[X] Choose Font Here

Saturday, July 9, 2011

အမေတို့ စဉ်းစားစရာ (ကျားမေမေရဲ့ တိုက်ပွဲတေးသံ)



ဘုရားရေ ပြင်းထန်လွန်းလှပါလား............................................................................................................................

ကျားမေမေရဲ့  တိုက်ပွဲတေးသံ တဲ့
http://www.maukkha.org/index.php?option=com_content&view=article&id=1486:2011-07-06-02-44-31&catid=92:library-&Itemid=386
သမီးလေးကို ကိုယ်ဝန်ဆောင်ချိန်မှာ အလုပ် ၂ ခု လုပ်တော့ အရမ်း stress များခဲ့တယ် ။
ဒီကာလတွေမှာ မမြင်ရသေးတဲ့ ကလေးလေးအတွက် ဆုတောင်းမိတာက ကျန်းကျန်းမာမာနဲ့  အေးချမ်းပြည့် စုံတဲ့ဘ၀လေး ရဘို့ ပါဘဲ ။
ထေရ၀ါဒ ဗုဒ္ဓဘာသာ တရားကို ရင်ထဲမှာကိန်းအောင်းပြီး ကျင့်ကြံအားထုတ်နိုင်သူတယောက်ဖြစ်စေချင်တာပါဘဲ ။

သမီးလေး ကိုမွေးတာ မြန်မာမှာဆိုတော့  လက်တည့်စမ်းချင်သူတွေကအများသား။
မျက်ခုံးမွှေးဆွဲမတဲ့ ။ မျက်တောင်ရိတ်မယ်တဲ့၊ နှူတ်ခမ်းကို ဖိပေး ။ ချေထောက်ကို ဆန့် ပေး ၊ ကတုံးရိတ်ပေး .........................................


မလုပ်ပါနဲ့  သမီးလေးနာလိမ့် မယ် ထိခိုက်မယ် ...ပြန်ပြောတော့  အမေ (သမီးအဘွား) က ညီးတို့ တုန်းကလဲ ဒီလိုဘဲလုပ်ပေးလာတာ .ခု ဘာဖြစ်လဲ ကျိုးသလားကန်းသလား လူစဉ်မမှီလားတဲ့ ပြန်မေးတယ် ။
ဒီလိုတော့ လဲမဟုတ်ဘူးပေါ့  ဒါပေမဲ့  သမီးလေးကို အရမ်းအလှကြီးလဲ မဖြစ်စေချင်ဘူးလေ သာမန်လေးဘဲ ပေါ့ (သာမန်မိဘကမွေးတာဘဲလေ)လှရင်လှတဲ့  ဒုက္ခ ရှိတယ် ။ ရုပ်ရှင်မင်းသမီးတို့  မယ်တို့ လုပ်မှာမှ မဟုတ်တာ ၊လုပ်လဲ မလုပ်စေချင်ပါဘူးလေ ။ လောဘ ဒေါသ နည်းပြီး အေးချမ်းတဲ့ ဘ၀လေး ရစေချင်တာ ..လို့  ပြောတော့ 
အားလုံးက ဤထ္ထိရူပံ ဓနံ တဲ့ သမီးလေးကိုလှအောင်တတ်နိုင်သမျှ ပြုပြင်ပေးခြင်းဟာ သူ့ ရဲ့ ဓနကို တတ်နိုင်သလောက်ဖြည့် ပေးတာဘဲလို့ ဝိုင်းပြောကြတယ် ။


ကိုယ်က ဒီလိုဖြစ်စေချင်ပေမဲ့  သူကဒီလိုဖြစ်ချင်ဦးမှကိုး ။ အရွယ်ရောက်လာတဲ့ အခါ သူဘာဖြစ်ချင်တယ်ဆိုတာ သူ့ ဟာသူ ရွေးချယ်မှာပါ ။ အဲဒီ အချိန်မှာ ရွေးချယ်မှူ လမ်းကြောင်းမှားခဲ့ ရင် လမ်းမှန်ကိုနားလည်စေဘို့  ဆွေးနွေးရမှာ ၊ မှန်ခဲ့ ရင်လဲ အဲဒီလမ်းကြောင်းပေါ် သက်တောင့် သက်သာလျှောက်နိုင်စေဘို့  ပံ့ပိုးပေးရမှာ သာ မိဘတာဝန်ပါ ။ ဒီကြားထဲမှာတော့တတ်နိုင်သမျှ အကောင်းဆုံး ဖြစ်အောင်လုပ် ပေးရမှာ တဲ့ ။

