလူ လဘက်လေးစားလိုက် ၊ စကားလေး ပြောလိုက် ။ သမီးလေး  ကလဲ ပျော်လိုက်တာ၊ ပင်လယ်ရေ တွေ ထိတော့ အသားတွေ စပ်ဖျဉ်းဖျဉ်း နဲ့ ဟေမာ ရေဆော့ပြီး ခန နေရင် ယားတော့ စပ်တော့ မှာဘဲ လို့ စိတ်ပူနေခဲ့ ပေမဲ့  သူကတော့ ဘာမှ မဖြစ် အေးအေးဆေးဆေး ပျော်လို့ ဆော့လို့ပါဘဲ  ။