ခု ကျားမေမေ ရဲ့ တိုက်ပွဲတေးသံကိုဖတ်ပြီး ပြင်းထန်လွန်းလှတာ ကို သဘောမတွေ့ ပေမဲ့
အေမီ က “ကြီးမားတဲ့ အောင်ပွဲအတွက် စည်းကမ်းတင်းကြပ်ခဲ့တာလို့ ကျမမြင်တယ်။ ကျမမိဘတွေက ကိုယ့်စည်းကိုယ့်ကမ်းနဲ့ (self-discipline) နေတတ်အောင် သင်ပေးတယ်။ ကလေးဘ၀မှာ ရွေးချယ်စရာများများ မရှိအောင် ကန့်သတ် ချုပ်ချယ်မှုခံရတာဟာ ကျမကြီးလာတော့ ရွေးချယ်စရာတွေအများကြီး ရှိလာအောင် မိဘတွေက လုပ်ပေးခဲ့တာလို့ ထင်တယ်။ အခု ကျမချစ်တဲ့အလုပ်ကို ကျမ ရနေတယ်”
ဆိုတဲ့ စကားကိုတော့  တွေးတောစဉ်းစားမိပါတယ် ။

သမီးလေးကို သူလိုချင်တဲ့လမ်းကြောင်းပေါ်ရောက်အောင် ဘ၀မှာရွေးချယ်ပိုင်ခွင့် တွေများအောင် ဆိုပြီး ကိုယ်ကကောင်းတယ်ထင်တဲ့ လမ်းကြောင်း တခုပေါ်ေ၇ာက်အောင် စည်းမျဉ်းစည်းကမ်းတွေနဲ့  တင်းကျပ် သင့်ပါရဲ့လားးးးးးး

ကျမ ဘ၀ မှာ နောင်တ ရစရာ တခါ တော့ဖြစ်ခဲ့ ပြီးပြီ ။
သားလေးတယောက်မွေးခဲ့ တဲ့အတွက် သူကြီးလာတဲ့အခါ သူ့ ရဲ့လိုအင်ဆန္ဒတွေကို မဖြည့်ဆီး ပေးနိုင်မှာစိုးလို့ ဆိုပြီး ၁၉ လသားအရွယ်သူ့ ကိုထားခဲ့ပြီး စလုံး ကိုလာပြီးအလုပ်လုပ်ခဲ့တာ..............တနှစ်အကြာမှာ ဆုံးသွားခဲ့တယ်။
မဆုံးခင် အဲဒီတနှစ်ကာလအတွင်းမှာ သူဟာ မအေ ကို လွမ်းဆွတ်နေခဲ့ရတယ် ။ အဲဒီ အချိန်မှာတော့ သူလိုချင်တာ အမေ ပါဘဲ ။
ကျမ ဟာ ဗုဒ္ဓ ဘာသာပေမဲ့ မိရိုးဖလာ သဘောမျိုး မို့  အနိစ ဆိုတဲ့ သဘောကို မဆင်ခြင်မိဘူး ။

အနာဂတ်ကိုမှန်းမျှော်ပီး သူ့ အတွက်ရယ်လို့  လုပ်ခဲ့  ပေမဲ့  သူ့ အတွက်ရယ်လို့  ဖြစ်မသွားခဲ့ဘူး ။


အခုသမီးလေးအလှည့် ကျတော့ရော ...

အရမ်းငယ်လေးလို့  မိဘ နဲ့ အတူထား ပြုစုမယ်ဆိုပေမဲ့ မလုပ်မဖြစ် အလုပ် လုပ်ရတဲ့ ကျမ ၊ သမီးလေးအတွက် အချိန်အများကြီးမပေးနိုင်ဘူး။း(

ဒီမှာ အစစအရာရာ စားရိတ်ကြီးလို့  များများစုဆောင်းမထားနိုင်တဲ့အခါ သမီးလေးကြီးလာလို့  သူဆန္ဒရှိသလောက်ဖြည့် ဆည်းမပေးနိုင်တဲ့အခါ

သမီးလေး မျက်နှာငယ် ၀မ်းနည်းရမှာလား ။

ဘာဘဲဖြစ်ဖြစ် သမီးလေးကိုခွဲထားဘို့ မစဉ်းစားတော့ပါဘူး ။

ကိုယ့် ခွန်အားရှိသလောက်ကြိုးစားမှာပါ ။

သမီးလေးနဲ့  အနီးကပ်နေပြီး သူ့ ရဲ့လိုအင်ဆန္ဒတွေကို ကောင်းသောလိုအင်ဆန္ဒတွေအဖြစ် လမ်းကြောင်းမှန်အောင် ဖေးမထိန်းတတ်အောင် ၊ ကောင်းသောလိုအင်ဆန္ဒများ ပြည့် ဝအောင် သူကြိုးစားတဲ့အခါ အနားမှာ လိုအပ်တာတွေကို ဖြည့်ဆည်းပေးနိုင်တဲ့ သူတယောက်ဖြစ်အောင် ကိုယ်တိုင်အရင်ကြိုးစားရမှာပါ ။

သမီးလေး ကို ကောင်းသောစိတ်ထားရှိပြီး အေးချမ်းမှူကို မြတ်နိုးကာ တရားဓမ္မ မှာမွေ့ လျော်တတ်သူဖြစ်အောင် အယင်ဆုံး ကျမကိုယ်တိုင် ကျင့် ကြံကြိုးစားရမယ် မဟုတ်ပါလားရှင် ။

3 comments:

  1. ကလေးကို ခြေထောက် မခွင်အောင်၊ နှာတံမတိုအောင်၊ အနံအသက်ကောင်အောင်၊ အရပ်ရှည်အောင် အဲလိုပဲပြုပြင်ပေးလို့  ရတယ်လို့  မဟာဂန္တာရုံဆရာတော် ဘုရားက ဘုရားဟောတွေကို ညွှန်ပြပြီး ပဋ္ဌါန်းဘာသာပြန်မှ ရေးထားတာ ဖတ်ရဘူးတယ်။ ဒါက တော့ မိဘတွေက ပြုပြင်ပေးတာပေါ့။ ဒါကြောင့် သိပ်မစိုးရိမ်ပါနှင့်။

    ReplyDelete
  2. ခလေးတွေကို သိပ်တင်းကျပ်လွန်းတာလဲ မကောင်းဘူး။ သိပ်ပေါ့လျော့လွန်းတော့လဲ ကြီးကာမှ ဆုံးမမရမှာကြောက်ရတယ်။ မလျှော့မတင်း စောင်းကြိုးညှင်း။ ပုံမှန်ငြင်ငြင်သာသာလေးပဲကောင်းပါတယ်မယ်သံရေ။
    ငယ်တုံးမှာ လွတ်လွတ် လပ်လပ်ပျော်ရွှင်ကြပါစေ။

    ReplyDelete
  3. မယ်စောရေ ကလေးကို ခြေထောက်နှာတံ ဘာမှပြင်မပေးမိပါဘူး ။ကလေး နာမှာစိုးတာရော၊ပြင်လို့  ချွန်းသွားမှာစိုးတာရောပေါ့ ။
    ဟုတ်ကဲ့ မမရေ ။ မမတို့ ဘလော့တွေ လာဖတ်ပြီးဘဲ နည်းယူရတာပါဘဲ ။မမ ကတော့ အတော့်ကို လုပ်ပေးနိုင်တယ်နော် ။ ဦးခြိမ့်နဲ့ ဂျူဂျူ ကံကောင်းထှာ ။

    ReplyDelete